အကျင့်

on Sunday, November 22, 2009

တောရွာလေး တစ်ရွာမှာပေါ့.. “အကျင့်” နဲ့ ပက်သက်လို့ ဆုံခဲ့ ကြုံခဲ့တာလေး မျှဝေချင်တာနဲ့ ရေးလိုက်တာပါ.. ဗဟုသုတ ရမယ်လို့လည်းထင်ပါတယ်.. လူနှစ်ဦးရဲ့ စကားပြောဟန်ကို သရုပ်ဖော်ထားတာဖြစ်လို့.. စာဖတ်သလို မဖတ်ပဲ စကားပြောဟန်နဲ့ ဖတ်မယ်ဆိုရင် သရုပ်ပေါ်မယ်လို့ ထင်ပါတယ်.. သရုပ်မပေါ်ခဲ့ဘူးဆိုရင်လည်း ကျနော် ပေါက်ကရအတွေအပိုင်းအစများရဲ့ ညံ့ဖျင်းမှုကြာင့်လို့ ရဲရဲကြီး အာမခံပါတယ်..

*****************

“ဟဲ့.. “မေမှုန်”.. ညည်းကတော့လေ ယောက်ျားရတာ ကံကောင်းလိုက်တာအေ.. ခုခေတ် ယောက်ျားတွေက သိပ်ပြီးယုံရတာ မဟုတ်ဘူးအေ.. လူကိုကြည့်တော့ အေးမလိုလိုဘာလိုလိုနဲ့ မခုတ်တတ်တဲ့ကြောင်လိုပေါ့.. သေချာအတွင်းကျကျ လေ့လာကြည့်တော့မှပဲ တကယ့်ကျား ဖြစ်နေတာ.. ငါတို့ မိန်းမသားတွေမှာလည်း အဲလိုနဲ့ ခံခဲ့ရတာများတယ်.. တစ်ခါတစ်လေ မိန်းမမာယာက စွမ်းပေမယ့် ယောက်ျား ပရိယာယ်ကို မမှီပြန်ဘူး “မေမှုန်” ရယ်..”..

“ဟုတ်တော့ ဟုတ်ပါတယ် ကြီးမေရယ်.. ဒါပေမယ့် “မေမှုန်” လည်းလေ မိဘ သဘောတူလို့သာ ယူလိုက်ရတာ “ကိုအောင်” အကြောင်းကို သေချာသိတာ မဟုတ်ဘူး ကြီးမေ..”

“ပူပါနဲ့အေ..“မောင်အောင်” ဆိုတာက.. ဟော.. တစ်ရွာလုံးသိ.. ရိုးတာမှလေ ပါစပ်ထဲ လက်ထည့်တာတောင် ညည်း “မောင်အောင်” က ကိုက်မယ်မထင်ဘူးအေ.. ညည်းမယုံရင် သွာထည့်ကြည့်ပါလား.. ခိခိခိ..”

“ကြီးမေနော် ကြီးမေ.. ဘာလို့သွားထည့်ရမှာလဲ.. သွားထည့်လို့ ဟိုက ကိုက်လိုက်မှဖြင့် မလက်တို ဖြစ်နေအုံးမယ် ကြီးမေလက် သွားထည့်ကြည့်ပါလားလို့..”..

“မေမှုန်ရယ်.. ညည်း “မောင်အောင်” လို ဥစ္စာပေါ ရုပ်ချော ရိုးရိုးအအ မခုတ်တတ်တဲ့ကြောင်လို ယောကျာင်္းမျိုးရဲ့ ပါးစပ်ထဲ နင်သာခွင့်ပြုမယ်ဆိုရင်လေ.. လက်တစ်ချောင်း မပြောနဲ့.. ဟောလို.. ဟောလို.. ဟော့ဒီလို.. ဟော့ဒီလို လက်တစ်ချောင်းမက နှစ်ချောင်း.. သုံးချောင်း.. လေးချောင်း.. (((((((အိုးး))))))) ကြီးမေ.. တစ်ကိုယ်လုံးသာ ပစ်ဝင်ပလိုက်မှာအေ..”..

“ဟာာာာ.. ကြီးမေက ဘာမှန်းလဲမသိဘူး.. ပြောလိုက်ရင် အမြဲတမ်း အဲလိုပဲ”..

“ကြီးမေ တကယ်ပြောတာပါအေ.. ကြီးမေသာလေ.. ခုနေ အသက် အစိတ်(၂၅)လောက် ပြန်ငယ်သွားကြည့်.. ဟော.. ညည်း “ကိုအောင့်” လို ယောက်ျားမျိုး ရလို့ကတော့.. ဟင်း.. ခုနကပြောသလိုကို လုပ်ပစ်လိုက်မှာ..”

“ဒါဆို ကြီးမေရဲ့ “ဦးစိန်” ကြီးကရော.. မကောင်းလို့လား ကြီးမေရဲ့..”..

“တော်ပါအေ.. အိမ်က ဒီကာလနဂါးအကြောင်း မပြောပါနဲ့.. တစ်နေ့တစ်နေ့ အိပ်ဖို့နဲ့ စားဖို့လောက်ပဲသိတာ ညည်း “ဦးစိန်” အကြောင်း ညဉ်းသိသားနဲ့.. စားပြန်ရင်လည်း ကြီးမေအတွက် မကျန်အောင်ကို စားတာ.. အိပ်ရင်လည်း အဲလိုပါပဲအေ.. လူကသာအိပ်တာ.. ညည်း “ဦးစိန်” ပါးစပ်က အိပ်တာမဟုတ်ဘူး.. တဖူးဖူး.. တရှူးရှူးနဲ့ မှုတ်နေတာ.. တစ်ခါတစ်ခါများဆို အသက်ငင် သလိုမျိုး ခခခခခခေါခလူး.. တစ်ခါတစ်ခါ မော်တော်ခုတ်သလိုမျိုး ဖလူးတူးတူတူးတူးနဲ့.. ပြီးတော့.. ပါးကဖောင်းလာလိုက် ပြန်ပိန်သွားလိုက်.. နှုတ်ခမ်းက ထော်တက်လာလိုက် ပြန်စေ့လိုက်နဲ့ မရိုးနိုင်ပါဘူးအေ..”..

“ကြီးမေပဲ အရင်က ပြောခဲ့တယ်လေ.. ညည်းတို့ ကြည့်ထားကြ.. ညည်းတို့ ယောက်ျားယူရင် “ဦးစိန်” လို ယောက်ျားမျိုး ရွေးဆို.. ခုတော့ ဘယ်လိုဖြစ်တာလဲ ကြီးမေရဲ့..”..

“ဩော်.. “မေမှုန်” ရယ်.. ကြီးမေလည်း ဘယ်သိမလဲအေ.. ညည်း “ဦးစိန်” နဲ့ ကြီးမေက ညည်းလိုပဲလေ.. မိဘချင်း သဘောတူ ပေးစားတာဆိုတော့ သေချာတော့ ဘယ်သိမလဲအေ့.. မညားခင်ကဆို ညဉ်း “ဦးစိန်” က အတော့်ကို ရှက်တတ်တာအေ.. ကြီးမေရှေ့မှာများ လမ်းဖြတ်လျှောက်ရင်လေ.. ဘယ်ခြေကို အရင်လှမ်းရမလို.. ညာခြေကို အရင်လှမ်းရမလိုနဲ့.. “ပုဆိုးတွေတုပ် ခြေထောက်ခြင်းခုပ်လို့”.. ခိခိ.. လုံချည်ကျွတ်ပြီး မလဲရုံတမင်ပါ “မေမှုန်” ရယ်..”..

“ဩော်.. ကြီးမေကလည်း “ဦးစိန်” ကြီးက ကြီးမေကို ချစ်ရှာပါတယ်.. သဘောလည်း အရမ်းကောင်းတယ်.. ခုပဲ ကြည့်လေကြီးမေရဲ့.. သူများတွေကို စေတနာပါပါနဲ့ ကူညီတတ်တာရယ်.. ပြီးတော့.. ကြီးမေကို အရမ်းချစ်တော့ ကြီးမေ ဘာပြောပြော ပြန်မပြောဘူး.. ချစ်လို့ အနစ်နာခံတာပေါ့ ကြီးမေရဲ့.. ခိခိခိ..”..

“ညည်းပြောတာ ဟုတ်တော့လည်း ဟုတ်ပါတယ်အေ.. ဒါပေမယ့် ဘာပြောပြော ပြန်ခံပြောကြည့်ပါလား.. အနစ်နာမခံကြည့်ပါလား.. ဒင်း.. ပါးရှစ်စိတ်ကွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကနေ ခေါင်းနဲ့ဆင်းသွားရမှာ.. ကြီးမေအကြောင်း ညည်း “ဦးစိန်” က သိလို့ ခုလို ဘာမှပြန်မပြောပဲ အနစ်နာခံပြီး.. ငြိမ်နေတာ.. ကြီးမေကို ချစ်လှတယ်လို့တော့ ညည်းမထင်နဲ့..”..

“ယောက်ျားပရိယာယ်ဆိုတာ အဲဒါပေါ့အေ.. ပရိယာယ်သုံးထားတာ သိလျှက်သားနဲ့ ကြီးမေတို့ မိန်းမသားတွေမှာ အဲဒီ ပရိယာယ်မြစ်ထဲ မျောပါနေကြတာ.. ဟင်း.. စတွေ့တုန်းကတော့ ဝတ်တာ စားတာကစ ပြောဆို ဆက်ဆံတာ နေတာထိုင်တာ.. သွားတာလာတာအဆုံးပေါ့အေ.. တွေ့သမျှ ယောက်ျားလေးတွေထဲမှာ ညည်း “ဦးစိန်” က အတော်ဆုံးပဲအေ.. အရင်က အဲလို ချီးကျူးစရာ ဖြစ်ခဲ့သလောက်.. ခုနေများ ကဲ့ရဲ့စရာ အကောင်းဆုံးလို ဖြစ်နေပြီး “မေမှုန်” ရယ်.. အဲဒါကြောင့်ပြောတာအေ.. ယောက်ျားတွေများ သူတို့ မရခင်တုန်းက တစ်မျိုး.. ရပြီးတော့ တစ်မျိုးဆိုတာလေ.. မရခင်ကတော့လေ ရိုးလိုက်တာ.. ရိုးလိုက်တာ.. ရပြီးတော့ လုပ်ချင်ရာ လုပ်တော့တာပဲ.. ပြီးတော့ သူတို့ယောက်ျားတွေ.. ပါးစပ်ကပါ ပြောလိုက်သေးတယ်.. မိန်းမမာယာ သဲကိုဖြာတဲ့.. ကြီးမေတို့က သဲကိုဖြာပဲရှိတာ.. သူတို့တစ်တွေကြတော့လေ ယောက်ျားပရိယာယ် သောင်တစ်ပြင်လုံး.. အဲလိုပြောရမလို ဖြစ်နေတာအေ.. အဲဒါကြောင့်ပြောတာ “မေမှုန်” ရယ် ညည်းလေ “မောင်အောင့်” လို ယောကျော်းမျိုးရတာ ကံကောင်းတယ်..”..

“ဒါ.. ဒါ.. ဒါ.. ဆိုရင် “ကိုအောင်” က.........
..............................................................
..............................................................
.............................................................,

“ဩော်.. “မေမှုန်” ရယ်.. ညည်းရဲ့ ချစ်ကိုကို “မောင်အောင်” က အဲလို ယောက်ျားမျိုး မဟုတ်ပါဘူး.. ကြီးမေ ကြည့်လိုက်တာနဲ့ သိတယ်.. ကြီးမေ လူကဲခတ် မညံ့ပါဘူးအေ.. ညည်းမပူပါနဲ့..”..

သုံးလခန့် ကြာလေသောအခါ.. ဒန်.. ဒန့်.. ဒန်.. ဟန်ဟန်..

“ညည်းကလည်းနော်.. နေနိုင်လိုက်တာ “မေမှုန်” ရယ်.. ယောက်ျားရပြီးကတည်းက ကြီးမေဆီကို တစ်ခါမှ မလာတော့ဘူးအေ.. ညည်းကလည်းလေ.. မရခင်တစ်မျိုး ရပြီးတစ်မျိုးပဲ ထင်ပါတယ်အေ.. “မောင်အောင်” ကောင်းကြောင်း မင်းသိသွားပြီပေါ့လေ”.. ခိခိခိ..

“ဟာာာာ.. ကြီးမေကလည်း.. ဘာတွေ ပြောနေမှန်းမသိဘူး သတိရလို့ လာလည်တာကို..”..

“ကြီးမေ ဘာပြောလို့လဲ.. ညည်းကလည်း ပေါက်ပေါက်ရှာရှာ မတွေးစမ်းပါနဲ့အေ.. “မောင်အောင်” ရဲ့ ရိုးသားပြီး ကြိုးစားတာကို ပြောတာပါအေ.. ဟုတ်တယ်မှတ်လား..”..

“အာာာာ.. ကြီးမေနော်.. အဲလိုသာ ဆက်ပြောမယ်ဆိုရင် “မေမှုန်” ပြန်တော့မယ်နော် ကြီးမေ..”..

“အေးပါ.. “မေမှုန်” ရယ်.. ကြီးမေက “မေမှုန့်” ကို ချစ်လို့စတာပါအေ.. ဒါနဲ့ မေးရအုံးမယ်.. ညည်းက ယောက်ျားရပြီး ဘယ်လောက်မှ မကြာသေးဘူး.. ဘာဖြစ်လို့ တအားပိန်သွားရတာလဲ.. ညည်းကိုကြည့်ရတာ အစားအသောက် ပျက်ပုံလည်း မပေါ်ဘူး.. ယောက်ျားနဲ့ အဆင်မပြေတာလည်း မဖြစ်နိုင်ဘူး.. စိတ်ဆင်းရဲလို့ ဆိုပြန်ရင်လည်း မဖြစ်နိုင်ဘူး.. ဖြစ်နိုင်တာ တစ်ခုပဲရှိတာ ညည်း.. အိပ်ရေးပျက်လို့ပဲ ဖြစ်ရမယ်.. ပြောစမ်း.. ပြောစမ်း.. “မောင်အောင်” က ညည်းကို ညညကျ ဘာတွေ ဘယ်လိုလုပ်လဲ ပြောစမ်းပါအေ.. ငါ့တူမကို ညည မအိပ်နိုင်အောင် ဒင်း.. ဘာညာသာရကာလုပ်လို့ကတော့.. ကြီးမေအကြောင်း သိသွားမယ်.. ကြီးမေတဲ့ (((ဟေ့))).. တစ်မေထဲရှိတာ..”..

“တိုးတိုးပြောစမ်းပါ ကြီးမေရာ.. သူများတွေ ကြားသွားရင် တစ်မျိုးထင်နေပါအုံးမယ်..”..

“အိုးး.. ထင်ချင် ထင်စမ်းပါစေအေ.. မှန်တာပြောတာ ဘယ်သူ့ကိုမှ ဂရုမစိုက်နိုင်ဘူး.. ညည်း.. ပြောမှာသာ ပြောစမ်းပါအေ”

“ဟုတ်တယ် ကြီးမေရာ.. “ကိုအောင်” ကလေ ညညအိပ်ရင် တအားဟောက်တာ.. “မေမှုန်” ဘယ်လိုမှကို အိပ်လို့ မရဘူး.. ကိုယ့်ယောက်ျားဆိုတော့လေ.. ဘယ်ပြောရက်မလဲ.. နော်ကြီးမေ.. ချစ်တာဆိုတော့လည်း နှိုးလိုက်လို့.. သူများ နိုးသွားခဲ့ရင် အိပ်ရေးပျက်မှာစိုးလို့ မနှိုးပဲ “မေမှုန်” တစ်ယောက်ထဲ ထထထိုင်နေရတာ.. “မေမှုန့်” အပေါ် “ကိုအောင့်” အချစ်လျော့သွားမှာလည်း စိုးလို့ပါ ကြီးမေရာ.. အဲဒီချိန်မှာ နှိုးလိုက်ရင် သူ စိတ်ဆိုးမယ်ထင်တယ်.. နော်.. ကြီးမေ..”..

“အောင်မယ်လေး.. “မေမှုန်” ရယ်.. ညဉ်းအဖြစ်ကလည်းလေ ကြီးမေအဖြစ်နဲ့ နှစ်ကိုယ်ခွဲပါပဲလား.. တူတာမှလေ ချွတ်စွတ်ပါပဲလားအေ.. မရခင်ကသာ မင်းကို ဘာညာပြောမှာ.. ခုနေခါများ နှိုးလိုက်လို့ကတော့ ညဉ်းမျက်နှာမှာ လက်ဝါးစင်းရာတို့.. ကွမ်းသီးဖုတို့ ထသွားလိမ့်အေ.. ယောက်ျားတွေများ အအိပ်အနေနဲ့ ပတ်သက်လို့ မရဘူး.. ညည်းသာ သွားနှိုးလိုက်လို့ကတော့.. မလွယ်ဘူးသာမှတ် “မေမှုန်” ရေ..”..

“ဒါနဲ့..“မေမှုန်” ကို ကြီးမေတစ်ခု ပြောပြမယ်..“အစတော့ နဲနဲကျပ်မယ်.. ကြာတော့လည်း ချောင်လည်သွားရော” ဆိုသလိုပေါ့အေ

“ဟာာာ.. ကြီးမေစကားက ဘာစကားကြီးလဲ..”..

“အော် “မေမှုန်” တို့က ခုမှ ညာခါးစဆိုတော့.. သူ ညညအိပ်ရင် ဟောက်တာကို ဘယ်ခံနိုင်ရည်ရှိမလဲ.. ကိုက ချစ်လို့ သည်းခံတာကိုး.. အနေအထိုင် ကျပ်တာပေါ့အေ.. နောက်တော့လည်း အဆင်ပြေသွားမှာပါအေ.. တွေးမပူပါနဲ့.. ညည်း “ဦးစိန်” တုန်းကလည်း အဲလိုပဲ.. ကြီးမေ ပြောတယ်မှတ်လား ညညအိပ်ရင်လေ.. ဟောက်တာ.. ဟာက်တာ အသက်ငင်နေ သလိုလို.. သဘောင်္တစ်စီး ခုတ်မောင်းနေ သလိုလိုလေ.. ဘယ်လိုမှ အိပ်လို့ကို မရဘူး.. ဟော.. ခုတော့လည်း.. အဲဒီဟောက်သံကို မကြားရရင် အိပ်မပျော်ဘူး “မေမှုန်” ရေ.. ဘာတဲ့.. ခုခေတ် နာမည်ကြီးနေတဲ့ စိုင်းစိုင်းလားရှိုး ဆိုလား.. ဘာဆိုလား.. နောက်.. စကားပြောသလို ရန်ဖြစ်သလိုလိုနဲ့ သီချင်းဆိုတဲ့.. အနာဂါတ် ဆိုလား.. နောက်.. ရေကဗျာဝင်း ဆိုလား.. ရေပက်ရင်ဝင်း ဆိုလား.. ဘာဆိုလား.. နောက်.. ရှိပါသေးတယ်အေ.. အဆိုရောအသံပါ အရမ်းကောင်းတဲ့ ဟို.. ဟိုအဆိုတော်လေ.. Rလွန်းဝါ ဆိုလား.. Lဇာနည် ဆိုလား.. အဲဒီအဆိုတော်တွေနဲ့ လဲမယ်ဆိုရင်တောင် ညည်း “ဦးစိန်” နဲ့ မလဲနိုင်ဘူးအေ..”..

“အဲဒီ အဆိုတော်တွေက ညည်း “ဦးစိန်” လိုမျိုး ဟောက်တတ် ပ့ါမှာလား.. တတ်မှာမဟုတ်ဘူးအေ.. သူတို့ရဲ့ သီချင်း အသံနဲ့ ညည်း “ဦးစိန်” ဟောက်သံနဲ့ ကြီးမေတော့ မလဲနိုင်ဘူး “မေမှုန်” ရေ.. ဒါ.. “အကျင့်” ပဲအေ.. တစ်ခါတစ်ခါ ဟောက်သံမကြားလို့ အသက်မှ ရှူသေးရဲ့လားဆိုပြီး နှာခေါင်းပေါက်ဝက လေဝင်လေထွက် ရှိမရှိ ထထစမ်းရတယ် “မိမှုန်” ရေ.. အခုတော့လည်း အကျင့်ဖြစ်နေလို့.. ညညအိပ်ရင် ညည်း “ဦးစိန်” ရဲ့ သံစဉ်ချိုမြတဲ့ တေးသွားတွေနဲ့ အိပ်ရတာ အဆင်ပြေလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ခိခိ..”..

“ညည်းလည်း အကျင့် ဖြစ်သွားရင် ကြီးမေလိုပဲနေမှာ.. “ကိုအောင်” လုပ်ပါအုံး.. အဲ.. ကြီးမေမှားလို့.. “ကိုအောင်” ရေ ဟောက်ပါအုံး.. “ကိုအောင်” ရေ ဟောက်ပါအုံး.. ဆိုပြီး ညည်း “ကိုအောင်” က မဟောက်နိုင်လို့ ထွက်ပြေးရမှာကို ကြီးမေတော့ မြင်ယောင်နေမိတယ်.. ပြီးတော့မှ ညည်းလည်းလေ.. ကြီးမေရေ.. “မေမှုန်” လည်း “ကိုအောင့်” ရဲ့ သံစဉ်ချိုမြ တေးသွားတွေနဲ့ အိပ်ရလို့.. အိပ်ရေးလည်းဝလို့.. ဝလို့.. ဖီးလို့.. ဆိုပြီး “ကျား” ကိုးကောင် စားမကုန်တဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပါအုံးမယ် “မေမှုန်” ရေ.. ခိခိခိ..”..

ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ကောင်းသောအမူအကျင့်ကို ဆောင်နိုင်ကြပြီး မကောင်းသောအမူအကျင့်ကို ရှောင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ တိုက်တွန်းလိုက်ပါတယ်..။

“အကျင့်” နှင့် ပက်သက်၍ မိမိသိသလို ဟာသဉာဏ်ကွန့်ပြီး ယခုလိုရေးသားတင်ပြခြင်းသည် တစ်စုံတစ်ရာ ရိုင်းစိုင်းမှုများ.. ချွတ်ချော်မှုများ ရှိခဲ့ပါက ကျွန်တော် ပေါက်ကရအတွေးအပိုင်းအစများမှ ညံ့ဖျင်းမှု တစ်ခုသာ ဖြစ်ကြောင်း ထပ်မံ၍ ဝန်ခံလိုက်ရပါသည်။

ပေါက်ကရအတွေးအပိုင်းအစများမှ (စည်သူ)

23 comments:

ဂျပန်ကောင်လေး said...

အဲ... ၁

ဂျပန်ကောင်လေး said...

ဟောက်တာကတော့ အတော်စိတ်ကုန်ဖို့ကောင်းသဗျာ.... ကိုယ့်ကိုယ်ကို အတော်သတိထားနေရတယ်... မသိပဲနဲ့ ထဟောက်နေမှဖြင့်... ဟီး

Anonymous said...

စည်စည် လည်းဟောက်တယ်မှတ်လား
ဟိုတခါပြေားပြထားတယ်လေ မှတ်မိလား
ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ဤတွင်ခိခိခိ.. အဆုံးသတ်ပါ၏..။

ဟိဟီဟီး

ခရေညို said...

ကိုစည်တူ ရေ
စကားပြောသလိုပဲ ကျယ်ကျယ်လေးအော် ဖတ်လိုက်တယ် :) ဟောက်တာကြီးတော့ နားထောင်ပြီးမအိပ်နိုင်ပါဘူး

မေဇင် said...

အဲ့ဒါလဲ အကျင့်ပေါ့.... ဟုတ်လား...ဟောက်သံနဲ့မှ အိပ်ပျော်တယ်... ဟဟဟ အဲ့ဒီ အကျင့် မရှိချင်ပါဘူး...။

ဒဏ္ဍာရီ said...

စည်သူရဲ့ အတွေးနဲ့ ရေးထားတဲ့ အကျင့်ဆိုတာလေးကို ဖတ်သွားတယ်နော်။ အင်း .... ဒီတူအရီး နှစ်ယောက်ကတော့ ကံတူအကျိုးပေး ထင်ပါရဲ့။ ယောကျာင်္းရတာများ အကျင့်တူတာ ရတတ်ပေတယ်။း)

ဒီလောက် သဘောင်္ခုတ်သလို ဆူညံ ပွက်လောထ နေရင်တော့ အိပ်လို့ရမယ် မထင်ဘူး။း)


ခင်မင်လေးစားလျှက်

rose of sharon said...

ဟောက်သံကတော်တော်ဆိုးမှာနော်... အမဆို ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ဘူး...

Waing said...

ကိုစည်သူကိုယ်တိုင် ပြောပြနေဟန်နဲ့ နားထောင်ပြီး လာဖတ်သွားပါတယ်း)
ရွှီး ရွှီး လေချွန်သံဟုတ်ဝူးနော် zzzzzzzzzzzzz...........
(မှတ်ချက်။ ။ ကိုစည်သူ့ ဟောက်သံ)

သိင်္ဂါကျော် said...

အဲလို အကျင့် ဖြစ်ဖို့တော့ လွယ်ဖူးနဲ့ တူတယ်...

ကောင်းကင်ပြာ said...

ဟောက်သံကြီးကိုတော့ ဂီတသံလို့ မထင်နိုင်ပါဘူးကွယ်...

စိုင်းစိုင်းလားရှိုး said...

ခူးခူး ခလူးခလူး ခေါခေါ ဘော်ပီးပေါ် ပေါပြီးရင်းပေါ်း)

မိုးစက်အိမ် said...

ပေါက်ကရမဟုတ်ဘူး ကိုစည်သူရေ တစ်ခုခုအသိသင်
ခန်းစားပေးလိုက်တာ ဗျ . . . တန်ဖိုးရှိပ အစကတော့
ဖတ်နေတာ ယောက်င်္ကျားဇာတ်နာတယ်ထင်နေတာ
နောက်မှ မိန်းကလေးတွေ သိဖို့  နားလည်ဖို့  ပါးပါးလေး
ပုတ်ထားတာဘဲ ပညာပါတယ်ဗျို့  . . . Bravo :)

flowerpoem said...

ပေါက်ကရ ကိုစည်သူ :P

Unknown said...

ဘာတွေလဲ ? ညဏ်မမီပါ

မြစ်ကျိုးအင်း said...

အကျင့်ကို အကျင့်ဖြစ်သွားရင် အဆင်ပြေသွားတာပါပဲ

ဟောက်တဲ့သူနဲ့ နေပေမယ့်ကြာလာတော့လည်း အသား ကျသွားမယ်ထင်တယ်။

ကိုလူထွေး said...

ဖရုဿဝါစာ ပြောတတ်တဲ့ ကြီးမေရဲ့ အကျင့်ကတော့ အတော်ဆိုးတယ်...

စည်သူရေးတယ်လို့တောင် မထင်ရဘူး...း)

ကြီးမေကိုကဆိုးတာပါ...

းဝ)

ခြေလှမ်းသစ် said...

ကိုစည်သူရေ ဟုတ်တယ်ဗျ အကျင့်ဆိုတာ ကောင်းတာကို ဆက်လက်ကျင့်သုံးပြီး မကောင်းတာဆို စွန်လွှတ်သင့်တယ်ဗျ ....

ရေတမာ said...

ဟုတ်လောက်မယ်ဗျ။ ကြာတော့လည်း ရိုးသွားမှာပါပဲ။ ကျနော်တော့ မသိသလိုနဲ့ ကန်ထည့်လိုက်တာပဲ။ ဒါပေမယ့် ဟောက်သံကိုတော့ မုန်းတယ်ဗျာ။

Dream said...

ဘုရားဘုရား...မဟောက်တတ်တဲ့ယောင်္ကျားကို ရှာယူမှနဲ့တူပါ့... အစမ်းတရက် ပေါင်းကြည့်ရ မလိုဖြစ်နေပြီ....ဟတ်ဟတ်...

ဟောက်တတ်တဲ့ ယောင်္ကျားနဲ့သာ ရရင်တော့ သွားပါပြီ သွားပါပြီ..ကိုယ်ကျိုးနည်းပါပီ....း(

ဟောက်သံတော့ မခံနိုင်ဘူး....း))

Dream said...

ဘုရားဘုရား...မဟောက်တတ်တဲ့ယောင်္ကျားကို ရှာယူမှနဲ့တူပါ့... အစမ်းတရက် ပေါင်းကြည့်ရ မလိုဖြစ်နေပြီ....ဟတ်ဟတ်...

ဟောက်တတ်တဲ့ ယောင်္ကျားနဲ့သာ ရရင်တော့ သွားပါပြီ သွားပါပြီ..ကိုယ်ကျိုးနည်းပါပီ....း(

ဟောက်သံတော့ မခံနိုင်ဘူး....း))

Dream said...

ဘုရားဘုရား...မဟောက်တတ်တဲ့ယောင်္ကျားကို ရှာယူမှနဲ့တူပါ့... အစမ်းတရက် ပေါင်းကြည့်ရ မလိုဖြစ်နေပြီ....ဟတ်ဟတ်...

ဟောက်တတ်တဲ့ ယောင်္ကျားနဲ့သာ ရရင်တော့ သွားပါပြီ သွားပါပြီ..ကိုယ်ကျိုးနည်းပါပီ....း(

ဟောက်သံတော့ မခံနိုင်ဘူး....း))

Unknown said...
This comment has been removed by the author.
Unknown said...

ရေးထားတာအရမ်းပြေပြစ်ပါတယ်။
ဒါနဲ့စကားမစပ် ဟဲဟဲ ကျွန်တော်မဟောက်တတ်ဘူးဗျ။