အကျင့်

on Sunday, November 22, 2009

တောရွာလေး တစ်ရွာမှာပေါ့.. “အကျင့်” နဲ့ ပက်သက်လို့ ဆုံခဲ့ ကြုံခဲ့တာလေး မျှဝေချင်တာနဲ့ ရေးလိုက်တာပါ.. ဗဟုသုတ ရမယ်လို့လည်းထင်ပါတယ်.. လူနှစ်ဦးရဲ့ စကားပြောဟန်ကို သရုပ်ဖော်ထားတာဖြစ်လို့.. စာဖတ်သလို မဖတ်ပဲ စကားပြောဟန်နဲ့ ဖတ်မယ်ဆိုရင် သရုပ်ပေါ်မယ်လို့ ထင်ပါတယ်.. သရုပ်မပေါ်ခဲ့ဘူးဆိုရင်လည်း ကျနော် ပေါက်ကရအတွေအပိုင်းအစများရဲ့ ညံ့ဖျင်းမှုကြာင့်လို့ ရဲရဲကြီး အာမခံပါတယ်..

*****************

“ဟဲ့.. “မေမှုန်”.. ညည်းကတော့လေ ယောက်ျားရတာ ကံကောင်းလိုက်တာအေ.. ခုခေတ် ယောက်ျားတွေက သိပ်ပြီးယုံရတာ မဟုတ်ဘူးအေ.. လူကိုကြည့်တော့ အေးမလိုလိုဘာလိုလိုနဲ့ မခုတ်တတ်တဲ့ကြောင်လိုပေါ့.. သေချာအတွင်းကျကျ လေ့လာကြည့်တော့မှပဲ တကယ့်ကျား ဖြစ်နေတာ.. ငါတို့ မိန်းမသားတွေမှာလည်း အဲလိုနဲ့ ခံခဲ့ရတာများတယ်.. တစ်ခါတစ်လေ မိန်းမမာယာက စွမ်းပေမယ့် ယောက်ျား ပရိယာယ်ကို မမှီပြန်ဘူး “မေမှုန်” ရယ်..”..

“ဟုတ်တော့ ဟုတ်ပါတယ် ကြီးမေရယ်.. ဒါပေမယ့် “မေမှုန်” လည်းလေ မိဘ သဘောတူလို့သာ ယူလိုက်ရတာ “ကိုအောင်” အကြောင်းကို သေချာသိတာ မဟုတ်ဘူး ကြီးမေ..”

“ပူပါနဲ့အေ..“မောင်အောင်” ဆိုတာက.. ဟော.. တစ်ရွာလုံးသိ.. ရိုးတာမှလေ ပါစပ်ထဲ လက်ထည့်တာတောင် ညည်း “မောင်အောင်” က ကိုက်မယ်မထင်ဘူးအေ.. ညည်းမယုံရင် သွာထည့်ကြည့်ပါလား.. ခိခိခိ..”

“ကြီးမေနော် ကြီးမေ.. ဘာလို့သွားထည့်ရမှာလဲ.. သွားထည့်လို့ ဟိုက ကိုက်လိုက်မှဖြင့် မလက်တို ဖြစ်နေအုံးမယ် ကြီးမေလက် သွားထည့်ကြည့်ပါလားလို့..”..

“မေမှုန်ရယ်.. ညည်း “မောင်အောင်” လို ဥစ္စာပေါ ရုပ်ချော ရိုးရိုးအအ မခုတ်တတ်တဲ့ကြောင်လို ယောကျာင်္းမျိုးရဲ့ ပါးစပ်ထဲ နင်သာခွင့်ပြုမယ်ဆိုရင်လေ.. လက်တစ်ချောင်း မပြောနဲ့.. ဟောလို.. ဟောလို.. ဟော့ဒီလို.. ဟော့ဒီလို လက်တစ်ချောင်းမက နှစ်ချောင်း.. သုံးချောင်း.. လေးချောင်း.. (((((((အိုးး))))))) ကြီးမေ.. တစ်ကိုယ်လုံးသာ ပစ်ဝင်ပလိုက်မှာအေ..”..

“ဟာာာာ.. ကြီးမေက ဘာမှန်းလဲမသိဘူး.. ပြောလိုက်ရင် အမြဲတမ်း အဲလိုပဲ”..

“ကြီးမေ တကယ်ပြောတာပါအေ.. ကြီးမေသာလေ.. ခုနေ အသက် အစိတ်(၂၅)လောက် ပြန်ငယ်သွားကြည့်.. ဟော.. ညည်း “ကိုအောင့်” လို ယောက်ျားမျိုး ရလို့ကတော့.. ဟင်း.. ခုနကပြောသလိုကို လုပ်ပစ်လိုက်မှာ..”

“ဒါဆို ကြီးမေရဲ့ “ဦးစိန်” ကြီးကရော.. မကောင်းလို့လား ကြီးမေရဲ့..”..

“တော်ပါအေ.. အိမ်က ဒီကာလနဂါးအကြောင်း မပြောပါနဲ့.. တစ်နေ့တစ်နေ့ အိပ်ဖို့နဲ့ စားဖို့လောက်ပဲသိတာ ညည်း “ဦးစိန်” အကြောင်း ညဉ်းသိသားနဲ့.. စားပြန်ရင်လည်း ကြီးမေအတွက် မကျန်အောင်ကို စားတာ.. အိပ်ရင်လည်း အဲလိုပါပဲအေ.. လူကသာအိပ်တာ.. ညည်း “ဦးစိန်” ပါးစပ်က အိပ်တာမဟုတ်ဘူး.. တဖူးဖူး.. တရှူးရှူးနဲ့ မှုတ်နေတာ.. တစ်ခါတစ်ခါများဆို အသက်ငင် သလိုမျိုး ခခခခခခေါခလူး.. တစ်ခါတစ်ခါ မော်တော်ခုတ်သလိုမျိုး ဖလူးတူးတူတူးတူးနဲ့.. ပြီးတော့.. ပါးကဖောင်းလာလိုက် ပြန်ပိန်သွားလိုက်.. နှုတ်ခမ်းက ထော်တက်လာလိုက် ပြန်စေ့လိုက်နဲ့ မရိုးနိုင်ပါဘူးအေ..”..

“ကြီးမေပဲ အရင်က ပြောခဲ့တယ်လေ.. ညည်းတို့ ကြည့်ထားကြ.. ညည်းတို့ ယောက်ျားယူရင် “ဦးစိန်” လို ယောက်ျားမျိုး ရွေးဆို.. ခုတော့ ဘယ်လိုဖြစ်တာလဲ ကြီးမေရဲ့..”..

“ဩော်.. “မေမှုန်” ရယ်.. ကြီးမေလည်း ဘယ်သိမလဲအေ.. ညည်း “ဦးစိန်” နဲ့ ကြီးမေက ညည်းလိုပဲလေ.. မိဘချင်း သဘောတူ ပေးစားတာဆိုတော့ သေချာတော့ ဘယ်သိမလဲအေ့.. မညားခင်ကဆို ညဉ်း “ဦးစိန်” က အတော့်ကို ရှက်တတ်တာအေ.. ကြီးမေရှေ့မှာများ လမ်းဖြတ်လျှောက်ရင်လေ.. ဘယ်ခြေကို အရင်လှမ်းရမလို.. ညာခြေကို အရင်လှမ်းရမလိုနဲ့.. “ပုဆိုးတွေတုပ် ခြေထောက်ခြင်းခုပ်လို့”.. ခိခိ.. လုံချည်ကျွတ်ပြီး မလဲရုံတမင်ပါ “မေမှုန်” ရယ်..”..

“ဩော်.. ကြီးမေကလည်း “ဦးစိန်” ကြီးက ကြီးမေကို ချစ်ရှာပါတယ်.. သဘောလည်း အရမ်းကောင်းတယ်.. ခုပဲ ကြည့်လေကြီးမေရဲ့.. သူများတွေကို စေတနာပါပါနဲ့ ကူညီတတ်တာရယ်.. ပြီးတော့.. ကြီးမေကို အရမ်းချစ်တော့ ကြီးမေ ဘာပြောပြော ပြန်မပြောဘူး.. ချစ်လို့ အနစ်နာခံတာပေါ့ ကြီးမေရဲ့.. ခိခိခိ..”..

“ညည်းပြောတာ ဟုတ်တော့လည်း ဟုတ်ပါတယ်အေ.. ဒါပေမယ့် ဘာပြောပြော ပြန်ခံပြောကြည့်ပါလား.. အနစ်နာမခံကြည့်ပါလား.. ဒင်း.. ပါးရှစ်စိတ်ကွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းသွားရမှာ.. ကြီးမေအကြောင်း ညည်း “ဦးစိန်” က သိလို့ ခုလို ဘာမှပြန်မပြောပဲ အနစ်နာခံပြီး.. ငြိမ်နေတာ.. ကြီးမေကို ချစ်လှတယ်လို့တော့ ညည်းမထင်နဲ့..”..

“ယောက်ျားပရိယာယ်ဆိုတာ အဲဒါပေါ့အေ.. ပရိယာယ်သုံးထားတာ သိလျှက်သားနဲ့ ကြီးမေတို့ မိန်းမသားတွေမှာ အဲဒီ ပရိယာယ်မြစ်ထဲ မျောပါနေကြတာ.. ဟင်း.. စတွေ့တုန်းကတော့ ဝတ်တာ စားတာကစ ပြောဆို ဆက်ဆံတာ နေတာထိုင်တာ.. သွားတာလာတာအဆုံးပေါ့အေ.. တွေ့သမျှ ယောက်ျားလေးတွေထဲမှာ ညည်း “ဦးစိန်” က အတော်ဆုံးပဲအေ.. အရင်က အဲလို ချီးကျူးစရာ ဖြစ်ခဲ့သလောက်.. ခုနေများ ကဲ့ရဲ့စရာ အကောင်းဆုံးလို ဖြစ်နေပြီး “မေမှုန်” ရယ်.. အဲဒါကြောင့်ပြောတာအေ.. ယောက်ျားတွေများ သူတို့ မရခင်တုန်းက တစ်မျိုး.. ရပြီးတော့ တစ်မျိုးဆိုတာလေ.. မရခင်ကတော့လေ ရိုးလိုက်တာ.. ရိုးလိုက်တာ.. ရပြီးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ.. ပြီးတော့ သူတို့ယောက်ျားတွေ.. ပါးစပ်ကပါ ပြောလိုက်သေးတယ်.. မိန်းမမာယာ သဲကိုဖြာတဲ့.. ကြီးမေတို့က သဲကိုဖြာပဲရှိတာ.. သူတို့တစ်တွေကြတော့လေ ယောက်ျားပရိယာယ် သောင်တစ်ပြင်လုံး.. အဲလိုပြောရမလို ဖြစ်နေတာအေ.. အဲဒါကြောင့်ပြောတာ “မေမှုန်” ရယ် ညည်းလေ “မောင်အောင့်” လို ယောကျော်းမျိုးရတာ ကံကောင်းတယ်..”..

“ဒါ.. ဒါ.. ဒါ.. ဆိုရင် “ကိုအောင်” က.........
..............................................................
..............................................................
.............................................................,

“ဩော်.. “မေမှုန်” ရယ်.. ညည်းရဲ့ ချစ်ကိုကို “မောင်အောင်” က အဲလို ယောက်ျားမျိုး မဟုတ်ပါဘူး.. ကြီးမေ ကြည့်လိုက်တာနဲ့ သိတယ်.. ကြီးမေ လူကဲခတ် မညံ့ပါဘူးအေ.. ညည်းမပူပါနဲ့..”..

သုံးလခန့် ကြာလေသောအခါ.. ဒန်.. ဒန့်.. ဒန်.. ဟန်ဟန်..

“ညည်းကလည်းနော်.. နေနိုင်လိုက်တာ “မေမှုန်” ရယ်.. ယောက်ျားရပြီးကတည်းက ကြီးမေဆီကို တစ်ခါမှ မလာတော့ဘူးအေ.. ညည်းကလည်းလေ.. မရခင်တစ်မျိုး ရပြီးတစ်မျိုးပဲ ထင်ပါတယ်အေ.. “မောင်အောင်” ကောင်းကြောင်း မင်းသိသွားပြီပေါ့လေ”.. ခိခိခိ..

“ဟာာာာ.. ကြီးမေကလည်း.. ဘာတွေ ပြောနေမှန်းမသိဘူး သတိရလို့ လာလည်တာကို..”..

“ကြီးမေ ဘာပြောလို့လဲ.. ညည်းကလည်း ပေါက်ပေါက်ရှာရှာ မတွေးစမ်းပါနဲ့အေ.. “မောင်အောင်” ရဲ့ ရိုးသားပြီး ကြိုးစားတာကို ပြောတာပါအေ.. ဟုတ်တယ်မှတ်လား..”..

“အာာာာ.. ကြီးမေနော်.. အဲလိုသာ ဆက်ပြောမယ်ဆိုရင် “မေမှုန်” ပြန်တော့မယ်နော် ကြီးမေ..”..

“အေးပါ.. “မေမှုန်” ရယ်.. ကြီးမေက “မေမှုန့်” ကို ချစ်လို့စတာပါအေ.. ဒါနဲ့ မေးရအုံးမယ်.. ညည်းက ယောက်ျားရပြီး ဘယ်လောက်မှ မကြာသေးဘူး.. ဘာဖြစ်လို့ တအားပိန်သွားရတာလဲ.. ညည်းကိုကြည့်ရတာ အစားအသောက် ပျက်ပုံလည်း မပေါ်ဘူး.. ယောက်ျားနဲ့ အဆင်မပြေတာလည်း မဖြစ်နိုင်ဘူး.. စိတ်ဆင်းရဲလို့ ဆိုပြန်ရင်လည်း မဖြစ်နိုင်ဘူး.. ဖြစ်နိုင်တာ တစ်ခုပဲရှိတာ ညည်း.. အိပ်ရေးပျက်လို့ပဲ ဖြစ်ရမယ်.. ပြောစမ်း.. ပြောစမ်း.. “မောင်အောင်” က ညည်းကို ညညကျ ဘာတွေ ဘယ်လိုလုပ်လဲ ပြောစမ်းပါအေ.. ငါ့တူမကို ညည မအိပ်နိုင်အောင် ဒင်း.. ဘာညာသာရကာလုပ်လို့ကတော့.. ကြီးမေအကြောင်း သိသွားမယ်.. ကြီးမေတဲ့ (((ဟေ့))).. တစ်မေထဲရှိတာ..”..

“တိုးတိုးပြောစမ်းပါ ကြီးမေရာ.. သူများတွေ ကြားသွားရင် တစ်မျိုးထင်နေပါအုံးမယ်..”..

“အိုးး.. ထင်ချင် ထင်စမ်းပါစေအေ.. မှန်တာပြောတာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး.. ညည်း.. ပြောမှာသာ ပြောစမ်းပါအေ”

“ဟုတ်တယ် ကြီးမေရာ.. “ကိုအောင်” ကလေ ညညအိပ်ရင် တအားဟောက်တာ.. “မေမှုန်” ဘယ်လိုမှကို အိပ်လို့ မရဘူး.. ကိုယ့်ယောက်ျားဆိုတော့လေ.. ဘယ်ပြောရက်မလဲ.. နော်ကြီးမေ.. ချစ်တာဆိုတော့လည်း နှိုးလိုက်လို့.. သူများ နိုးသွားခဲ့ရင် အိပ်ရေးပျက်မှာစိုးလို့ မနှိုးပဲ “မေမှုန်” တစ်ယောက်ထဲ ထထထိုင်နေရတာ.. “မေမှုန့်” အပေါ် “ကိုအောင့်” အချစ်လျော့သွားမှာလည်း စိုးလို့ပါ ကြီးမေရာ.. အဲဒီချိန်မှာ နှိုးလိုက်ရင် သူ စိတ်ဆိုးမယ်ထင်တယ်.. နော်.. ကြီးမေ..”..

“အောင်မယ်လေး.. “မေမှုန်” ရယ်.. ညဉ်းအဖြစ်ကလည်းလေ ကြီးမေအဖြစ်နဲ့ နှစ်ကိုယ်ခွဲပါပဲလား.. တူတာမှလေ ချွတ်စွတ်ပါပဲလားအေ.. မရခင်ကသာ မင်းကို ဘာညာပြောမှာ.. ခုနေခါများ နှိုးလိုက်လို့ကတော့ ညဉ်းမျက်နှာမှာ လက်ဝါးစင်းရာတို့.. ကွမ်းသီးဖုတို့ ထသွားလိမ့်အေ.. ယောက်ျားတွေများ အအိပ်အနေနဲ့ ပတ်သက်လို့ မရဘူး.. ညည်းသာ သွားနှိုးလိုက်လို့ကတော့.. မလွယ်ဘူးသာမှတ် “မေမှုန်” ရေ..”..

“ဒါနဲ့..“မေမှုန်” ကို ကြီးမေတစ်ခု ပြောပြမယ်..“အစတော့ နဲနဲကျပ်မယ်.. ကြာတော့လည်း ချောင်လည်သွားရော” ဆိုသလိုပေါ့အေ

“ဟာာာ.. ကြီးမေစကားက ဘာစကားကြီးလဲ..”..

“အော် “မေမှုန်” တို့က ခုမှ ညာခါးစဆိုတော့.. သူ ညညအိပ်ရင် ဟောက်တာကို ဘယ်ခံနိုင်ရည်ရှိမလဲ.. ကိုက ချစ်လို့ သည်းခံတာကိုး.. အနေအထိုင် ကျပ်တာပေါ့အေ.. နောက်တော့လည်း အဆင်ပြေသွားမှာပါအေ.. တွေးမပူပါနဲ့.. ညည်း “ဦးစိန်” တုန်းကလည်း အဲလိုပဲ.. ကြီးမေ ပြောတယ်မှတ်လား ညညအိပ်ရင်လေ.. ဟောက်တာ.. ဟာက်တာ အသက်ငင်နေ သလိုလို.. သဘောင်္တစ်စီး ခုတ်မောင်းနေ သလိုလိုလေ.. ဘယ်လိုမှ အိပ်လို့ကို မရဘူး.. ဟော.. ခုတော့လည်း.. အဲဒီဟောက်သံကို မကြားရရင် အိပ်မပျော်ဘူး “မေမှုန်” ရေ.. ဘာတဲ့.. ခုခေတ် နာမည်ကြီးနေတဲ့ စိုင်းစိုင်းလားရှိုး ဆိုလား.. ဘာဆိုလား.. နောက်.. စကားပြောသလို ရန်ဖြစ်သလိုလိုနဲ့ သီချင်းဆိုတဲ့.. အနာဂါတ် ဆိုလား.. နောက်.. ရေကဗျာဝင်း ဆိုလား.. ရေပက်ရင်ဝင်း ဆိုလား.. ဘာဆိုလား.. နောက်.. ရှိပါသေးတယ်အေ.. အဆိုရောအသံပါ အရမ်းကောင်းတဲ့ ဟို.. ဟိုအဆိုတော်လေ.. Rလွန်းဝါ ဆိုလား.. Lဇာနည် ဆိုလား.. အဲဒီအဆိုတော်တွေနဲ့ လဲမယ်ဆိုရင်တောင် ညည်း “ဦးစိန်” နဲ့ မလဲနိုင်ဘူးအေ..”..

“အဲဒီ အဆိုတော်တွေက ညည်း “ဦးစိန်” လိုမျိုး ဟောက်တတ် ပ့ါမှာလား.. တတ်မှာမဟုတ်ဘူးအေ.. သူတို့ရဲ့ သီချင်း အသံနဲ့ ညည်း “ဦးစိန်” ဟောက်သံနဲ့ ကြီးမေတော့ မလဲနိုင်ဘူး “မေမှုန်” ရေ.. ဒါ.. “အကျင့်” ပဲအေ.. တစ်ခါတစ်ခါ ဟောက်သံမကြားလို့ အသက်မှ ရှူသေးရဲ့လားဆိုပြီး နှာခေါင်းပေါက်ဝက လေဝင်လေထွက် ရှိမရှိ ထထစမ်းရတယ် “မိမှုန်” ရေ.. အခုတော့လည်း အကျင့်ဖြစ်နေလို့.. ညညအိပ်ရင် ညည်း “ဦးစိန်” ရဲ့ သံစဉ်ချိုမြတဲ့ တေးသွားတွေနဲ့ အိပ်ရတာ အဆင်ပြေလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ခိခိ..”..

“ညည်းလည်း အကျင့် ဖြစ်သွားရင် ကြီးမေလိုပဲနေမှာ.. “ကိုအောင်” လုပ်ပါအုံး.. အဲ.. ကြီးမေမှားလို့.. “ကိုအောင်” ရေ ဟောက်ပါအုံး.. “ကိုအောင်” ရေ ဟောက်ပါအုံး.. ဆိုပြီး ညည်း “ကိုအောင်” က မဟောက်နိုင်လို့ ထွက်ပြေးရမှာကို ကြီးမေတော့ မြင်ယောင်နေမိတယ်.. ပြီးတော့မှ ညည်းလည်းလေ.. ကြီးမေရေ.. “မေမှုန်” လည်း “ကိုအောင့်” ရဲ့ သံစဉ်ချိုမြ တေးသွားတွေနဲ့ အိပ်ရလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ဆိုပြီး “ကျား” ကိုးကောင် စားမကုန်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပါအုံးမယ် “မေမှုန်” ရေ.. ခိခိခိ..”..

ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ကောင်းသောအမူအကျင့်ကို ဆောင်နိုင်ကြပြီး မကောင်းသောအမူအကျင့်ကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ တိုက်တွန်းလိုက်ပါတယ်..။

“အကျင့်” နှင့် ပက်သက်၍ မိမိသိသလို ဟာသဉာဏ်ကွန့်ပြီး ယခုလိုရေးသားတင်ပြခြင်းသည် တစ်စုံတစ်ရာ ရိုင်းစိုင်းမှုများ.. ချွတ်ချော်မှုများ ရှိခဲ့ပါက ကျွန်တော် ပေါက်ကရအတွေးအပိုင်းအစများမှ ညံ့ဖျင်းမှု တစ်ခုသာ ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံလိုက်ရပါသည်။

ပေါက်ကရအတွေးအပိုင်းအစများမှ (စည်သူ)

ကျွန်တော်နှင့်1818

on Thursday, November 12, 2009

ကျွန်တော် အမိမြန်မာပြည်ကနေ စလုံးကို ထွက်ခွါလာစဉ်က.. အူလည်လည် မနူးမနပ် လေးပေါ့.. ဟိုဟာတွေ့ ကြောင်ကြည့်လိုက်.. ဒီဟာ တွေ့ ကြောင်ကြည့်လိုက်နဲ့ပေါ့လေ.. ကျွန်တော်က တောကလာတာ ဆိုတော့ ခန်းနားကြီးကျယ်တဲ့ အဆောက်အဦးတွေ.. Super Market ကြီး တွေကို အရင်က တစ်ခါမှ မတွေ့ဖူး မမြင်ဖူး တာလည်း ပါတာပေါ့ဗျာ..

ထွက်လာတုန်းက ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့.. ဒီလည်းရောက်ရော ပိုးဟပ်တစ်ကောင်ကို တက် နင်းမိလို့ အော်လိုက်တာ ငယ်သံကို ပါတယ်..းP

အဲလောက်ကို သတ္တိကောင်းတာ.. လူကိုတော့ မကြောက်ဘူးဗျ.. အကောင်ပလောင်ဆိုရင် ကြောက်တယ်.. လူကလွယ်တယ်လေ ကိုမနိုင်ရင် တောင်းပန်လိုက် အိုကေသွားမှာပေါ့.. ဟိုအကောင်ပလောင်ကျတော့ မရဘူးဗျ.. အကောင်ရှည်ဆို ပိုဆိုးတယ်.. “ဂွပ်” ကနဲ့ ကိုက် လိုက်လို့ကတော့ “ခေါက်” ကနဲ့ ခွေကျသွားမှာ.. အကြောက်ဆုံးကတော့ မျှော့ပဲ.. တွန့်လိမ် တွန့်လိမ်နဲ့ ပြောရင်း ဆိုရင်းနဲ့တောင် ကြက်သီးထတယ်..းP

အင်ထရိုဝင်နေတာနဲ့တင် စကားလမ်းကြောင်းက ပျောက်ကုန်တော့မယ်.. စလုံးရောက်တော့ သိတဲ့အတိုင်းပဲလေ အရင်ဆုံး ချစ် “ဖေဖေ” နဲ့ ချစ် “မေမေ” ကိုဖုန်းဆက်ရတာပေါ့ဗျာ.. ဖုန်းဆက်ဖို့ကလည်း ဖုန်းက မကိုင်တတ်.. ဘယ်ဟာကို ဘယ်လိုနှိပ်ရမယ်ဆိုတာ မပြောနဲ့ ပါဝါတောင် မအွန်တတ်ဘူး..P

လမ်းဘေးဖုန်းဆို ပိုဆိုးတယ်.. ဒါနဲ့ ကျွန်တော် မသိတဲ့ဟာတွေ.. သိချင်တာတွေအားလုံးကိုတော့ သူငယ်ချင်းကို မေးတာပေါ့.. သူငယ်ချင်းကလည်း ရှင်းပြပါတယ်.. ခက်တာက ကျွန်တော်ကိုက မှတ်ဉာဏ်မကောင်းတာ.. ပြောတုန်းကတော့ အိုကေပေါ့.. ပြီးတော့ သောက်တလွဲလုပ်တာလေ..းP

ဒါနဲ့ ဖုန်းဆက်မယ်ဆိုပြီး လမ်းဘေးဖုန်းကို ကောက်ကိုင်လိုက်တာ.. အဲဒီမှာ ဒုက္ခနဲ့လှလှ စတွေ့တော့တာပဲ.. ကိုယ်က အကြွေစေ့ လဲလာတာ.. အကြွေစေ့ ထည့်တဲ့အပေါက်ကို ဘယ်လိုမှကို ရှာမတွေ့ဘူး.. ရှာတာ.. ရှာတာ.. ချွေးတွေ ပြန်လာတာပေါ့.. ဟိုအပေါက်ထဲထည့် မရ.. ဒီအပေါက်ထဲထည့် မရ.. နောက်တော့မှ အပေါ်မှာ ရေးထားတဲ့စာကို ဖတ်လိုက်တော့.. ဟေဟေးး.. ကဒ်ထိုးထည့်ပြီး ဆက်ရတဲ့ဖုန်းဖြစ်နေတာကို သိတော့တယ်.. အနားမှာ ဘယ်သူမှ မရှိပေမယ့် တောင်ကြည့် မြောက်ကြည့်နဲ့ ကိုယ်ဟာကို ရှက်သွားတယ်..း)

နောက်ဖုန်းတစ်လုံးကျတော့ သေချာကြည့်လိုက်တယ်.. အင်း.. သေချာပါတယ်.. ဒီဟာတော့ အကြွေစေ့ထည့်ပြီး ဆက်လို့ရတဲ့ ဖုန်းပဲ ဆိုပြီး ကျပ်စေ့တစ်စေ့ ထည့်လိုက်တယ်.. ပြီးတော့ နံပါတ်တွေကို နှိပ်တာပေါ့လေ..

တီး တူး ဒေါင် - တော် တော် တူး တူး တီး တောင် ဆိုပြီး နှိပ်လိုက်တာ ဘာသံမှကို ထွက်မလာဘူး.. အသံတွေ ကြားမလားလို့ စောင့်နေတုန်းမှာပဲ.. “ဂလောက်” ဆိုပြီး ကျသွားတယ်.. ကျပ်စေ့ကတော့ ပြန်မထွက်တော့ဘူး.. ဒါနဲ့ နောက်ထက် တစ်စေ့ ထပ်ထည့်ပြီး.. တီး တူး ဒေါင် - တော် တော် တူး တူး တီး တောင်.. ဆိုပြီးထပ်နှိပ်တာ.. ဒီတစ်ခါတော့ တူးးးးးးး တူးးးးးးးး ... တူးးးးးး တူးးးးးး.. ဆိုပြီး နှစ်ချက် လောက်တော့ မြည်လိုက်တယ်.. ပြီးတာနဲ့ ခုနက လိုပဲ “ဂလောက်” ဆိုပြီး ပြန်ကျသွားတယ်..

အဲလိုဖြစ်နေတာကို ဖြတ်သွားဖြတ်လာ လူတစ်ယောက်က မြင်လို့.. “အကို အကို အဲဖုန်းက ပျက်နေတာ ဆက်မရ ဘူးဗျ.. ပိုက်ဆံတွေပဲစားသွားတာ ပြန်လည်း မထွက်ဘူး.. ပြောလို့လည်း မရဘူး တစ်ခြားနေရာကဖုန်းနဲ့ ဆက်ပါ” လို့ပြောလိုက်တော့မှ.. အော်.. ဒါကြောင့် ဒီနေရာက လူရှင်းနေတာကိုး.. သေပြန်ပေါ့ နောက်တစ်ခါ..းP

နောက်ထပ် မဆက်ရဲတော့ဘူးလေ.. ထပ်ဆက်ရင်လည်း ခုလိုမျိုးပဲ ဖြစ်မှာ သေချာတယ်ဆိုပြီး.. မဆက်တော့ပဲ ပြန်သွားလိုက်တယ်.. နောက်တစ်နေ့ကျတော့ သူငယ်ချင်းကို ခေါ်ပြီး

“သူငယ်ချင်း သူငယ်ချင်း”
“ဘာလဲကွ.. ဘာလုပ်ပေးရမလဲ ပြောလေကွာ”
“ငါ့ကို ဖုန်းခေါ်ပေးစပ်းပါ ငါမခေါ်တတ်လို့..”
“ဟာ.. မနေ့က မင်းဖုန်းဆက်တယ်မှတ်လား”
“ဟုတ်တယ်ကွာ.. ငါမခေါ်တတ်လို့ စကားမပြောလိုက်ရဘူး ပိုက်ဆံပဲ ကုန်သွားတာ”
“မင်းကတော့ လုပ်ပြန်ပေါ့.. ဖုန်းကဒ်ရောပါလား.. ဘာကဒ်ဝယ်ထားလဲ..”
“အင်း.. ရော့ဒီမှာ.. 1818 တစ်ကဒ် ဝယ်ထားတယ်” ဆိုပြီး ပေးလိုက်တယ်..

သူငယ်ချင်းက ဖုန်းခေါ်မယ် လုပ်တုန်း ဘေးကနေ ကောင်းမလေး တစ်ယောက်က ဝင်လာပြီး ဘာညာဘာညာနဲ့ နှစ်ယောက်သား တတွတ်တွတ် ပြောပြီး..

“သူငယ်ချင်းရေ.. မင်း ငါ့ဖုန်းကို ယူထားလိုက်ကွာ.. မင်းပါသာမင်း ခေါ်တော့နော်.. ငါအရေးကြီးကိစ္စပေါ်လာလို့ သူနဲ့ခဏ လိုက်သွားလိုက်အုံးမယ်” ဆိုပြီး ဖုန်းတစ်လုံးနဲ့ ကျွန်တော့်ကို ထားခဲ့လေရောဗျာ.. မခေါ်တတ်လို့ပါဆိုမှ ဖုန်းယူထားနော်.. မင်းပါသာမင်းခေါ်လိုက်နော် ဆိုတော့ ဒီကောင်ကြီး ဒွတ်ခရောက်တော့မှာပေါ့..

အဲဒါနဲ့ ဖုန်းကိုကိုင်ပြီး လူရှင်းတဲ့နေရာ လိုက်ရှာတာပေါ့.. နေရာကောင်းလည်းရရော.. ကျွန်တော် နှိပ်တော့တာပဲ အရင်ဆုံး 1818 နှိပ်ပြီး ခေါ်လိုက်တော့.. ဖုန်းထဲကနေ ပြန်ပြောတယ်..

Well come to M1 international calling card service. For english press one, ဆိုလည်းဆိုရော “တီး” ဆို ပြီးတော့ “တစ်” ကို နှိပ်လိုက်တာပေါ့.. ပြီးတော့မှ ဖုန်းထဲက ထပ်ပြောတယ်..

For oversea call, please dial the country code, area code and phone number follow by the hash key (#) ဆိုပြီး ပြောလည်းပြောရော..

ဘယ် လို ခေါ် ခေါ် မ ရ.. ဆိုပြီး နံပါတ်ကို နှိပ်လိုက်တာပေါ့.. နှိပ်ပြီးတော့ နားထောင်တယ်.. နားထောင်တယ် ဘာကြားမလဲဆိုပြီး.. ဘာမှကို မကြားဘူး .. မကြားတော့ နောက်တစ်ခါ ထပ်နှိပ်တယ်..

ဘယ် လို ခေါ် ခေါ် မ ရ.. နားထောင်တယ်.. နားထောင်တယ်.. ဘာမှ မကြားပြန်ဘူး.. လူလည်း ချွေးတွေပြန်.. ဟိုကရားသလိုလို ဒီက ရားသလိုလို ဖြစ်လာပြီး.. မရပြန်ဘူး.. ဘယ်ရမလဲဗျ.. နောက်က (#) ကို ထည့်မှမထည့်ပဲ တကယ်တော့ ဟက်စကီး ဆိုတာ (#) ဒီဟာမှန်း ကျွန်တော် မသိလို့လေ..းP

ဒီတစ်ခါတော့ အိုကေပြီး.. ဘယ် လို ခေါ် ခေါ် မ ရ #.. ဆိုပြီးနှိပ်လိုက်တာ တူးး တူးး.. တူးး တူးး မြည်ပြီး ခဏမှာ..
“ဟလို.... လူလေးလား.. ဟလို”
“ဟလို.. ဟလို.. ဖေကြီးလား..”
“ဟိုလား.. ဟားလား လူလိုလား.”
“ဟာလာ.. ဟိုလို.. ဖေကြီးလား..” ဆိုပြီး.. ဖေကြီးလား.. လူးလေးလား.. အေးလူလေး.. အေးဖေကြီးနဲ့တင် ဖုန်းက တီးကနဲ့ဆို ပြတ်ကျသွားရော.. ဖုန်းက ဘာမှ မကြားရတာနဲ့ပဲ ဟလိုကနေ ဟိုလာတွေ ဟာလာတွေ ဖြစ်ကုန်တာ

ဒါနဲ့ နောက်ထပ်တစ်ကြိမ် ထပ်ခေါ်တာပေါ့.. ခေါ်ရင်း ခေါ်ရင်းကနေ မရတော့ဘူးဖြစ်သွားတယ်.. မရတော့ အဒေါ် ဟန်းဖုန်းကို ပြောင်းခေါ်လိုက်တာပေါ့.. နံပါတ်ကလည်း ဆင်တူပဲ..

ဘယ် လို ခေါ် ခေါ် မ ရ နိုင် # ဆိုပြီး ထပ်ခေါ်တာ မရဘူး.. ဘာမှ မကြားရဘူး..
ဘယ် လို ခေါ် ခေါ် မ ရ နိုင် # ဆိုပြီးထပ်ခါထပ်ခါ ခေါ်တော့မှ..

နောက်ဆုံး “ရှဲ” ဆိုပြီး ကြားတော့ ဝမ်းသာသွားတာ ဝမ်းသာလို့ မဆုံးသေးဘူး.. ထွက်လာတဲ့အသံက.. “လူကြီးမင်း ခေါ်ဆိုနေသော “ဂျီအက်စ်အမ်” တယ်လီဖုန်းမှာ ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်” ဆိုပြီး မြန်မာမ အသံကြီးနဲ့ ပြောတာ.. အဲဒါကို ကျွန်တော် မသိဘူးလေ.. ကျွန်တော့်ကို ပြောတယ်ဆိုပြီး အသံဗြဲကြီးနဲ့..

“ဟလို.. ဟလို.. ဖေကြီးလား”
“ဟလို.. လူလိုလား..”
“ဟလိုလား...ဟိုလို.. ဖေကြီးလား”
“ဟိုလား.. ဟားလား.. ဖေကြီးလား” ဆိုပြီး ဟိုလား.. ဟားလား.. လူလိုလားနဲ့တင် ဖုန်းက “တီး”ကနဲ့ဆိုပြီး ဖုန်းက ပြတ်ကျသွားတာ..

သေချာစဉ်းစားကြည့်တော့ ဖုန်းလိုင်းကြောင့်မဟုတ်ပါဘူး.. 1818 ကဒ်ကြောင့်လည်းမဟုတ်ပါဘူး.. ဖုန်းကြောင့် ဆိုလည်း မဟုတ်ပြန်ဘူး.. အသုံးမကျတဲ့ ကျွန်တော့်ကြောင့်လို့ပဲ ထင်ပါတယ်နော်..းP

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ(စည်သူ)

တွေးရင်း ငေးရင်း ဆွေးရင်း

on Tuesday, November 3, 2009

Tagged သူငယ်ချင်းထံမှ ပုံ..

အိပ်လိုက်မယ် စဉ်းစားလိုက်တိုင်း အတွေးတွေက ချားရဟတ်လို ပတ်ချာလည် လည်ပတ်နေတော့.. တစ်ညတာ ကုန်ဆုံးဖို့ ဘယ်လို ဖြတ်သန်းရမလဲ..

ဒီတစ်ညပဲလား.. နောက်ညတွေမှာရော.. အရင်ညတွေကရော.. ဘယ်လိုဖြတ်သန်းခဲ့တာလဲ.. စဉ်းစားရင်းနဲ့ပေါ့.. အတွေးတွေက မေးခွန်းတွေအဖြစ် ပြောင်းလဲလို့ အသက်ဝင်သွားလိုက်တာ..

ညက မှောင်မိုက်နေတာမို့ ပုံမှန် ရွေ့လျားနေတဲ့ လောကစက်ဝိုင်းကြီးကို သတိမမူမိပဲ.. ကျွန်တော့်ကိုမထမ်းချင် ထမ်းချင်နဲ့ ထမ်းထားရတဲ့.. ခြေလေးချောင်းနဲ့ သက်မဲ့ဒြပ်ထု တစ်ခုပေါ့.. သူ့အပေါ်ကနေ သူမသိအောင် ဖွဖွးလေးဆင်းလို့ ပြတင်းတံခါးကို အသာလေးဖွင့်လိုက်စဉ်မှာ..

“ရွှီးးးး”.. လေပြေညှင်းလေးက ကျွန်တော့်ပါးပြင်ကို နမ်းရှိုက်လို့.. လေပြေညှင်းရဲ့ အေးမြလှတဲ့ အကြည့်တွေကို မြင်နေရတယ်.. လေပြေညှင်းလေးနဲ့ မျက်လုံးချင်း စကားပြောနေစဉ်မှာ.. မကျေနပ်သေးဘူးထင်ပါရဲ့ ကျွန်တော့် နှာတံကို ဖွဖွလေး နမ်းရှိုက်ပြီး.. နှလုံးအိမ်ထဲသို့ တိုးဝင်.. နှလုံးသားချင်း စကားပြောနေခဲ့တယ်.. ရိုးသားဖြူစင်တဲ့ နှလုံးလှပိုင်ရှင်ပါလားတဲ့..းP

လေသာပြတင်းပေါက်ဝပေါ် အတွေးပေါင်းတစ်ထောင်နဲ့ မေးငေါ့ပြီး.. ဟိုးးး ခပ်လှမ်းလှမ်းက မခို့တယို့ ပြုံးပြနေတဲ့ ကြယ်လေးတွေ.. ကျွန်တော့်လို အထီးကျန်ဆန်တဲ့ သော်တာလမင်းကြီးကလည်း အဖော်ပြုလို့ပေါ့..

အိပ်လည်းမရ
စားလည်းမရ
တမ်း တတတနဲ့
တစ်နေ့မတွေ့ရရင်
မနေနိုင်လောက်အောင်
ခံစားနေရတဲ့ ဒို့ရဲ့အဖြစ်ကို
ကြင်နာမှုတွေ မပေးပဲ
ဟန်ဆေင်ခြင်းများစွာနဲ့
နေနိုင်လွန်းတဲ့ မင်းကို
“ဒို့” အံ့ဩမိတယ်..

“ဟင်း” သက်ပြင်းချသံ.. ခေါင်းကို အသာလေး မွေ့ရမ်းရင်း.. “မဟုတ်သေးပါဘူး.. ငါကသာ စွဲလန်းတာပါလေ..”.. မင်းကတော့ သိမှာမဟုတ်ဘူး ထင်ပါရဲ့.. မင်းကရော.. ငါ့အပေါ်မှာ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါ့မလား..

တွေးရင်း.. ငေးရင်း.. ဆွေးရင်းနဲ့ပေါ့.. ကျွန်တော်ကသာ မအိပ်နိုင်တာ.. အဖော်ပြုနေတဲ့ သော်တာလမင်းကြီးကို မော့ကြည့်လိုက်ချိန်မှာတော့.. တစ်နာရီ တစ်လက္မနှုန်းဖြင့် မျက်တောင်လေးတွေ ခတ်နေပါရောလား..းP

လမင်းကြီးရယ်.. မအိပ်ပါနဲ့အုံးနော်.. ဒီတစ်ညတာလေးတော့ အဖော်ပြုပေးပါအုံး.. စိတ်ကနေ ရေရွတ်မိရင်းနဲ့..

“ဟင်း” ဒုတိယ သက်ပြင်းချသံ.. ညမှောင်မှောင်မှာ မအိပ်ပဲ အေးစက်နေတဲ့ လေပြေညှင်းနဲ့အတူ ယိမ်းနွဲ့ ကခုန် နေကြတဲ့ သစ်ပင်လေးတွေကို ငေးမောနေရင်း..

ညညဆိုအိပ်မရ
မင်းအကြောင်း တွေးလို့

တ“ဒိတ်” “ဒိတ်”
ရင်ခုန်မိတာ

ဒို့ရဲ့ အပြစ်လား..


“ဟိတ်”..“ဟိတ်”
“ဟိတ်”.. “ဟိတ်”
လို့ ခေါ်တဲ့အသံ
မင်းရဲ့အကြည့်က
သမင်လည်ပြန်နဲ့
ရွှေသမင် မျက်လုံးအလား
ညှို့စွမ်းအားများနဲ့
ရုန်းထွက်မရ
ဖမ်းစားထားတာ
မင်းရဲ့ အလှလား..

အတိတ်ကို ပြန်မြင်ရောင်မိတော့.. ပြုံးမှာလား.. ကြည်နူးရမှာလား.. ပစ္စုပ္ပန်ကို ရှုလိုက်တော့.. ငိုရမှာလား.. ဝမ်းနည်းရမှာလား.. အတွေးတွေအပြိုင် လွန်ဆွဲနေရင်း..

“ကျွီးးး” ... အခန်းတံခါး ဖွင့်သံနဲ့အတူ..
“သားရေ.. မအိပ်သေးဘူးလား.. အိပ်တော့လေ.. မနက် စောစောထနော်သား.. အမေတို့ ဆွမ်းလောင်းရအောင်” “ဟုတ်ကဲ့ပါအမေ” ဆိုပြီး..

ကြယ်ကလေးနဲ့ သော်တာလမင်းကြီးရေ..
“ကျွီးးး.. ဂဂျောက်.. ဂဂျပ်.. ခလောက်. ခလပ်..”
“ခေါ.. ခလော.. ခေါ.. ခလော.. ဖူးးးး.. ရှူးးးးး.. ZZzz..း)”

ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေးတစ်ခု..(စည်သူ)

သံဝေဂအမြင်ဘက်၌ ကမ္ဘာပျက်ခြင်း

on Thursday, October 29, 2009

ကျွန်တော်ကတော့ “ဘလော့ဂါပေါက်စ” ဆိုတဲ့အတိုင်း အိပ်ရာထထချင်း လောကစာမျက်နှာကြီးသဖွယ် ဖြစ်တဲ့ ကွန်ပျူတာကို အရင်ဆုံး ဖွင့်ဖတ်တတ်ပါတယ်.. မစားရရင်နေပါစေ.. ထိုင်နေရ.. ရေးနေရ.. ဖတ်နေရရင် အရာအားလုံး မေ့နေတတ်ကြတာဟာလည်း.. “ဘလော့ဂါ” ဆိုသူတွေပဲ မဟုတ်ပါလား..

ကျွန်တော်ကတော့ အတိတ်ကိုလည်း မေ့ပျောက်.. အနာဂါတ်ကိုလည်း ရာနှုန်းပြည့် မမျှော်ကိုးရဲ.. ပစ္စုပ္ပန်ကိုသာ အာကိုးအားထားပြုနေတဲ့ သာမန်လူပါပဲ။ လောကအလယ်မှာ လှုပ်ရှားရုန်းကန်ရင်း.. ပင်ပန်းမှုဟူသမျှ ပြေပျောက်စေဖို့ တစ်ညတာ အိပ်စက် အနားယူ အပြီးမှာတော့.. ရေထိကြာလို မလန်းပဲ.. နေထိပန်းလို လန်းဆန်းတက်ကြွစွာနဲ့ အပြစ်ကင်းစင်လှတဲ့ နံနက်ခင်းအလှကို ခံစားရင်း လောကစာမျက်နှာကြီးကို ဖွင့်လိုက်ချိန်မှာတော့..

ဗေဒင်လက္ခဏာဆရာကြီး စံဇာဏီဘိုရဲ့.. “၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ ကမ္ဘာပျက်ကိန်း ဆွေးနွေးချက်” ဆိုတဲ့ မေးလ်တစ်စောင် ရောက်နေတာကို မြင်လိုက်ရတယ်.. ကမ္ဘာပျက်မယ် ဆိုတာကြီးကို မယုံပေမယ့်.. တကယ်များသာဆိုရင်.. ဆိုတဲ့ အတွေးနဲ့ အတူ အေးခဲတည်ငြိမ်နေတဲ့ ကျွန်တော့် စိတ်ထဲမှာ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ပြီး.. မီးတောင်ကြီးတွေ ပေါက်ကွဲလာသလို ခံစားလိုက် ရတယ်.. လန်းဆန်းနေတဲ့ နံနက်ခင်းရဲ့.. အလှပန်းလေးတစ်ပွင့်.. ညှိုးနွမ်းသွား လုမတတ် ခံစားလိုက်ရရင်း..

“ဒီလိုသာဖြစ်ပျက်ခဲ့မယ်ဆိုရင်.. ငါဘယ်လိုလုပ်ရမလဲ.. ငါ့အဖေ.. ငါ့အမေ.. ငါ့ညီကိုမောင်နှတွေ.. ငါ့သူငယ်ချင်း.. ငါ့ချစ်သူ.. ငါ့အိမ်.. ငါ့ကား.. ငါပိုင်ဆိုသမျှ အရာတွေအားလုံး.. ဘယ်လိုလုပ်ရမလဲ... ဘယ်လိုလုပ်ရမလဲ..” ဆိုတဲ့ စိုးရိမ်ပူပန် စိတ်တွေက တစ်ချိန်ထဲမှာပဲ ရိုက်ခတ်လာခဲ့တယ်.. မကြာခင်မှာပဲ..

တစ်ခဏတာမျှ ငြိမ်သက်ပြီးနောက်.. “အော်.. သဘာဝတရားကြီးက လောဘ၊ ဒေါသ၊ မောဟတွေ ဖုံးလွှမ်းနေတဲ့ လူသားတွေကို ဆုံးမဖို့အတွက်.. ပြစ်ဒဏ်ချမှတ်တော့မယ် ထင်ပါရဲ့” ဆိုပြီး “ဟင်း”.. သက်ပြင်းလေးတစ်ချက် ချလိုက်မိတယ်..

“အိုး.. ဘာပဲဖြစ်ဖြစ်ကွာ.. ငါ့လို အညတရ မပြောနဲ့.. ကမ္ဘာမှာ ရှိကြတဲ့ တကယ့် ကမာ့္ဘထိပ်သီး လူချမ်းသာတွေ၊ စီးပွားရေးသမားတွေ၊ အာဏာကို မက်မက်မောမော တက်မက်နေတဲ့ အာဏာရှင်ကြီးတွေ၊ သူများတွေကိုမနာလို ကိုယ့်ကို အထင်သေးတာမကြိုက်၊ ဒီလို မာန်မာနတွေ ထောင်လွှားနေတဲ့ လူတွေနဲ့ စာလိုက်ရင် ငါက အနေသာ ပါကွာ.. ဟား..ဟား..ဟား” ဆိုပြီး အဲဒီလူတွေကို စိတ်ထဲကနေ သရော်တော်တော် ပြောရင်း ကိုယ့်ကိုယ်ကိုလည်း အားမွေးကာ ဖြစ်ပျက်လာမယ့် အနာဂါတ်ဘေးကို မတွေးတော့ပဲ လက်တွေ့ကျလှတဲ့ ပစ္စပ္ပုန်မှာ အကောင်းဆုံးကို ဖန်တီးနိုင်ဖို့ ပြင်ဆင်ထားလိုက်တော့တယ်..

********************************************

ကမ္ဘာကြီးသာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ အခုလို ပြောနေကြတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ ဘယ်လိုလုပ်ကြမလဲ.. ကျွန်တော်ကရော....

ဘယ်သူတွေနဲ့ ရှိနေချင်တာလဲ..
တကယ်တမ်း ဖြစ်ပျက်လာမယ်ဆိုရင် ဘယ်သူတွေနဲ့မှလည်း နေလို့ မရတော့ပါဘူး.. ဘာမှလည်း ယူချိန်မမှီဘူး.. ဘာကိုမှလည်း နှမြောတမ်းတလို့ မရပါဘူး.. ကိုယ့်ကိုကိုယ် အရင်ဆုံး နှမြောမိမှာ အမှန်ပဲ.. အတ္တဆန်တာ မဟုတ်ပါဘူး.. အများကောင်းကျိုးအတွက် ဘာမှ မလုပ်ရသေးလို့ပါ.. ကမ္ဘာကြီးက ၂၀၁၂ ခုနှစ်မှာ ပျက်မယ်လို့ မသိခင်ကတည်းက လူ့လောကမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ မိသားစုတွေ.. တကွဲတပြားစီနဲ့ ယိုယွင်းပျက်စီးနေခဲ့ရပြီး ဖြစ်နိုင်မယ်ဆိုရင်တော့.. မိသားစုနဲ့အတူ ရှိနေချင်ပါတယ်..

ဘာတွေခံစားနေရမလဲ..
ခံစားရမှက မပြောပြတတ်အောင်ပါပဲ.. ဘယ်လိုခံစားရမယ်.. ဘာတွေဖြစ်ပျက်မယ်.. ဘယ်လိုပုံ.. ဘယ်လိုနည်းနဲ့ ခန္ဓာချုပ်မယ်ဆိုတာ ဘယ်သူပြောနိုင်မလဲ.. အဲဒီတော့ ဘာမှမခံစားပဲ.. နောင်ခါလာနောင်ဈေး ဆိုသလို သဘောထားပြီး လက်ရှိအခြေနေမှာ တစ်ဦးအပေါ်တစ်ဦး စာနာထောက်ထားပြီး အတ္တကင်းကင်းနဲ့ ရှင်သန်ရပ်တည် သွားရမှာပဲ..

ဘာတွေပြင်ဆင်ထားမလဲ..
လောဘအတွက် ဆိုရင်တာ့ ဘာကိုမှ ပြင်ဆင်ထားခြင်းမရှိဘူး.. သေရမှာခြင်းအတူတူ လေးလွန်းလို့ လောဘကို ထားခဲ့လိုက်မယ်.. ဒေါသကိုလည်း ထားခဲ့မယ်.. မောဟကိုလည်း ထားခဲ့မယ်.. လူတွေ တန်ဘိုးထားသင့်တဲ့ သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်နေအောင်တော့ မသေခင်လေးမှာ ဖြည့်ဆည်းသွားဖို့အတွက် ပြင်ဆင်ထားချင် ပါတယ်..

ဝမ်းနည်းမိမှာက
ကိုယ်လို အညတရ အတွက်က မိသားစုအရေးမှတစ်ပါး ဝမ်းနည်းစရာ မရှိပါဘူး.. တစ်ဦးနဲ့တစ်ဦးပေါ် နိုင်ထက်စီးနင်း လုပ်နေကြတဲ့ လောဘသား.. ဒေါသသား.. မောဟသားတွေအတွက်.. “ဟား..ဟား..ဟား..” လို့ သရော် ရယ်ရင်းနဲ့ ထိုသူတို့အတွက် ပိုဝမ်းနည်းမိမှာပါ..

ကြောက်လန့်မိတာက..
သူများကိုသာ သတ်ချင်သတ်မှာ.. “လူ” ဆိုတဲ့ အမျိုးကလည်း ကိုယ်သေရမှာကိုတော့ အတော်ကို ကြောက်ကြတယ် “လုပ်ရဲရင် ခံရဲရတယ်” ဆိုတဲ့စကား မှတ်မိမယ်ထင်ပါတယ်.. သတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်း ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ သတ်စားနေတဲ့ ကျွန်တော်တို့ လောဘသား အသားစား လူ့ဘီလူးတွေကို ဒီတစ်ခါတော့ ကမ္ဘာကြီးက “မင်းပြီးငါ့အလှည့်လို့” စိန်ခေါ်လိုက်တာဖြစ်ချင်ဖြစ်မယ်.. ဒီလိုပြောလို့ ကျွန်တော် မကြောက်ဘူးလားလို့ မမေးနဲ့.. လူဆိုတဲ့အမျိုးက သေရမှာကို ကြောက်တယ်လို့ ဆိုထားပါတယ်..

ဆောင်ထားချင်တာက..
ဘာတွေကို ဆောင်ထားချင်ပါသလဲ.. အာဏာလား.. ခြောက်လုံးပြူးလား.. ကိုယ်ရံတော်တွေလား.. စိန်တွေလား.. ရွှေတွေလား.. ငွေတွေလား.. ပြေးရင်းလွှားရင်း စားဖို့အတွက် စားစရာတွေလား.. နတ်မိမယ်လေး တွေများလား.. လူတွေ တန်ဘိုးထားလေးစားတဲ့ သီလ၊ သမာဓိ၊ ပညာရှိဘို့နဲ့ မေတ္တာလက်နက် မှတပါး အခြား ဆောင်းထားစရာ မရှိဘူးလို့ ထင်ပါတယ်..

ဘာတွေရေးမိမလဲ..
ဘာတွေမှလည်း ရေးဖို့အချိန် မရနိုင်ပါဘူး.. ငါ့မိသားစုသာ ကျန်ခဲ့မယ်ဆိုရင်တော့ “ညီလေးတို့.. ညီမလေးတို့ရေ အကိုမရှိတော့တဲ့ နောက်ပိုင်းမှာ မင်းတို့ ဖေဖေနဲ့ မေမေကို ဂရုစိုက်နော်.. ညီကိုမောင်နှမချင်းလည်း တစ်ဦးနဲ့ တစ်ဦးတည့်အောင်နေ.. ရန်မဖြစ်ကြနဲ့.. အများကောင်းကျိုး အတွက်လည်း တတ်နိုင်သလောက် လုပ်နော်” လို့ သေတမ်းစာ သဘောမျိုး ရေးမိမလားလို့..

တွေးမိတွေရာအတွေး..
အဲဒီချိန်မှာသာ ဆိုရင် စိတ်ရဲ့ လျင်မြန်ဖျတ်လတ်တဲ့ သဘောသဘာဝအတိုင်း အတွေးတွေ ပတ်ချာလည်နေမယ် ဘာမှမတွေးပဲ ကိုယ်လွတ်ရုန်းနေမယ်ဆိုလည်း ဖြစ်နိုင်တယ်.. လူဆိုတဲ့အမျိုးက ကိုယ့်အတွက် မပူပဲ သူများတွက် ပူတာက ခပ်များများ.. အမှန်တော့ ကိုယ်ကောင်းရင် သူများအတွက်လည်း အထောက်အကူ ဖြစ်မယ်ဆိုတာကို မေ့နေတတ်ကြတယ်.. ဘယ်အတိုင်းအတာထိ လွတ်အောင် ပြေးနိုင်မလဲလို့ပေါ့.. နှာခေါင်း တစ်ဖေါ်စာအချိန်ထိ လွတ်နေအောင် ပြေးကြမှာပဲ.. ပြေးရင်းနဲ့ တွေးနေကြမှာပဲ.. မသေနိုင်မယ့် နည်းလမ်းကိုပေါ့..

ဂုဏ်ယူချင်တာ..
နှစ်နှစ်ဆယ်ကျော် ကာလပတ်လုံးမှာ အဖေ အမေနဲ့ ညီကိုမောင်နှမတွေကို အလုပ်ကျွေးပြုခဲ့ရလို့.. သူတစ်ပါးကို ကူညီခဲ့ရလို့.. မတရားမှုတွေကို မုန်းတီးပြီး တရားမျှတမှုတွေကိုသာ မက်မောခဲ့ရလို့.. ဂုဏ်ယူချင်တာတစ်ခုထဲပါ..

ရှာကြံဖြေသိမ့်မိတာက..
လောဘသား.. ဒေါသသား.. မောဟသားတွေလောက်တော့ ကိုယ်က သနားပါတယ် ဆိုပြီး ရှာကြံဖြေသိမ့်မိမှာထင် တာပါပဲ.. တကယ်ရော.. ဖြေသိမ့်ဖို့အချိန် ရနိုင်ပါ့မလား..(ဖြစ်နိုင်ရင်ပေါ့)..

ကျူးရင့်ချင်တဲ့ဥဒါန်း..
ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ လောကနိယာမကို လက်ကိုင်ထားပေမယ့် လူပဲလေ.. အားတင်းပြီးတော့ အချိန် ရနိုင်မယ်ဆိုရင်.. “ငါမသေချင်ဘူးးးးးးးးး.. ငါမသေချင်ဘူးးးးးးးးးးး” လို့ ကျူးရင့်နေမိမလား.. တကယ်တော့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလေ..

ညီမလေး ခရေညို တဂ်ထားတဲ့ ကမ္ဘာကြီးပျက်ခဲ့မယ်ဆိုရင် ပို့စ်လေးပါ.. ဘလော့ဂါတွေ အများကြီးရေးကြတော့ အများကြီး ဗဟုသုတ ရတာပေါ့.. ဗဟုသုတ ရတော့ရော.. ဘာလုပ်ရမှာလဲလို့ မေးချင်မေးလို့ရပါတယ်.. ဘာမှ လုပ်လို့မရပါဘူး.. ဒါပေမယ့် ဒီစာလေးတွေဖတ်ပြီး.. အကောင်းမြင်နိုင်သလို အဆိုးမြင်ရင်လည်း မြင်နိုင်ပါတယ်.. သေချာတာတစ်ခုကတော့ ဒီပိုစ့်က “သုခ” မရနိုင်ပါဘူး “သံဝေဂ” ရဖို့ပဲ မျှော်လင့်ပါတယ်..

ခင်မင်လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
စည်သူ။

နလန်ထူစ “လူနာ”

on Saturday, October 24, 2009

ကျွန်တော် ငှက်ဖျားရောဂါဖြစ်တော့ ဆေးခန်းသွားပြတယ်လေ.. အဖျားက သိပ်မကြီးပါဘူး ၁၀၄ံတဲ့.. ပြီးတော့ ဆရာဝန်က ဟိုစစ်ဒီစစ်နဲ့ ဆေးရုံတက်ရမယ်တဲ့ဗျာ.. ဆရာဝန်လည်း ဆေးရံတက်ရမယ်လို့ ပြောလိုက်ရော ကျွန်တော့်မျက်လုံးတွေ ပြူးထွက် သွားတာပေါ့.. “အဖေ”နဲ့“အမေ”လည်း စိတ်ပူသွားတယ်..

ဆေးရုံတက်နေစဉ်မှာလည်း ထိုးလိုက်တဲ့ဆေးတွေ.. သောက်လိုက်ရတဲ့ဆေးတွေ.. လက်နှစ်ဖက်လုံးမှာလည်း အပ်ပေါက်ရာတွေချည်းပဲ.. မှတ်မိပါသေးတယ် ဆေးအားလုံးပေါင်း ၁၆ လုံး သွင်းရတယ်.. ပုလင်းအကြီးကြီးလေ လက်ဖမိုးပေါ်က အကြောပေါ်မှာ အပ်နဲ့ထိုးပြီး ချိတ်ထားတာလေ.. တစ်ခါတစ်လေ ဆရာမ ချောချောလေးက အကြောထဲကို အပ်ထိုးထည့်တာ အကြောလွဲသွားလို့လေ.. လက်တစ်ခုလုံး ပူပေါင်းလို ဖောင်းကားတက်လာတာ ပြီးတော့မှ အပ်ကိုချွတ်ပြီး ဖောင်းတာတွေ ရော့သွားအောင် ပြန်နှိပ်နယ်ပေးရတယ်..

ဆေးရုံတက်နစဉ်မှာတော့ စားချင်တာတွေလည်းမစားရ.. သောက်ချင်တာတွေလည်း မသောက်ရတော့ အတော် လေးကို ပိန်ကပ်သွားတယ်.. နည်းနည်းလေး သက်သာလာတော့ ကုတင်ပေါ်ကဆင်းပြီး လမ်းထလျှောက်တာပေါ့ လမ်းသာလျှောက်တာပါ လေတိုက်ရင် လဲသွားမလား ထင်ရတယ်.. တော်တော်လေးကို အခြေနေ ဆိုးသွားတယ် မပြောကောင်းမဆိုကောင်း အဲဒီတုန်းကသာ အနိစ္စသဘောနဲ့ ကိစ္စချောသွားရင် အခုလိုမျိုး ညီကိုမောင်နှမတွေနဲ့ တွေ့ရမှာ မဟုတ်တော့ဘူးနော်..

ဩော်.. သံဝေဂတော့ရမိတယ်.. ငါလို့သာပြောတယ်.. ငါ့ကိုယ်ငါ မပိုင်ပါလားလို့ပေါ့.. ငါ့ကိုယ်ကို ငါသာပိုင်ခဲ့မယ် ဆိုရင် အခုလိုဖြစ်မှာမဟုတ်ဘူး..

အဲလိုနဲ့ ဆေးရုံ ဆယ်ရက်လောက် တက်ပြီးတော့ သက်သာသွားတာပေါ့လေ.. သက်လည်း သက်သာသွားရော မနေ ချင်တော့ဘူးလေ ဆင်းချင်လာပြီး.. ဆရာမ ချောချောလေး လာတိုင်း ကျွန်တော်မေးတာပေါ့.. ဆရာမရယ် ကျွန်တော် ဆေးရုံက ဆင်းလို့မရသေးဘူးလား.. ဘယ်တော့ ဆင်းရမှာလဲဟင် ဆရာမ ကျွန်တော် ဆင်းချင်နေပြီး တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် မေးတာလေ.. ဆရာမကလည်း စိတ်တိုတာလားမသိဘူး.. အေးအေးကောင်လေး နက်ဖြန်ဆို ဆင်းလို့ရပြီးတဲ့.. အဲလိုလည်းပြောလိုက်ရော.. ကျွန်တော် အရမ်းကိုပျော်သွားတယ်.. တားတားလေး စားချင်တာတွေ စားလို့ရပြီးဆိုပြီး ဆေးရုံမဆင်းခင်ကတည်းက သရေတွေကျနေပြီး.. ရှလွတ်.. ရှလွတ်..

ဆေးရုံကဆင်းပြီး နှစ်ရက်မြောက်နေ့မှာတော့ ဘယ်ရမလဲ အပြင်ထွက်ပြီး စားမယ် ဝါးမယ်ပေါ့.. အရင်ဆုံးသတိရ လိုက်တာကတော့.. လမ်းထိပ်က အဒေါ်ကြီးကိုလေ.. သူက ရှောက်သီးသုတ် ရောင်းတာကိုးဗျ.. သိတဲ့အတိုင်းပဲ နာလန်ထူစ လူနာဆိုရင် များသောအားဖြင့် အချဉ်ကို ရှလွတ်တတ်ကြတာ များတယ်.. အင်း.. “ဂလု”.. ပြောပြော ဆိုဆိုနဲ့ သရေတွေကျလာပြီး..း)

စာရေးရင်းနဲ့တောင် နှစ်ချက်လောက်ကို “ဂလု” ပြီးသွားပြီး.. အဲဒီအဒေါ်ကြီးရဲ့ ချဉ်၊ ငံ၊ စပ်.. ရှောက်သီးသုတ်က တကယ်ကောင်းတာဗျာ.. ကျွန်တော်တို့ တစ်မြို့လုံးကလူတွေဆိုရင် အဒေါ်ကြီးဆိုင်ကိုပဲ လာအားပေးကြတာလေ တစ်ခြား ရှောက်သီးသုတ် ဆိုင်တွေလည်း ရှိတယ်.. ဒါပေမယ့် အဲ့ဒီ အဒေါ်ကြီးဆိုင်က ရှောက်သီးသုတ်လောက် စားလို့မကောင်းဘူးဗျ.. ကဲ.. ပြောနေကြာတယ် သရေတွေက ပါးချောင်ကြားကနေ စိမ့်ထွက်နေပြီး အဒေါ်ကြီးဆီ သွားလိုက်ကြရအောင်..

ကျွန်တော်က အားပေးနေကြဆိုတော့ ဖောက်သည်လိုဖြစ်နေတာလေ.. ဝက်သားတုတ်ထိုး၊ ခေါက်ဆွဲ၊ နန်းကြီး၊ ကြာဇံ၊ ပဲပြား၊ တို့ဟူး၊ သင်္ဘောသီး၊ အများကြီးပဲဗျာ.. အသုတ်ပေါင်းစုံပေါ့.. အတော်လေးကို စားကောင်းတယ်ဗျာ အဒေါ်ကြီးဆိုင်ရှေ့လည်းရောက်ရော အဒေါ်ကြီးက..

“ဟာ.. ကောင်လေး.. နင်ဘယ်ပျောက်နေလဲ.. နင့်ကို အဒေါ်မတွေ့တာ အတော်ကိုကြာပြီး.. နင်အတော်ကို ပိန်သွားတယ်နော် လာလာ.. ဒီနားမှာထိုင်”

“ဟုတ်တယ် အဒေါ်ရေ.. နေမကောင်း ဖြစ်သွားလို့လေ ဆေးရုံပါတက်လိုက်ရတယ်.. ဆေးရုံ တက်နေစဉ်တုန်းက
အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို သတိရပြီး ဘယ်လိုစားချင်မှန်း မသိဘူး အဒေါ်ကြီးရာ.. ငှက်ဖျားနဲ့အချဉ်က မတည့်တော့လေ ဘယ်စားလို့ရမှာလဲ အခုတော့ ဝါးမယ်ဆိုပြီး ထွက်လာတာ”

“ဘာမှမပူနဲ့ကောင်လေး.. အဒေါ် ရှယ်သုတ်ပေးမယ်.. ဒီတစ်ခါ အကုန်ပွင့်ထွက်သွားစေရမယ်.. အဲဒီငှက်ဖျားပိုးပါ သွားတွေကျိန်း.. မျက်ရည်တွေထွက်.. နှပ်တွေပါ ထွက်သွားအောင် ချဉ်ချဉ်.. ငံငံ.. စပ်စပ်.. ပြီးတော့ ကြာဇံဟင်းခါ အဆစ်ပေးလိုက်မယ်..”


အဒေါ်ကြီးက အသုတ်တင် ကောင်းတာမဟုတ်ဘူး.. အပြောကလည်း ကောင်းတယ်ဗျာ.. လာသမျှ လူတွေအပေါ် ဖော်ရွေမှုလည်း အပြည့်ပဲ တစ်ခါတစ်ဆို ပိုလိုချင်လို့ မြှောက်ပြောလိုက်ရင် ရှိသမျှ အကုန်ထည့်ပေးတော့တာပဲ..

အဒေါ်ကြီးက သူလက်စွမ်းပြမယ့်အကြောင်း ပြောနေတုန်းမှာပဲ.. စက်ဘီး လေးငါးစီးလောက်နဲ့ ကောင်မလေး လေးငါးခြောက်ယောက် ရောက်လာလေရောဗျာ.. အဒေါ်ကြီးက ကောင်မလေးတွေဘက် လှည့်ကြည့်ပြီး..

“လာ.. လာ.. လာ.. သမီးတို့လာ.. ထိုင်ကြထိုင်ကြ.. ကောင်လေး.. နင်ဒီဘက်နား နည်းနည်းရွေ့ပေးလိုက်.. သူတို့က မိန်းကလေးတွေမှတ်လား ဦးစားပေးလိုက်ပေါ့ ကောင်လေးရယ်.. လာ.. အဒ်ါဘက်ကို ရွေ့လာ.. နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်.. ကဲ သမီးတို့ ဘာစားကြမှာလဲ.. တုတ်ထိုးလား.. အသုတ်လား ပြောသမီး..”

“နင့်အတွက်က သူတို့တွေထက် ပိုရှယ်စေရမယ်” လို့ အဒေါ်ကြီးပြောလိုက်တော့ ကျွန်တော့်အနားမှာ ဝင်ထိုင်တဲ့ ကောင်မလေးက ကျွန်တော့်ကို မကျေနပ်သလိုလိုနဲ့ မျက်စောင်းလေး တစ်ချက် ပစ်လိုက်တယ်.. “ဟင်း.. ကိုကို လူဆိုး” ဆိုတဲ့ ပုံစံမျိုး ထင်ပါရဲ့..းP

အဒေါ်ကြီးက အဲလိုလည်း ပြောလိုက်ရော တစ်ယောက်က တုတ်ထိုး.. တစ်ယောက်က အသုတ်.. တစ်ယောက်က ဘာညာ.. တစ်ယောက်က ကွိကွပေါ့လေ.. မှာလိုက်ကြတာ စုံနေတာပဲ..

အဲလို ကောင်မလေးတွေမှာပြီး ခနမှာတော့ အဒေါ်ကြီးက “သမီးတို့ထဲက ဘယ်သူ ရှောက်သီးသုတ် စားအုံးမလဲ စားရင် တစ်ခါတည်းပြောနော်.. ဒီကောင်လေးအတွက် ရှောက်သီးသုတ် အရင်လုပ်ပေးမလို့.. သူရောက်တာ နဲနဲ ကြာသွားပြီး.. ပြီးရင် သမီးတို့အတွက် အဒေါ်သုတ်ပေးမယ်.. ခနနော်သမီး” ဆိုပြီး ကျွန်တော့်အတွက် ရှောက်သီး သုတ်ကို အဒေါ်ကြီးက လက်စွမ်းပြတော့တာပေါ့..

အဒေါ်ကြီးက ဝက်မလွတ် အုန်းသီးလောက်ရှိတဲ့ ရှောက်သီးကို စိတ်ရှည်လက်ရှည်နဲ့ ခွါတာပေါ့လေ.. ပြီးတော့မှ ပန်းကန်ပြားထဲကို အမျှင်လေးတွေ.. အစေ့တွေမပါအောင် သေချာ နွင်ထည့်နေတာလေ အဒေါ်ကြီး လုပ်နေတာ ကြည့်ပြီး ကျွန်တော် တံတွေးတွေ ထွက်ကျလာပါလေရာ.. တံတွေးတွေ ထွက်ကျလာလိုက် မျိုချလိုက်.. ပြန်ထွက် ကျလာလိုက် ပြန်မျိုချလိုက်ဖြစ်နေတာ.. အဒေါ်ကြီးကလည်း သူ့နှုတ်ခမ်းကိုသူ လျှာနဲ့ သပ်လိုက်.. “ဂလု” ဆိုပြီး ထွက်လာတဲ့ သရေတွေကို မျိုချလိုက် ဖြစ်နေတာ..

အဒေါ်ကြီး အဲလိုလုပ်နေတုန်းမှာ ရှောက်သီးစိတ်လေး တစ်စိတ်က အမျှင်လေးတွေ ကပ်နေလို့ အဒေါ်ကြီးက အားနဲနဲစိုက်ပြီး ဆွဲခွါလိုက်တာ..

“အမယ်လေး.. အား.. ကောင်လေးရေ လုပ်အုံး.. လုပ်အုံး” ဆိုပြီး အဒေါ်ကြီးက ထအော်တော့..

“ဘာဖြစ်သွားလဲ အဒေါ်.. ဘာဖြစ်လို့လည်း ဓါးထိသွားလို့လား”

“မဟုတ်ဘူး.. ကောင်လေး အားနဲနဲစိုက်ပြီး ခွါလိုက်တာ ရှောက်ရည်က မျက်စိထဲ ပန်းဝင်သွားလို့လေ.. အား.. စပ်လိုက်တာ..” လို့ ပြောလည်းပြောရော ကျွန်တော်တို့တစ်တွေ ဝိုင်းရီကြတာပေါ့လေ.. ရှောက်သီးကလည်း အရည် ရွှမ်းတာကိုးဗျ..

အဲလိုနဲ့ အဒေါ်ကြီးက နွင်ထားတဲ့ရှောက်သီးစိတ် မွမွလေးတွေကို ကော်ဇလုံထဲကို ပြောင်းထည့်လိုက်တယ်.. ဇလုံထဲပြောင်းထည့်ထားတဲ့ ရှောက်သီးထဲကို.. ငပိဖုတ်.. ငံပြာရည်.. ချိုမှုန့်.. ငရုတ်သီးမှုန့်.. ဆီချက်.. ပုစွန်ခြောက်မှုန့်.. ပြီးတော့ ကြက်သွန်စိမ်း ပါးပါးလေး လှီးထည့်ပြီး နယ်တော့တာပေါ့..

အဲလိုလည်းနယ်ရော.. ကျွန်တော့် ပါးချောင်နှစ်ဖက်ကြားက သရေတွေ အရှက်မဲ့စွာနဲ့ တစိမ့်စိမ့်နဲ့ စိမ့်ထွက်လာပြီး ပါးစပ်ထဲ မှာလည်း သရေတွေ ပြည့်လျှံသွားတာပေါ့လေ.. သွားတွေကလည်း ကျိန်းတက်လာပြီး နားရွက်တွေပါ ထောင်တက် လာတာဗျာ.. မျိုချဖို့ကလည်း ဘေးမှာ ကောင်မလေးတွေ ရှိနေတော့ ရှက်စရာကြီး.. မမျိုချရင်လည်း ပါးစပ်ထဲက သရေတွေ ထွက်ကျတော့မယ်လေ.. အဲဒါကြောင့် သူငယ်ချင်းတွေ လာသလိုလို ဘာလိုလိုနဲ့ ခေါင်းကို ဟိုဘက် လှည့်ပြီး “ဂလု” ဆိုပြီး ခိုးမျိုချလိုက်ရတယ်.. သရေတွေက များလွန်းတော့ “ဂလု” ဆိုပြီး ခိုးမျိုချလိုက်တာ တစ်ချက်ထဲနဲ့ မကုန်လို့ နောက်ထပ် နှစ်ချက် ဆက်ပြီး “ဂလု.. ဂလု” ဆိုပြီး ထပ်မျိုချလိုက်ရတယ်..

အဲဒီချိန်မှာသာ စကားပြောလိုက်ရင်တော့ လောပိတရေတံခွန်က ရေတွေစီးကျလာသလို “ဝေါ” ကနဲ့ဆို ပါးစပ်ထဲ ရှိနေတဲ့ သရေတွေ ထွက်ကျလာမှာသေချာတယ်..းP

ကျွန်တော် အဲလို နှစ်ချက်ဆင့်ပြီး “ဂလု”လိုက်တာ အသံနည်းနည်းလေး ထွက်သွားတယ်ထင်တယ်.. ဘေးက ကောင်မလေးက ကျွန်တော့်ကို လှည့်ကြည့်ပြီး ပြုံးစိစိလုပ်သွားတယ်.. ကောင်မလေးက အဲလိုလုပ်သွားတော့ ကျွန်တော် ရှက်သွားတာပေါ့ဗျာ.. သူ့ကိုလည်း ကျွန်တော် ပြန်ကြည့်ရော သူလည်း ကျွန်တော့်လို ဖြစ်နေတာဗျာ.. မသိမသာလေးနဲ့ “ဂလု” ဆိုပြီး ကောင်မလေးက ပါးစပ်ထဲမှာ ရှိတဲ့ သရေတွေကို ခိုးမျိုချလိုက်တာ ကျွန်တော် တွေ့လိုက်တယ်.. မိန်းကလေးဆိုတော့ အိန္ဒရေ နဲနဲရှိတာပေါ့လေ..

အဲလိုတွေ့လိုက်တော့ ကောင်မလေးကလည်း နဲနဲလေး ရှက်သွေးတွေဖြာသွားတာပေါ့.. ကျွန်တော်လည်း အဲဒီ ကောင်မလေးကိုပဲ အာရုံစိုက်ပြီး ကြည့်နေမိတော့တယ်.. ကောင်မလေးကလည်း ကျွန်တော် ကြည့်နေတာကို သူသိလေ.. သူ့ပါချောင်ထဲက သရေတွေ ထွက်ကျလာလေ.. အဒေါ်ကြီးက သူ့လက်ငါးချောင်းနဲ့ ရှောက်သီးကို တဗျစ်ဗျစ်နဲ့ နယ်နေတာကို ကြည့်လေလေ.. ကျွန်တော်ကလည်း သရေတွေ ထွက်ကျလာလေလေနဲ့ အတော်ကို တိုင်ပတ်နေတာလေ..

အဲလိုတိုင်ပတ်နေတော့ နောက်ဆုံးမှာတော့ မရှက်နိုင်တော့ဘူး.. ရှောက်သီးသုတ်ကို ကြည့်လိုက် သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကောင်မလေးကို ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်..

ကောင်မလေးကလည်း.. တဗျစ်ဗျစ်နဲ့ နယ်နေတဲ့.. ရှောက်သီးသုတ်ကို ကြည့်လိုက်.. သရေတွေကို “ဂလု” ဆိုပြီး မျိုချလိုက်.. ကျွန်တော့်ကို လှည့်ကြည့်လိုက် “ဂလု” ဆိုပြီး မျိုချလိုက်နဲ့ နှစ်ယောက်သား အပြိုင် “ဂလု” နေကြတာ

အဲလို “ဂလု”ရင်း“ဂလု”ရင်းမှာပဲ အဒေါ်ကြီးက.. “ရော့ကောင်လေးရေ ရပြီး.. နင့်အတွက် ရှယ်သုတ်ထားတာနော် အကုန်ပွင့်ထွက်သွားစေရမယ်.. လိုတာရှိရင် ပြောနော်ကောင်လေး.. ဘာမှ အားမနာနဲ့” ဆိုပြီး လှမ်းပေးတော့ ကျွန်တော်လည်း လှမ်းယူလိုက်တာပေါ့.. လှမ်းယူလိုက်တဲ့ အချိန်မှာတောင် “ဂလု” ဆိုပြီး ပြည့်လျှံနေတဲ့ သရေကို ထပ်မျိုချလိုက်သေတာ..

ကျွန်တော် မြိန်ရည် ရှက်ရည် စားနေတာကို ကောင်မလေးကတွေ့တော့.. သူလည်း ဟန်မဆောင်နိုင်တော့ဘူး ထင်ပါတယ်.. အဒေါ်ကို လှမ်းကြည့်ပြီးတော့ “အဒေါ်.. အဒေါ် သမီးကိုလည်း ရှောက်သီးသုတ် တစ်ပွဲလောက်ပေး ချဉ်ငံစပ်နော်အဒေါ်” ဆိုပြီး လှမ်းမှာလိုက်တယ်..

ကောင်မလေး သရေကျနေတာကို သိတော့ ကျွန်တော်ကလည်း ဘယ်ရမလဲ “အဒေါ်.. ကျွန်တော် နောက်တစ်ပွဲ ယူအုံးမှာနော်.. သူများကို မပေးလိုက်နဲ့.. ဒီတစ်ခါ အဒေါ်သုတ်ထားတာ.. အရမ်းကောင်းတယ်.. အရင်ခါတွေနဲ့ လုံးဝမတူဘူး.. စပါယ်ရှယ်ပဲ အဒေါ်ရေ့” ဆိုပြီး ပါးစပ်က.. ပြောလည်းပြော စားလည်းစားနဲ့ သွားတွေလည်း ကျိန်း.. ချွေးတွေလည်းပြန်.. နှပ်တွေလည်း တရွှတ်ရွှတ်ထွက်နေတာလေ..

ကျွန်တော် အဲလိုပြောလိုက်တာ့ ကောင်မလေးက သူမှာလို့ အဲလိုပြောရလားဆိုပြီး ကျွန်တော့်ကို ဒေါပွသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ပြီးတော့.. ဘာပြောမလို့လဲတော့ မသိဘူး.. ပြောတောင်မပြောလိုက်ရပါဘူး.. ပြောဖို့လေ.. ပါးစပ် ဟလိုက်တာနဲ့ .. ရှူးးးးးးးးး ကနဲ့ဆို သရေတွေက တီးလုံးမပါပဲ ပါးစပ်ထဲကနေ ထွက်ကျလာပြီး.. ကောင်မလေးရဲ့ မေးစေ့မှာရော.. ပေါင်ပေါ်မှာရော.. တိုးလို့တန်းလန်းတွေဖြစ်ပြီး စိုသွားတာ.. ကျွန်တော်တို့ တစ်ဆိုင်လုံးမှာ ရှိတဲ့ လူတွေ အားလုံးကမြင်တော့ မရယ်ရမနေနိုင်ဖြစ်ပြီး ဝိုင်းရယ်လိုက်ကြတာ သူအတော်လေးကို ရှက်သွားတယ်..

နဂိုကမှ ရှောက်သီးသုတ်က စပ်ကလည်းစပ်.. ချဉ်ကလည်းချဉ်တော့ ချွေးတွေကပြန်.. နှပ်တွေကထွက်နေတာ.. ကောင်မလေးက အဲလိုဖြစ်တာကို မြင်လိုက်ရတော့.. မအောင့်နိုင်ပဲ ရယ်လိုက်တာလေ.. မျက်ရည်တွေထွက်ပြီး ရှူးရှူးတွေတောင် ထွက်ကျတော့မလို့.. မနည်းကို ထိန်းထားရတယ်..

အဒေါ်ကြီးကလည်း ရယ်လိုက်တာများ ပြောမနေနဲ့.. သူ့ထမီကို ဖြေပြီး မျက်နှာကို အုပ်ကာ.. တခစ်ခစ်နဲ့ ရယ်နေ လိုက်တာ.. ထမီကို ပြန်ဝတ်လိုက်.. တခစ်ခစ်နဲ့ရယ်လိုက်.. ကောင်မလေးမှာတဲ့ ရှောက်သီးသုတ်ကို သုတ်ပေးဖို့ ရှောက်သီးနွင်လိုက်.. တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်.. နှပ်ကိုလည်း “ဗျစ်” ကနဲ့ဆို ညှစ်လိုက်.. ကျွန်တော့်ကို ကြည့်လိုက်.. ဟားးးးဟားးဟားးး ဆိုရယ်လိုက်နဲ့ ကောင်မလေးတွက် ရှောက်သီးသုတ်က မပြီးနိုင်ဖြစ်နေတာဗျာ..

ကောင်မလေးမှာလည်း ဘယ်လိုပြောရမှန်းမသိအောင်ကို ရှက်သွားတာ.. မျက်နှာတွေလည်း နီရဲလာပြီး ရှက်ရမ်း ရမ်းပြီတော့ ငိုသလိုလို ရီသလိုလို ဖြစ်နေတာ.. မျက်စိတောင် အစ်သွားတယ်ဗျာ..

အဲဒီအကြောင်းတွေကို ပြန်စဉ်းစားမိတိုင်း ပြည်ပရောက်နေတဲ့ ကျွန်တော်က.. အခုချိန်မှာတော့ ကောင်မလေးနဲ့ အဒေါ်ကြီးရဲ့ ရှောက်သီးသုတ်ကို လွမ်းလိုက်တာဗျာ..


အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

မွန်လိုညည်းတဲ့သီချင်းတစ်ပုဒ်

on Tuesday, October 20, 2009

ဆိုညည်းနေကြသီချင်းက အများကြီးမရှိပါဘူး.. အောက်က စုံတွဲသီချင်းလေးကိုတော့ ကြိုက်တယ်.. မကြာမကြာ ဆိုညည်းဖြစ်ပါတယ်..

လူနှစ်ယောက်ရဲ့ မြစ်တစ်စင်း





ကျွန်တော် ဆိုညည်းနေကြ သီချင်းနောက်တစ်ပုဒ်ပေါ့ဗျာ.. ကျွန်တော်ကိုယ်တိုင် စီဆိုထားတာပါ.. အမြဲလိုလိုပါပဲ ဆိုနေကြ သီချင်းပေါ့လေ.. ခုထိလည်း ဆိုနေတုန်းပါပဲ.. သီချင်းက အရမ်းကိုကောင်းလို့ပါ..

သီချင်း အတော်များများကို အစအဆုံးမရပါဘူး.. ပြောရမှာ ရှက်လည်းရှက်ပါတယ်.. မရှက်လည်းမရှက်ပါဘူး ဒါပေမယ့် တဂ်ထားတဲ့သူက တဂ်ထားတော့ သီဆိုနေကြ သီချင်းကို မဖော်ပြလို့ မရဘူးလေ..

အဲဒါကြောင့် ကိုယ်တိုင် အမြဲသီဆိုနေကြဖြစ်တဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်.. နားထောင်ကြည့်နော်.. ပြီးရင် မပြောင်ကြေးနော်.. ပြောင်ရင် တရားစွဲမှာ..း)

မွန်ဘာသာလည်း နည်းနည်းပါတယ်.. နားမလည်မှာစိုးလို့လေ.. ပြောပြမယ်.. အပျိုလေးတွေ ဆံပင်ရှည်ရင်လေ ဘာဖြစ်လဲသိလား.. ရှားလာလာလာလား ပေါ့နော်..းP

နောက်တစ်ခုရဲ့ အဓိပ္ပါယ်က.. နေလည်းပူ မိုးလည်းရွာတော့ ကျွန်တော်တို့တစ်တွေ ငှက်ပျောပင်အောက်ကို ပြေးကြတာပေါ့လေ.. အဖေလည်းရောက်.. အမေလည်းရောက်ရော ကျွန်တော်တို့တစ်တွေ ငှက်ပျောသီး စားကြတာလေ.. အဲဒါကိုပြောတာ..။



ကဲ.. နောက်ကားကျော်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ မချစ်ရ ရေ.. ကိုယ်တိုင်ပါ သီဆိုပြသွားတာနော်.. ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်..P

ပေါက်ကရအတွေးအပိုင်းအစများမှ စည်သူ။

ဦးနှောက်စားတဲ့ S Twenty

on Wednesday, October 14, 2009

1. What is your name: Si Thu .. ပါခင်ဗျား..။

2. A four Letter Word: Sexy.. ပေါ့.. ဟဲ..ဟဲ..းP

3. A Boy's Name: Steven (Finland Citizen) ဟိုမှာ အရမ်းအေးလို့ဆိုပြီး စလုံးရောက်လာလို့ ကျွန်တော်နဲ့သူ သိသွားတာ..:P

4. A girl's Name: Su Su San (classmate) ကျွန်တော်ကတော့ သူမကို စသုံးလုံးလို့ပဲ ခေါ်တယ်..။

5. An occupation: Salt maker (during this time)

6. A color: Sky Blue (ကောင်းကင်ကြီးက ကြယ်ကို ကြည့်ကာ ကုက္ကိုကိုင်းကျိုးကျ ကောင်းကင်ကြာ ကွဲ..းP) ဟေဟေးးးးး ဟို မမ ကောင်းကင်ကြာလေ.. ကြက်ဥဝယ်ပြီး အိမ်အပြန်မှာပေါ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး စိတ်ကူးယဉ်မှုတွေနဲ့ လမ်းလျှောက်လာတုန်း ကုက္ကိုကိုင်း ကျိုးကျတာ ဝယ်လာတဲ့ “ဥ”.. အဲ.. မှားလို့ “ကြက်ဥ” ကိုထိမိလို့ ကွဲသွားတာ..းP

7.Something you wear: Sexy dress.. ( တိဘူး.. အဲဒါပဲတိလို့ )

8. A food: Scorpion barbecue ( ယုံဘူးလား.. ယုံရင် ကို ဆွိရိန်းဘိုး ဆီသွားကြည့် )

9. Something found in the bathroom: Su Su San ( Don't ask anything, Just found, no reason. :P )

10. A place: Small Room with two friends.

11. The title of a song : Someone Like U.

12. Something you shout: Sold Out.. Sold Out.. :P

13. A movie title: Scorpion King.

14. Something you drink: Sugarcane Juice (သောက်ချင်ရင်ပြောနော်.. အနားမှာ ရှိတယ်.. ကြိတ်ပေးမယ်)

15. A musical group: Slayer (heavy metal တွေဆိုတာလေ.. ဟုတ်လားတော့မသိဘူး..းP)

16. An animal: Springbok (လေထဲသို ရုတ်တရက်ပေါ့ပါးစွာ မြောက်တက်အောင် ခုန်တတ်သော တောင်အာဖရိက ဂေဇဲဆိတ်သမင်ငယ်။ ကျွန်တော်နဲ့တူလို့ အဲကောင်ကို ရွေးလိုက်တာ.. ဟဲ..ဟဲ)

17. A street name: SAINT MARTIN'S DRIVE (ဒီလမ်းကိုတော့ စလုံးကလူတွေဆို မသိသူမရှိဘူးလို့ ထင်တယ်)

18. A type of car: Surf. (လမ်းကြမ်းသုံးမှာဆိုတော့ ဒါမှကိုက်မှာ.. အဟိးP.. Saloon ဆိုရင် ရဘူး)

19. Flower : Standard Mum (ဂန္ဓမာပန်း)

20.A reason for being late: Sell something and Save money before. :P

တော်တော်ကိုဆိုးတာ.. ဟွန်း..း( .. ပေါလိုက်ချင်ဘူး ကောင်လေးငယ်က အရင် Sသွားတော့ ကိုယ့်Sတွေ အကုန် ပါသွားတာ.. မနည်းကို စဉ်းစားလိုက်ရတယ်..။


ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်တကရ SI THU