ကျွန်တော်နှင့် အင်္ဂလိပ်စာ

on Wednesday, December 2, 2009

“ကျွန်တော်နှင့် အင်္ဂလိပ်စာ” ဆိုတဲ့ ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ ဘာပေါက်ကရတွေ လုပ်အုံးမလဲမသိဘူး ဆိုပြီး မထင်နဲ့နော်.. တကယ့် အဖြစ်အပျက်ကို ရေးမှာပါ..းP

ကျွန်တော် ငယ်ငယ်ကဆို အင်္ဂလိပ်စာ လေ့လာရတာကို အရမ်း ဝါသနာပါတာ.. ဝါသနာပါသလောက်ကိုလည်း လေ့လာဖြစ်ပါတယ်.. လေ့လာဖြစ်သလောက်ကိုလည်း တစ်ခုမှကို မမှတ်မိဘူး.. (ဂယ်ပါ)းP ကျောင်းမှာဆိုလည်း ဆရာမက နာမည်ခေါ်ပြီး အင်္ဂလိပ် Text Book ထဲက Paragraphs တွေ ဖတ်ခိုင်းရင်လည်း ကျွန်တော့်နာမည် ထိပ်ဆုံးက.. ကျွန်တော်က လေ့လာမှုအား ကောင်းသကိုးဗျ..းP ( English ကိုပြောတာနော်)

ခုနှစ်တန်း ကျောင်းသားဘဝ ရောက်တော့ အတန်းပိုင်ဆရာမက ကျွန်တော့်ကို အတန်းခေါင်းဆောင်အဖြစ် ရွေးလိုက်တာပေါ့ဗျာ.. အဲလို ရွေးလိုက်တော့ ခေါင်းဆောင်တို့ရဲ့ အရည်အချင်းနဲ့ ညီအောင် ကျွန်တော်ကလည်း အခန်းသန့်ရှင်းရေး.. သောက်ရေအိုးရေဖြည့်.. ခုံတန်းစီ.. ဘုရားပန်းရေလဲ.. သင်ပုန်းကြီးကိုလည်း အတန်းပိုင် ဆရာမ မလာမှီ.. ကျောင်းတက်ခေါင်းလောင်း မထိုးမှီအချိန်အတွင်း ပြောင်နေအောင် သုတ်ထားပေးရတယ်.. အတန်းခေါင်းဆောင်က ကျွန်တော်ကိုးဗျ.. ခေါင်းဆောင်ဆိုတာ အနစ်နာတော့ ခံရတယ်လေနော်..း)

အဲလိုနဲ့.. တစ်နေ့မှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ.. ကျွန်တော့် ဆိုင်ကယ် တဝီဝီနဲ့ ကမြင်းကြောထနေရာကနေ ဆိုင်ကယ်မှောက်ရောဗျာ.. ဆိုင်ကယ်မှောက်တော့ သိတဲ့အတိုင်းပဲလေ.. အကျက ဘယ်လှမလဲဗျာ.. ဝုတ်ဝုတ်ကျ “ခွေးကျ” ကျတာပေါ့.. ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်ပြီး ဆိုင်ကယ်လည်းကြေ.. လူတော့ မသေပါဘူး.. မသေရုံတမင်ပါပဲ.. ဒူးတစ်ဖက်ကလည်း ဂုံညင်းပါ ထွက်မတတ်ပါပဲ.. အဲဒီ ဂုံညင်းက ပယ်သွားတာဗျ.. အဲလိုမျိုးပယ်သွားတော့ ဒူးခေါင်းက ကွေးလို့ ဆန့်လို့ မရဘူးဖြစ်သွားတာ.. “ခွေးကျ” ကျတာဆိုတော့ လက်ဖဝါးတွေကလည်းကွဲ.. တံတောင် တွေလည်းပြဲပေါ့.. ကမြင်းတာလေ.. ကမြင်းတာ..းP

ဆေးရုံရောက်တော့လည်း ဆရာဝန်က ဘာမှကို မလုပ်ပေးရဲဘူးဗျ.. ထုံးစံအရပေါ့လေ.. ဆိုင်ကယ်မှောက်တာမှ ဟုတ်ရဲ့လား.. ရန်ဖြစ်ကြလို့ ဒဏ်ရာရလာတာလား.. ဆိုပြီး ရဲစခန်းကို ဖုန်းဆက် အကြောင်းကြားလိုက်ရောဗျာ.. အဲမှာမှ ဒုက္ခနဲ့ လှလှ စတွေ့တာ.. ဒဏ်ရာကနာ.. နပ်စ်မလေးက အရက်ပျံနဲ့တို့.. ရဲကစစ်နဲ့ အတော်လေးကို ခံစား လိုက်ရတယ်ဗျာ..

ဒဏ်ရာကို ဆေးရုံက ဆေးတွေဘာတွေလိမ်းပေးပြီး ပြန်လာတာပေါ့လေ.. အိမ်ရောက်တော့လည်း မလွယ်ပါဘူး အဖေနဲ့ အမေက တရားဟောတော့တာပဲ.. နားဒုက္ခလည်း အတော်လေးကို ခံလိုက်ရတယ်.. ဒါနဲ့ ခြေထောက်ကို ကွေးလိုက်ဆန့်လိုက် လုပ်ကြည့်တော့ မရဘူးဗျ.. အတော်လေးကို နာတာ.. နာမှာပေါ့ဗျာ ဒူးခေါင်းက ဂုံညင်းလေ ပုံမှန်နေရာမှာ မရှိပဲ ဘေးဘက်ကို မသိမသာလေး ပယ်ထွက်နေတာဗျာ.. အဲလိုနဲ့ မဖြစ်ပါဘူးဆိုပြီး အနှိပ်သည် အိမ်ကို ထပ်သွားတာပေါ့..

အဲကိုရောက်တော့လည်း အနှိပ်သည်က စကားတစ်ပြောပြောနဲ့ ဟိုကြည့်.. သည်ကြည့်.. ဟိုကိုင်.. သည်ကိုင်နဲ့.. ဘာမပြော ညာမပြော ဂလု ဂလု ဂလောက် ဆိုပြီး ပုစွန်ကွေး ကွေးနေတဲ့ ကျွန်တော့်ဒူးခေါင်းကို ဆွဲဆန့်လိုက်တာ “အောင်မယ်လေး သေပါပြီဟ” ဆိုပြီး အသကုန် ငယ်သံပါအေင် အားရပါးရ အော်ထုတ်လိုက်တာ.. ဘေးအိမ်က လူတွေတောင် ထွက်ကြည့်ကြတာဗျာ.. အဲလို လူတွေ ထွက်ကြည့်ကြတော့ ရှက်ကလည်းရှက်.. နာကလည်းနာ.. မျက်ရည်တွေကလည်းထွက်.. နှပ်တွေလည်းထွက်ကျ.. မလွယ်ပါဘူးဗျာ.. ဗျစ်စ်စ်..

အနှိပ်သည်က အဲလို လက်စွမ်းပြလိုက်တော့ ဂုံညင်းက ပြန်တည့်သွားတယ်.. ကွေးလို့ဆန့်လို့လည်း အိုကေတယ် မအိုကေတာက ခြေထောက်ကို ၁၈၀ံ ဆန့်လို့မရဘူးဗျ.. ခြေနှစ်ဖက်ကို စုံဆန့်လိုက်ရင် ဓါတ်ပုံရိုက်ခါနီး ပဲထုတ် နေတဲ့ပုံစဲမျိုးလေ.. တစ်ဖက်က ဆန့်နေပြီး ကျန်တစ်ဖက်က ဒူးထောင်ထားသလို ဖြစ်နေတာ.. မေးတော့လည်း အနှိပ်သည်ကပြောတယ် တစ်ရက်နှစ်ရက်ဆို အိုကေသွားမယ်တဲ့.. ဘာမှ မဖြစ်တော့ဘူးဆိုတော့မှ “ဟင်း” ဆိုပြီး သက်ပြင်းချနိုင်တော့တယ်.. မတ်တတ်ရပ်ကြည့်တော့လည်း ခြေတစ်ဖက်က မြေမကျဘူး.. မြင်ဖူးကြလားမသိဘူး “ကြက်” တွေများ တစ်ခါတစ်ခါ မတ်တတ်ရပ်နေရင် ခြေတစ်ချောင်းကို ကြွပြီး ရပ်နေတာလေ.. အဲလိုပုံစံမျိုး ဖြစ်နေတာ.. မမြင်ဖူးရင် ခု ကိုယ်တိုင် အဲလိုထရပ်ကြည့်..းP ကမြင်းကြောထတဲ့ အကျိုးလေ..းP

ဒဏ်ရာအရှိန်ကြောင့် ညညလည်း အိပ်မရဘူး “ကျိကျိ”“ကျိကျိ” နဲ့ကိုက်တာ.. နောက်နေ့ ကျောင်းပြန်တက်တော့ ခါတိုင်းလုပ်နေကြ အလုပ်တွေကို မလုပ်နိုင်တော့ဘူးလေ.. လူက အတော်လေးကို အီသွားတာကိုးဗျ.. အခန်းဖော် သူငယ်ချင်းတွေကိုပဲ လုပ်ခိုင်းပြီး စာသင်ခန်းထဲမှာ ဆရာမ မသိအောင် မသိမသာ ထိုင်နေရင်း စာသင်နေတာ.. ထိုင်နေရင်း ငါးမျှားနေတာလေ (ငိုက်နေတာကို ပြောတာ).. တိုက်ဆိုင်ချင်တော့ အင်္ဂလိပ်အချိန်.. ဒါနဲ့ ဆရာမက

“Mg Si Thu, please stand up” ဆိုလည်းဆိုရော ဆင်မရင်သာ ပုံစံမျိုးနဲ့ အသာလေးထပြီး.. (အဲလိုမထလို့က မရဘူးလေ.. ဒူးက နာနေတာကိုးဗျ..းP)

“Yes teacher” ပေါ့.. အဲလိုလည်း ပြန်ထူးလိုက်ရော ဆရာမက ဆက်မေးတယ်လေ..

“What do u do Si Thu?” ဆိုပြီး မေးလည်းမေးလိုက်ရော..

“ကျွန်တော် မနေ့က ဆိုင်ကယ်မှောက်ထားလို့ပါ ချယ်” ဆိုပြီး ဖြေလိုက်တာ “ဟားဟားဟား” “ဟားဟားဟား” ဆိုပြီး တစ်ခန်းလုံးက ဝိုင်းရယ်လိုက်ကြတာ တစ်ခန်းလုံး အတော်လေးကို ဆူညံသွားတယ်..

ဟုတ်တယ်လေဗျာ.. ကျွန်တော်က ဆိုင်ကယ်မှောက်ထားတာ ဒူးကလည်းနာနေတာ.. ငိုက်ကလည်း ငိုက်နေတာ ဆရာမကသာ “What do u do Si Thu?” ဆိုပြီးမေးတာ.. ကျွန်တော်က “ဒူး ဘာဖြစ်နေလဲ စည်သူ” ဆိုပြီးတော့ ကြားတာ.. အဲလိုကြားလို့လည်း ခုလို ဖြေလိုက်တာပေါ့နော်.. အဲဒါ ကျွန်တော့် အမှားလား.. အဲဒါကို တစ်ခန်းလုံးက ဝိုင်းရယ်ကြတယ်ဗျာ.. တော်တော်ကိုဆိုးတယ်.. ခိခိခိ..

ကျောင်းဆင်းတော့လည်း ကျောင်းက ကောင်မလေးတွေလေ.. ကျွန်တော့်ကိုကြည့်ပြီး ငါးပုဏ္ဏား မြှုံးထိုသလိုမျိုးနဲ့ ပြုံးစိ ပြုံးစိ လုပ်နေကြတာ.. အဲဒီရက်ပိုင်းဆို အပြင်မှာ တွေ့ရင်လဲ အဲတိုင်းပဲ.. အရှိန်မကုန်နိုင်ကြသေးဘူး.. ပြုံးစိစိ လုပ်နေကြတုန်းပဲ.. သူတို့တစ်တွေရဲ့ အပြစ်တော့လည်း မဟုတ်ပါဘူးနော်.. ကျွန်တော်ကိုယ်၌က တစ်လွဲဆံပင် ကောင်းနေတာကိုး..းP

အဲလိုနဲ့ တစ်လလောက်ကြာတော့ ကျွန်တော့် ဦးလေးတစ်ယောက် ဆုံးသွားတယ်.. နာရေးဆိုတော့ သိတဲ့အတိုင်း အလုပ်ရှုပ်နေတာပေါ့.. ဦးလေးဆုံးသွားတော့ မိသားစုတွေက ဝမ်းနည်းကြ.. ငိုယိုကြနဲ့ ကျွန်တော်လည်း အတော် လေးကို သံဝေဂ ရမိတယ်.. ညကပဲ စကားပြောနေသေးတယ်.. ဟာ.. မနက် မရှိတော့ဘူး.. အလုပ်ပေါင်းများစွာ လုပ်လိုက်တာ.. လုပ်လိုက်တာ.. ရှာလိုက်ရတာ.. စုဆောင်းလိုက်ရတာ.. ဟော.. နောက်ဆုံး သူသိပ်ချစ်ပါတယ် ဆိုတဲ့ သူ့ဇနီး.. သူ့သားသမီးတွေကို တစ်ချက်လေးတောင်မှ စောင်းငဲ့ကြည့်ဖို့ အချိန်မရလိုက်ဘူး..

အိုးးးးး ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကိုယ်လည်း တစ်နေ့ ဒီလိုအဖြစ်မျိုး ကြုံရမှာပါလား ဆိုတဲ့ အသိတစ်ခုက ခုနှစ်တန်း ကျောင်းသားဘဝမှာ ရလိုက်တယ်.. တကယ်လည်း တန်ဘိုးရှိပါတယ်.. အဲဒါတွေသိလိုက်တော့ ဘာဖြစ်လာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်မိတယ်.. ဒေါသတွေကို ထိန်းနိုင်လာမယ်.. လောဘတွေကို အနည်းနဲ့အများပေါ့လေ သတ်နိုင်လာမယ်.. သူတစ်ပါးနဲ့ စကားပြောရာမှာလည်း ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်းတွေ.. ရိုင်းစိုင်းတဲ့ အပြုအမူတွေ လျော့နည်းလာမယ်.. ကိုယ့်အတွက်လုပ်ရင်း တစ်ပါးသူအပေါ် မထိခိုက် မနစ်နာအောင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ လုပ်ရမယ်ဆိုတဲ့ စဉ်းစားတတ်တဲ့ အကျင့်လည်းရလာမယ် ဆိုပြီး ကိုယ့်ဖာသာကိုယ် မေးဖြေတွေ လုပ်နေရာကနေလိုက်တာ.. ပြီးမှ သတိဝင်လာပြီး..

“ဟိုက်”..“ငါ.. ကျောင်းသွားရမယ်ဟ” ဆိုပြီး သတိဝင်လာတော့မှ “ဆပ်ပြာသယ် လင်ပျောက်သလိုမျိုး” ဖြစ်ကာ ကဗျာကယာ ကတိုက်ကရိုက် အဝတ်စားလဲပြီး ကျောင်းကို ပြေးရတာပေါ့ဗျာ.. ကျောင်းရာက်တော့ ၉ နာရီကျော် ရှိနေပြီး.. ဆရာမက စာသင်နေပြီး.. ကျွန်တော်လည်း ဆရာမကို ခွင့်တောင်းပြီးတော့ အခန်းထဲကို ဝင်လိုက်တာ ကိုယ့်ပုဆိုးစ ကိုယ်နင်းမိပြီး “ဗိုင်း” ကနဲ့ဆို ဆရာမနဲ့ အရှေ့ဆုံးတန်းက မိန်းကလေး ခုံတန်းရှေ့မှာ မှောက်ယက် လဲကျသွားလေရောဗျာ.. နဂိုကတည်းက နောက်ကျလို့ လောနေတာကိုးဗျ.. နဲနဲတော့ အီသွားတယ်.. ဒါပေမယ့် မနာချင်ယောင်ဆောင်ပြီး ကိုယ့်နေရာကိုယ် အသာလေး ဝင်ထိုင်လိုက်တာပေါ့ဗျာ..းP

တိုက်ဆိုင်ချင်ပြန်တော့လည်း ပထမဆုံး စာသင်ချိန်က အင်္ဂလိပ် အချိန်ပဲဗျာ.. ဩော်.. ကျွန်တော်က နောက်ကျမှ ရောက်လာတာဆိုတော့ ဘာဖြစ်ဖြစ် ကျွန်တော့်ကို စာမမေးလောက်တော့ပါဘူးလေ ဆိုပြီး စဉ်းစားနေတုန်းမှာပဲ ဆရာမကနေပြီး..

“ကဲ.. “ချယ်” ပြောမယ်.. သေချာနားထောင်နော်.. ဒီစာသင်ချိန် တစ်ချိန်လုံးမှာ အင်္ဂလိပ်လိုပဲ ပြောမယ်.. “ချယ်” မေးရင်လည်း အင်္ဂလိပ်လိုပဲမေးမယ်.. ဖြေတဲ့သူကလည်း အင်္ဂလိပ်လိုပဲ ဖြေရမယ်.. ဟုတ်ပြီနော်.. ကဲ.. အဲဒါဆိုရင် “ချယ်” စမေးမယ်.. အင်း.. ဘယ်သူ့ကို အရင်မေးရင် ကောင်းမလဲ” ဆိုပြီး ပါစပ်ကပြောရင်း သင်ပုန်းကြီးပေါ်မှာ “ချယ်” က စာတွေရေးနေတဲ့အချိန်မှာတော့ တစ်ခန်းလုံးက တိတ်ဆိတ်ငြိမ်သက်နေကြတယ်.. ကျွန်တော်လည်း ပါတာပေါ့ဗျာ.. ကိုယ့်ကိုမေးမှာ လူတိုင်းက ကြောက်နေကြတာလေ.. တစ်ခဏအကြာမှာတော့..

“Ok.. Mg Si Thu, please stand up” လို့ ပြောလိုက်မှ.. တစ်ခန်းလုံးက သူတစ်ပေါက် ငါတစ်ပေါက်နဲ့ အသံတွေ ထွက်လာကြတော့တာ.. ခုနကတော့ တိတ်လို့..းP “ချယ်” ရဲ့ ခေါ်သံကိုလည်းကြားရော ကျွန်တော့်ခေါင်းတွေဟာ “ဒဿဂီရိ” လို ခေါင်းဆယ်လုံးပိုင်ရှင် ဖြစ်သွားမတတ် ခေါင်းကြီးသွားတာပေါ့ဗျာ..

“well.. well.., all students, please stay silently .”

“I want to ask a question to Mg Si Thu.” ဆိုပြီး “ချယ်” ပြောလိုက်တော့မှ တစ်ခန်းလုံးက တစ်ခါတည်းကို ငြိမ်ကျ သွားတာဗျာ.. ပြီးတော့ “ချယ်” က ကျွန်တော့ကို မေးတယ်..

“Why do u late this morning Mg Si Thu?” လို့ မေးလိုက်တော့ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိဘူး မေးတာကိုတော့ သိပါတယ်.. ဘယ်လိုဖြေရမှာကို စဉ်းစားမရဖြစ်ပြီး နောက်ဆုံးတော့..

“I late this morning because my Uncle Air Cross .” ဆိုပြီး ဖြေလိုက်ရော.. တစ်ခန်းလုံးက တိတ်ဆိတ် နေရာမှ.. ဟိုနားက ခိခိခိ.. ဒီနားက ခိခိခိနဲ့ နောက်ဆုံး ဆရာမပါ မနေနိုင်ပဲ “ဟားဟားဟား.. ဟားဟားဟား” နဲ့ ရယ်လိုက်တော့မှ တစ်ခန်းလုံးက တခိခိ တဟားဟားတွေ ဖြစ်ကုန်ကြတော့တာဗျာ.. တွေးတွေးပြီး ရယ်နော်..းP

အဲဒီ.. စာသင်ချိန် တစ်ချိန်လုံးလည်း ကျွန်တော့် အမေး အဖြေနဲ့တင် အချိန်ကုန်သွားပြီး စာမသင်လိုက်ရဘူးလေ..
ကျွန်တော်လည်း အဲဒီနောက်ပိုင်း “စည်သူ” ကနေ “Air Cross Si Thu” ဆိုပြီး နာမည်တွင်သွား ပါလေရောဗျာ..

မသိဘူးထင်တယ်.. လေဖြတ်တာ ((((((((((((((((((ဟေးးး)))))))))))))))))))) လေဖြတ်တာ..းP ကျွန်တော့်ဦးလေး.. လေဖြတ်တာ (((((((((((((((((((ဟေးးး)))))))))))))))))))) Air Cross..းP

း)းP ပျော်ရွှင်ရယ်မော နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း
စည်သူ(ပေါက်ကရအတွေးအပိုင်းအစများ)

27 comments:

ဂျပန်ကောင်လေး said...

မနက်စောစော ပြုံးပြုံးလေး လာဖတ်သွားတယ်.. ရယ်ရတာလည်း အူကိုနာလို့...း).. ဟာသဥာဏ်ကတော့ အတော်ကို ရွှင်တာပဲ...

ရေတမာ said...

ဒါမှ ကိုစည်သူ ပီပပေမပေါ့ဗျာ.. ဒါပေမယ့် တခု ဘ၀င်မကျဘူးဗျာ.. သူစာတွေကျ စာလုံးပေါင်းမှန်အောင်ရေးတယ် ကျနော့်ဆီလာမန့်ရင် ပေါက်ကရ မ တောင် အပိုထည့်လိုက်သေးတယ်။ ဒိလိုပိုစ့်လေးတွေ များများဖတ်ပါရစေ

လင်းကြယ်ဖြူ said...

ဖြစ်မှဖြစ်မှလေခင်ဗျာ...

ဧပရယ်လ်ပူး@ပူးတေ said...

မျက်စိလည်ပြီးရောက်လာတာ။။ ရီမောပြီးပြန်သွားပြီ။ Air cross စည်သူ bye ....

မမသီရိ said...

မောင်နှမတွေ.. ဘ၀ တူပဲ..း)

မမ လဲ ကျမနဲ့အင်္ဂလိပ်စာ ဆိုတဲ့ ပို့စ်တခုရယ်
တချိန်တုန်းကဒုက္ခတခု ဆိုတဲ့ ပို့စ်တွေထဲ မှာ အင်္ဂလိပ်စာ နဲ့ ပတ်သက်ခဲ့ရတာတွေ ရေးခဲ့သေးတယ် စည်သူ ရေ

း))

http://mamathiri.blogspot.com/2009/06/blog-post_29.html


http://mamathiri.blogspot.com/2009/03/blog-post.html

emodoll said...

ရေးထားတာ အရမ်းရီရတယ်နော် ဟီးဟီး နောက်လဲလာလည်ဦးမယ်း)

မိုးခါး said...

:D
လေဖြတ်တာကို အဲခရော့်စ် လို့ ခေါ်သည်ကိုးးးးးးးးးးးး :D

ဒဏ္ဍာရီ said...

စည်သူရယ် ဖြစ်ရမယ် ...း)
အင်းပေါ့နော် အဲဒီအရွယ်ဆိုတော့လည်း လေဖြတ်တာကို ဘယ်ပြောတတ်မလဲ? ကိုယ်ဆိုလည်း ဒီလိုပဲ ဖြစ်မှာပဲ။
မနက်စောစော ပိုစ့်လေးကို ပြုံးပြီး ဖတ်သွားရတယ် စည်သူရေ ...

ခင်မင်လေးစားလျှက်

rose of sharon said...

အမငယ်ငယ်တုန်းကလဲ ခဏခဏ ဒူးခေါင်းက ဂုံညင်းလွဲတယ်... အရမ်းနာပြီး ခံရခက်တယ်နော်... ဂုံညင်းနေရာမှန်ပြန်ရောက်သွားပေမဲ့ ဒူးခေါင်းက အရမ်းနာနေသေးတာ........

Anonymous said...

ဟားဟား...ရီရတယ်ဗျာ

သိင်္ဂါကျော် said...

တကယ် ရယ်ရတယ်.. :D
အဲလိုလေးတွေပဲ ဖတ်ချင်တယ်....

မေလေး said...

မနက်ကလာဖတ်ပြီးသား
ရန်သူနယ်မြေမှာမလစ်လို့ မမန့်ခဲ့ရဘူး
အဲခရော့စူသီ
ဟိဟိ

ဝက်ဝံလေး said...

ဒူးခေါင်း ဂုံညင်းဆိုတာ ဘယ်နေရာတုံး ဗျ တကယ်မသိလို့မေးတာဂျ နောက်တာဟုတ်ဘူး ညိုသကျီးပဲ သိတာဂျ

ရီရပါသည် ပေါက်တတ်ကရ ကိုစည်သူရေ နောက်တခါ လေဖြတ်တာ မသိရင် မှတ်ထား air cut လို့ခေါ်တယ် သိလား ပြန်မယ် တာ့တာ

chit palone said...

ကိုစည်သူရေးထားတဲ့ပို့စ်ဖတ်ပီး ပါးလုံးတော့ စိတ်ညစ်နေတာတောင်ဘယ်ရောက်သွားလည်းမသိဘူး ဒီလိုအားရပါးရအော်မရယ်ရတာ ကြာပေါ့ တကယ့်ဟာသပဲ အဲခရော့စည်သူဆိုပဲ ဘာလည်းအဲခရော့စ်ပေါ့ စဉ်းစားလိုက်ရတာ ဟိ လေဖြတ်တာကို စကားလုံးတလုံးတိုးသွားလို့ မှတ်သားထားလိုက်ပါတယ်။ ပျော်ရွှင်ပါစေ
ခင်မင်လျှက်
ညီမလေး ပါးလုံး

ကောင်းကင်ပြာ said...

အဲခရော့စည်သူ.. ၀ှပ်ဒူးယူဒူး အူးစည်သူ..၀ှိုင်း ယူလိတ် သစ်မောနင်းး...ယူ အောစိုး အဲခရော့..အိုင်လဲ ဖတ်ပြီး အဲ့ခရော့ လောက်အောင် ရီလိုက်ရတယ်...မိုးလင်းတော့မယ်...အိပ်မဟ

နွေးနေခြည် said...

ဟားဟား
Air Cross band ထောင်ရအောင်း)

Waing said...

ခေါင်းစဉ်ဖတ်လိုက်တာနဲ့တင် ကိုစည်သူတစ်ယောက် အင်္ဂလိပ်စာ ကျွမ်းကျင်နှံ့စပ်မယ်ဆိုတာ ရိပ်မိပြီးသားပါး)

flowerpoem said...

အရမ်းတော်ပဲနော် AirCross ကျွန်မတို့လည်းမသိပါဘူး ခုမှသိတာ ၂နှစ်လောက်ပဲရှိသေးတယ် လေဖြတ်တာကို ခေါ်တာ ဘာမှ အားမငယ်နဲ့ ကိုစည်သူ
ခုရေ ဒူး က ကောင်သေးလား ဟား၂

Unknown said...

Ko Air Cross ! ပထမဆုံးလာလည်သွားပါတယ်...

ကိုရင်နော်ခင်လေးငယ် said...

ကိုစည်သူရေ...

ဒီ post လေးကို ခုမှ လာဖတ်မိပြီး
မနက်ခင်းမှာ ပေါ့ပါးပြုံးရွှင် လန်းဆတ်သွားလို့
ရေးသူကို ကျေးဇူးတင်မိပါတယ်...

သြော်... ဘလော့ဂါ ဟု အမည်တွင်သူ တို့တတွေလည်း ကွန်ပျူတာကြီးရှေ့မှာ
အထိုင်များပြီး အဲခရော့စ် ကြီးဖြစ်မှာတော့ တွေးပြီး အကြောက်မိသားလား..!!

ဟားး ဟားးးးး

ခင်မင်စွာဖြင့်...

မြစ်ကျိုးအင်း said...

ရာဇ၀င်တွင်အောင် လွဲတတ်ပါပေ့

ဒါနဲ့ လေသင်တုန်း ဆိုရင်ရော ဘယ်လိုပြောတုန်း

Anonymous said...

အမ ငယ်ငယ်က
ိdentist ကို tooth doctor လို့ ရေးဘူးတယ်

မိုးစက်အိမ် said...

ကိုစည်သူကတော့ တကယ်ပေါက်ပေါက်ရှာရှာတွေ
ရေးတတ်တယ် ဒါပေမဲ့ မဆိုးဘူးဗျ ဖတ်လို့ ကောင်း
တယ်ဗျာ နောက်ကျ စာစုလေးတွေ ကိုပြန်စုပြီး
စာအုပ်လေး ဘာလေးထုတ်ဗျာ အားပေးတယ် :)
လေးစားလျက်ပါ Sir Air Cross ကိုစည်သူ :P

ကိုလူထွေး said...

အဲယားခရော့ စည်သူ ဒူးချောင်နေတာကိုး...

းဝ)

Unknown said...

ဟားဟားဟား....သဘောပေါက်ပြီ။
ဖြစ်ရလေBrohterရယ်...။
ကျွန်တော်လဲမပြောတတ်ဘူး......အဟီးဟီး

Anonymous said...

Curiously, and the analogue is?

Anonymous said...

Absolutely with you it agree. In it something is also to me it seems it is excellent idea. I agree with you.