ဒုက္ခပေးတဲ့အပူ ဇာတ်သိမ်းပိုင်း (သို့မဟုတ်) ပရတ်တတ်တတ်

on Tuesday, February 23, 2010

အနှိပ်သည်အဖိုးကြီး လက်စွမ်းပြလိုက်လို့ ငါးမိနစ်လောက် ပျော့ခွေသွားပြီနောက် ရေတွေငတ်လာတယ်ဗျာ.. ဒါနဲ့ ကျွန်တော်လည်း “ဦးလေး ဦးလေး.. ရေနဲနဲလောက် သောက်ချင်တယ်ဗျာ.. ဦးလေးတစ်ချက်ပဲ ကိုင်လိုက်တာ ရေတွေတောင် ငတ်သွားတယ် ဦးလေးရေ..း)”..

“ဟား..ဟား..ဟား.. ဒါတောင် အကင်းပဲ ရှိသေးတယ်နော် ကောင်လေး.. လာမယ် လာမယ်.. မင်း ဦးလေးအိမ်က မပြန်မချင်း နောက်ထပ် ရေငတ်ရမယ့် ပုံစံတွေ ရှိသေးတယ်..းP”..

အဖိုးကြီးက အဲလိုလည်း ပြောလိုက်ရော.. ကျွန်တော့်မှာ ပြုံးနေရင်းမှ ရီရမလိုလို.. ငိုရမလိုလို.. ဖြစ်သွားတာပေါ့.. စိတ်ထဲကတော့ ရေသောက်ရင်း တွေနေမိတယ်.. “အင်း.. နောက်ထပ် ရေငတ်မဲ့ ပုံစံတွေက ဘာများပါလိမ့်..”..

“ဦးလေးရေ.. နောက်ထပ် ရေငတ်မယ့်ပုံစံတွေ ရှိသေးတယ်ဆိုတော့ ခုကတည်းကလေ ရေကြိုသောက်ထားရင် ပိုမကောင်းဘူးလား” လို့ ပြောလိုက်ရင် ကောင်းမလားဆိုပြီး အတွေးတွေဝင်လာလို့ တွေးနေတုန်းမှာပဲ..

“ကဲ.. ကောင်လေး.. ဘယ်လိုလည်း သက်သာလား”..

“သသသသက် သက်သာပါတယ်ဦးလေး”..းP

“ဟုတ်ပြီး.. အဲဒါဆို ဒီတစ်ခါ မှောက်အိပ်ကွာ.. ” ..

“ဟင်.. ဦး. ဦးလေး.. မှောက်အိပ်ရမယ်.. ဟုတ်.. ဟုတ်လား..”..

“ဟုတ်တယ်လေကွာ.. ကောင်လေးကလည်း.. မင်းတို့လို နိုင်ငံခြားသွားပြီး အညောင်းထိုင်တဲ့သူတွေ ခါးကိုပါ ထိခိုက်တယ်ကွ.. အဲဒါကြောင့် ဦးလေးက ခါးကို သေချာပြင်ပေးမယ်.. အကျောတွေဘာတွေ ပြန်ပြင်ပေးမယ်ကွ.. ဦးလေးက မင်းတို့အရွယ်လောက်ကဆို သန်သလားမမေးနဲ့ ကောင်လေးရာ.. ဆန်နှစ်တင်းအိပ်ကို “ဆွပ်” ကနဲ့ ဆို ဆွဲမပြီး ကိုယ့်ပုခုံးပေါ် ကိုယ်ပစ်တယ်တာ.. အဲလိုမျိုး “ဆွပ်” ကနဲ့ အလုပ်ကောင်းလို့လေ.. “ခွပ်” ကနဲ့ဆိုပြီး ခါးမျတ်သွားတာ ကောင်လေးရာ.. တစ်ဆယ့်ငါးရက်လောက်ကို လမ်း ကောင်းကောင်း လျှောက်လို့ မရဘူး ဖြစ်သွားတာကွ..းP

“ခိခိခိ.. ဖြစ်ရလေ ဦးလေးရာ..”..

“အဲဒီအချိန်မှာပဲ ဆရာတစ်ယောက်ကနေပြီး ဦးလေးခါးကို လာနှိပ်ပေး.. လာပြင်ပေးသွားတာ.. အဲဒီပညာကို ဦးလေး ကောင်းကောင်း ရလိုက်တယ်ကွ.. အဲဒါကြောင့် မင်းခါးကို သေချာကိုင်ပေးမယ်.. ဘာမှ မပူနဲ့” ဆိုပြီး ပြောလည်း ပြောပြီးရော အဖိုးကြီးက နှိပ်တာပေါ့ဗျာ.. လက်နဲ့ ခါးကို တစ်ချက်ပဲ ထိရသေးတယ်.. ကျွန်တော့်မှာ

“အု..”.. နောက်တစ်ချက် ထပ်ထိတော့ “အိ”.. နောက်တစ်ချက် ထပ်ထိတော့လည်း “အွတ်”.. ကြာတော့ ကျွန်တော် မအောင့်နိုင်တော့ပဲ.. ဟားဟားဟား.. ဟားဟားဟား.. ဆိုပြီး ရယ်တော့တာပေါ့ဗျာ.. အဲလိုလည်း ရယ်ရော.. အဖိုးကြီးက..

“ဟ.. ကောင်လေး.. ဘာဖြစ်တာလဲ.. ဘာလို့ ရယ်တာလဲကွ..”..

“ယား.. ယား.. ယားလို့ပါ ဦးလေးရ.. ဦး.. ဦး.. ဦးလေးရာ.. ခါးကို မနှိပ်လို့ မရဘူးလားဗျ.. ဟိုလေ.. ကျွန်တော် မခံစားနိုင်လို့ပါ.. ဦးလေးနှိပ်တာ.. ကလိထိုးနေသလိုပဲ..း)”..

“ဩော်.. အဲလိုလား.. မင်းက အနှိပ်မခံဖူးလို့ပါကွာ.. လာပါ.. မှောက်စမ်းပါ.. ဒီတစ်ခါတော့ မယားစေရဘူး.. မယားတဲ့နည်း ဦးလေးသိတယ်.. မင်းက ယားတတ်တယ်ဆိုတာ အစောကမှ မပြောပဲကွာ.. အစောကတည်းက ပြောထားရင် ခုလိုဘယ်ဖြစ်မလဲ ကောင်လေးရ.. မှောက်နေ.. မှောက်နေ.. ဦးလေး ဆေးလိပ် သွားယူလိုက်မယ်” ဆိုပြီး ထသွားရောဗျာ..

“ဟိုက်.. ဒွတ်ခပဲ.. ဆေးလိပ်သွားယူမယ်တဲ့.. တေဘီချရာ.. ဒီတစ်ခါတော့ တစ်ကယ်ကို ရေမငတ် ငတ်အောင် ဆေးလိပ်မီးနဲ့ ထိုးတော့မှာလားမသိဘူး..းP”

ပြန်ရောက်လာတော့ ဆေးလိပ်ကို ဘေးမှချပြီး ကျွန်တော့်ကို စနှိပ်တော့တာပေါ့.. ခါးမှ.. ကျောပြင်.. ကျောပြင်မှ လက်ဖျံရိုး.. အဲဒီကမှတစ်ဆင့် ပုခုံး.. ဇက်.. အဲလိုတွေ နေရာလပ်မကျန် နှိပ်ပေးတာပေါ့ဗျာ.. အဲလိုနှိပ်လိုက်တော့ ယားတဲ့စိတ်က ပျောက်ပြီး အိပ်ငိုက်သလိုလိုဖြစ်သွားတာပေါ့ဗျာ..

အဲလိုငိုက်နေတုန်းမှာပဲ.. “ချပ်.. ချပ်.. ချပ်” ဆိုပြီး မီးခြစ် ခြစ်သံကိုကြားလိုက်တယ်.. ဒါပေမယ့် လူက မှိန်းချင်ချင် ဖြစ်နေတော့ လှည့်မကြည့်နိုင်ဘူး ဖြစ်နေတာပေါ့..

အဲလိုနဲ့ ကျွန်တော်ကလည်း မှိန်းနေခိုက် အဖိုးကြီးကလည်း နှိပ်တာပေါ့ဗျာ.. အဖိုးကြီးက နှိပ်ရင်း ဆေးလိပ်ဖွာရင်း ဆေးလိပ်ဖွာရင်း နှိပ်ရင်းပေါ့ဗျာ.. တစ်လှည့်မှာတော့ အဖိုးကြီး ဆေးလိပ်ကို ဖွာလိုက်တာ.. “ပရတ်တတ်တတ်” ဆိုပြီး မီးဖွားလေးတွေ စင်ထွက်တာ ကျွန်တော့်ကျောပေါ် ကျလေရောဗျာ..

အဲလိုကျတော့ ကျွန်တော်လည်း ပူတာပေါ့.. ပူတော့ “အင့်” ဆိုပြီး တစ်ချက် လှုပ်လိုက်တာ.. အဖိုးကြီးက

“ကောင်လေး.. ဘာဖြစ်လို့လဲ..”..

“ပူလို့ပါ ဦးလေး..”..

“အေး.. အဲဒီအပူတွေပဲ လူကိုဒုက္ခပေးတာ..းP အောင့်ထား.. အောင့်ထား..”..

နှိပ်ရင်းနှိပ်ရင်း နောက်တစ်ခါ “ပရတ်တတ်တ်” လည်းဆိုရော.. ကျွန်တော်လည်း “အား” ဆိုပြီး ဖြစ်ပြန်တော့ အဖိုးကြီးက..

“ဘာဖြစ်လဲ ကောင်လေး.. ပူပြန်ပြီးလား..”..

“ဟုတ်တယ် ဦးလေး..”..

“အေး.. အေး.. အဲဒီအပူတွေပဲ လူတွေကို ဒုက္ခပေးတာ.. ဒီအပူတွေ ကုန်သွားမှ မင်းသက်သာမှာ.. အောင့်ထား.. အောင့်ထား ကောင်လေး..”.. လို့ ပြောပြီး ဆက်နှိပ်ပြန်ရောဗျာ..

ဒီတစ်ခါကျတော့ အဖိုးကြီးက နှိပ်ရင်းနဲ့ နှာခေါင်းယားလာတယ်ထင်တယ်ဗျာ.. ပါစပ်က ဆေးလိပ်ကို ကိုက်ရင်း တန်းလန်းနဲ့မှ လက်နဲ့ နှာခေါင်းကို ပွတ်လိုက်တာ.. လက်က နှာခေါင်းဆီကို မရောက်ခင် လမ်းခုလတ်မှာတင်.. ဆေးလိပ်ကို တိုက်မိပြီး မီးရဲနေတဲ့ ဆေးလိပ်ထိပ်ပိုင်းက ကျွန်တော့်ကျောပြင်ပေါ်ကို ကျလေရောဗျာ.. အဲလိုမျိုး မီးခဲကျတော့ ကျွန်တော် မအောင့်နိုင်တော့ပဲ.. “ဟိုက်.. အား.. ဟိုက်” ဆိုပြီး “ငါးပြင်မ ဆားထိသလို” ဖြစ်တော့ အဖိုးကြီးက..

“ဟ.. ဟ.. ဟ.. ကောင်လေး.. ဘယ်လိုဖြစ်တာလဲ..”..

“ဘယ်လိုမှ မဖြစ်ဘူး ဦးလေးရေ.. ပူလို့.. ပူလို့.. မအောင့်နိုင်လို့.. ထခုန်တာ..”..

“အောင့်ထားစမ်းပါ.. အဲဒီအပူတွေက လူကိုဒုက္ခပေးနေတာ..”..

“မဟုတ်ဘူးဦးလေးရ.. အခုဟာက ခန္ဒာကိုယ်ထဲက အပူမဟုတ်ဘူး ဦးလေးရ.. ဦးလေးဆေးလိပ်မီးက ကျတဲ့ မီးပွားအပူကို ပြောတာ.. ဒီထက်အောင့်ထားရင်လည်း.. ကျွန်တော် အသားကင် ဖြစ်တော့မယ် ဦးလေးရ.. အဲတော့မှ.. “အဲဒီအပူပဲ ကျွန်တော့်ကို အသားကင် ဖြစ်သွားစေတာ” ဆိုပြီး လမ်းဘေးဆိုင် ရောက်နေအုံးမယ်ဗျာ “အား”.. “ကျွတ်” “ကျွတ်” “ကျွတ်” ပူထှာ..းP တော်တော်ဆိုးတဲ့.. ဦးလေး.. နေမကောင်းပါဘူးဆိုမှ.. ဇွတ်.. အဟွတ်.. အဟွတ်..း-)

ဩော်.. မေ့လို့.. “ပရတ်တတ်တတ်” “ပရတ်တတ်တတ်” ဆိုတာက ဆေးလိပ်ကို အားရပါးရ ရှိုက်ဖွာလိုက်ရင် မီးပွားစင်တဲ့အသံနော်.. ပရတ်တတ်တတ်.. ပရတ်တတ်တတ်..းP

အားလုံပဲ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေလို့ ဆုတောင်းပေးရင်း
စည်သူ(ပေါက်ကရအတွေးအပိုင်းအစများ)

14 comments:

ဒဏ္ဍာရီ said...

ဖြစ်ရမယ် စည်သူရယ်..... :)
တကယ်ကို ပေါက်ကရ ရေးလည်း ရေးတတ်တယ်။ အမက ဖတ်နေရင်းနဲ့ (ပရတ်တတ်တတ်) ဆိုတာ ဘာများလဲ အဖိုးကြီးက အပေါ်ကနေ မန်းများနေလားလို့ တော်တော် စဉ်းစားပြီး ဖတ်လာရတာ အောက်ဆုံးရောက်မှ မီးပွားစင်တာမှန်းသိတော့တယ်။ တော်သေးတယ် ကျော်ပြင်ကို ဗျောတင်မလွှတ်လိုက်တာ။း))

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

kaungkinpyar said...

ဖရပ်ဖရပ်..ဖရပ်ဖရပ် လို့ ရေးအေ...ဟိဟိ

ဆေးလိပ်မီး ပူနေတာနဲ့ ခါးသေချာ မနှိပ်ခဲ့ရဘူးပေါ့..း)

မြစ်ကျိုးအင်း said...

တော်သေးတာပေါ့ မီးပွားက ကျောပေါ်ကျလို့ :)

ဒါနဲ့ အရင်ပို့စ်အတွက် ဓါတ်ပုံရိုက်ပြီးပြီလား ...း)

သိင်္ဂါကျော် said...

သူများ ဒုက္ခရောက်တာကို ရယ်တာတော့ မဟုတ်ဘူး..
:D တကယ်ရယ်ရလို့..

ရေတမာ said...

လူနောက် ရေငတ်မယ့်အပေါက်ဆိုလို့ ဘာများလည်းလို့။ အနှိပ်ခံတာ ကောင်းတာပေါ့ဗျာ။ နောက်တခါ ပရတ်တတ်တတ် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်းP

Waing said...

ကြံကြံဖန်ဖန် စဉ်းစားတတ်တာပဲတော်း)

ခရေညို said...

ဖြစ်မှဖြစ်ရလေ တိုချီတူ ရယ်
တော်သေးတာပေါ့ ဆေးလိပ်မီးက ကျောတင်ထိလို့

တောင်ပေါ်သား said...

အဟားဟားးးးး ပူသွားလားးးးးးးးးးး ထက်လင်းလူးလိုက် ချက်ခြင်းထူးးးးးးးမယ်.......ကျွတ်” “ကျွတ်” “ကျွတ်” ပူထှာ.. သူလဲ ပူထှာ လုပ်တတ်တယ်ပေါ့လေ အဟားးးးးး


လေးစားလျက်
တောင်ပေါ်သား

ဂျပန်ကောင်လေး said...

ကိုစည်သူကြီးဗျာ... လုပ်ပြီ... မဟုတ်တရုတ်တွေ....း)))).....

ခင်မင်တဲ့
ဂျပန်ကောင်လေး

Angel Shaper said...

ဟဟဟားးးးးးးးးးးးးးးးး
နောက်တယ်။ တော်တော်နောက်တာပဲ။
ဟုတ်တယ်။ ပန်ကြီးပြောသလိုပဲ....
လုပ်ဦး ကိုကြီးစည်သူ ပေါက်ရလေးတွေ ခစ်ခစ်။
အားရပါးရရယ်သွားတယ်နော်။ ဟဲဟဲ

မေဇင် said...

ပရတ်တတ်တတ်...ဟုတ်ပ..အဲ့ဒါ ဆေးပေါ့လိပ် မီးဖွား စင်တဲ့ အသံပဲ...။း))

ကိုလူထွေး said...

းD မီးဖွားက အဲလောက်ပဲ အသံပြင်းရသလား...

ပေါက်တတ်ကရ...

ဒါနဲ့ နှိပ်နည်းလေးတွေ သိသွားပြီဆိုရင်...............

းဝ)

flowerpoem said...

ဟား၂ ကျွန်မမေမေ ပြောပြဖူးတုန်းက ပုံပြင်လိုပဲ ခုကိုစည်သူ ကတကယ်ခံရတာကိုး

ဏီ(န်)ကင်း said...

တော်တော်ဒုက္ခပေးတဲ့အပူပဲ...မျက်စိထဲမြင်ယောင်မိတယ်... ဟ ဟ ... အလုပ်မှာငိုက်နေတာ..
ဒီလူကြီးအပူတွေပေးလို့..လန်းဆန်းသွားပြီ