လွမ်းလွန်းလို့ လည်လည်လာလှည့်

on Thursday, July 9, 2009

လာလာ လာလာ
လွမ်းလွန်းလို့ လေ
လည်လည်လာလှည့်
လာလှည့်လည်လည်
လည်လည်လှည့်လာ
လည်လာလှည့် လွမ်းလို့ 
လွမ်းလို့  လည်လာလှည့်လေ..။

လာလာ လာလာ
လည်လာလှည့်လာ
လှည့်လာလည်လည်
လာလှည့် လေ့လာ
လာလေ့လာလှည့်
လာလေ့လာလိုလျှင်
လာလေ့လာလို့ လည်း
လာလေ့လာလို့ လေ
လိုလိုလားလား
လာလေ့လာလှည့်လေ..။

လာလာလာလာ
လာလည်လှည့်လေ
လာလည်လှည့်လျှင်
လာလည်လို့ လေ
လာလည်လို့  လွမ်းလိုက်လေ..။

လာလာလာလာ
လည်လာလှည့်လေ
လည်လာလှည့်လျှင်
လည်လာလို့ လေ
လိုလိုလားလား
လှိုက်လှိုက်လှဲလှဲ
လွမ်းလွန်းလို့  လည်လည် လာလှည့်လေ..။


စည်သူ..။ှဲ



11 comments:

rose of sharon said...

'လ' တွေဖောဖောသီသီသုံးပြီးစပ်ဆိုထားတဲ့ကဗျာလေးကို လာလည်ပြီးဖတ်သွားပါတယ်

မေဇင် said...

အမလေး...ဟုတ်ကဲ့ လာလည်ပါတယ်ရှင်...။း)

kaungkinpyar said...

လွမ်းလွန်လွန်းလို့ လည်လည်လာတာ လည်တည်တည်ဖြစ်ပီး ပြန်သွားပါတယ်

Dream said...

လာလာလည်လို့လည်လည်လာလိုက်လာလွမ်းလို့လည်သွားတယ်..
လတွေဖတ်ရင်းလည်သွားတာ မူးတွားဒယ်.. ဟွင့်

ချီတူချီတူ..ဦးဦးချီတူ ထရေးဒွေကို လည်အောင်လုပ်တွားရယ်........

ကိုရင်ညိန်း said...

လွမ်းလွန်းလို့ လည်လည်လာလှည့် ဆိုလို့ လာလည်လိုက်တာ လူလဲ လည်တည်တည် ဖြစ်ပြီး လူးလိမ့်လွင့်ထွက် မသွားအောင် မနည်းထိန်းလိုက်ရတယ် အရေးအသားက လက်လက် ထပြီး လန်ထွက်နေပါလား.. အဟေးဟေး

မယ့်ကိုး said...

စကားမပီပေမယ့် စာရေးကောင်း ကဗျာရေးကောင်းပဲ ....
လူလည်းလည်လွန်းလို့  ... မထိန်းနိုင်တော့ :)

ဇော် said...

ဟုတ်ပါ့ဗျာ
လူလဲ လည်သွားတာပဲ။ အဟက်။
ကိုရင်နော်ရဲ့ ချစ်ချစ်ချစ် ဆိုတဲ့ကဗျာထက် ဆိုးတယ်။
အဟီး။ =D

ကိုရင်နော်ခင်လေးငယ် said...

ဝေးးး.. တစ်လုံးကဗျာ ရေးဖော် တစ်ယောက် ရပြီကွ..

ဦးနော်လည်း တစ်လုံးကဗျာတွေ ရေးခဲ့သေးတယ်..း)

အားပေးတယ်ညီရေ... ချကွ..

လင်းကြယ်ဖြူ said...

လာလာလည်လည်
လ္ဂမ်းလို့လာလည်
လည်လာလည်လာ
လည်လည်လာလို့
လာလည်လို့ လုပ်လိုက်လေ
လ္ဂမ်းလေလား...

(ကိုယ့်ဟာနဲ့ကိုယ်တောင်ပြန်ရှုပ်သ္ဂားတယ်..ဟဲ..ဟဲ..)
ခင်လို့နောက်တာပါ..
ပျော်ပါစေခင်ဗျာ

ကိုလူထွေး said...

လှိုက်လှိုက်လှဲလှဲ လှလွန်းလို့...

းဝ)

ကိုလူထွေး said...

ဟိုသီချင်းလိုဖြစ်နေပြီ...

ဒီမှာ 'လ'ဒကာ...
'လ'ဆွမ်းကပ်တော့ 'လ'ကွာ
'လ'ဆွမ်းဘုန်းပေးတော့မယ် 'လ'ကွာ
'လ'တကာကြီးရာ...

းဝ)