အချစ်၏ အဓိပ္ပါယ် ဖွင့်ဆိုချက်

on Monday, August 10, 2009

ကျွန်တော်သိသော အချစ်ဆိုသည်မှာ ဆိုတဲ့ တဂ်ပို့စ်ကို ရေးပြီး နောက်ပိုင်းမှာပေါ့ဗျာ သူများတွေရဲ့ အချစ်ဆိုသည်မှာ ကိုလည်း လိုက်ဖတ်ကြည့်တဲ့အခါ အချစ်နဲ့ပက်သက်လို့... အတော်လေးကို နားလည်သဘောပေါက် သွားတယ်ဗျာ.. အချစ်တွေကိုလည်း အများကြီး ခံစားလိုက်ရတော့ ပိုဆိုးသွားတာပေါ့လေ..။

အချစ်ဆိုတာ ဘာလဲတဲ့.. ပြောရခက်ပါတယ်.. အင်မတန်မှကို ပြောရခက်ပါတယ်.. အဲဒီပြောရခက်၊ အဓိပ္ပါယ်ဖွင့်ရ ခက်တဲ့ အချစ် ကို ကျွန်တော် အဓိပ္ပါယ် ဖွင့်ပေးပါမယ်.. ကျွန်တော်အချစ်ကို တွေ့ရှိသွားပြီဗျာ..။

ပြောမှာသာပြောရတယ်.. လုပ်ပြန်ပြီး ဘယ်လိုပေါက်ကရတွေနဲ့ ရှင်းအုံးမလဲမသိဘူး ကြီးကြီးကျယ်ကျယ် သူကများ “အချစ်” ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ရှင်းပြမယ်လေးဘာလေးနဲ့ ဆိုပြီး စာဖတ်ရင်း စာဖတ်သူနဲ့ ဘလောဂ့်ဂါ အကို အမတွေကတော့ ဒဲ့မပြောပေမယ့် စိတ်ထဲကနေတော့ မေတ္တာပို့နေမှာ သေချာတယ်..:P

ဒါပေမယ့် ဒီတစ်ခါတော့ အတည်ပြောမှာပါ..းP ကျွန်တော်ပြောတာ မဟုတ်ဘူး မမှန်ဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလိုလုပ်ဗျာ.. သရေကွင်းနဲ့ပဲ ပစ်သတ်ပစ်သတ် အပ်နဲ့ပဲ ထိုးသတ်ထိုးသတ် ကလိထိုးပြီးတော့သတ်သတ် အိုးးးးးးးးးးး ကြိုက်သလိုလုပ်ဗျာ..။

ကဲ... သိချင်နေပြီမှတ်လား.. သိချင်ရင် မပြောသေးဘူးဗျာ အရင်စဉ်းစားကြည့်..။

စဉ်းစားလို့မရဘူးလား.. မရဘူးဆိုရင် မစဉ်းစားနဲ့ဗျာ..းP


12 + circle + half of X = the middle of ten

L + 360ံ+ v = the middle of ten

L + O + V = 5

L + O + V = E

LOVE..

Ans.... LOVE

ညီမျှခြင်းကိုတော့ ကိုယ့်ဟာကို ဖြုတ်ချင်လို့ဖြုတ်လိုက်တယ်.. ဟီးဟီး

12 = အင်္ဂလိပ်အက္ခရာ စာလုံး၏ ဆယ့်နှစ်လုံးမြောက်စာလုံး L

circle = စက်ဝိုင်း 360ံ ရှိခြင်း အဲဒါကြောင့် O

half of X = X ကို တစ်ပိုင်းဖြတ်ပြီ အပေါ်ပိုင်းကိုယူလိုက်လို့ V ဖြစ်သွားခြင်း

ဟဲဟဲ.. The middle of ten = E ဖြစ်သွားတာကိုတော့ ရှင်းပြစရာမလိုတော့ပါဘူး ဒီလောက်ဆို သဘောပေါက်ရောပေါ့..းP

အတည်ပြောမယ်နော်....
အချစ်ဆိုတာ... အဓိပ္ပါယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုတယ်၊ သတ်မှတ်ချင်သလို သတ်မှတ်တယ်၊ ဖြတ်ချင်ဖြတ်တယ်၊ ဆက်ချင်ဆက်တယ်၊ လုပ်ချင်သလိုလုပ်တယ်၊ အဲဒီအချစ်ကလည်း ဖြစ်ချင်သလို ဖြစ်တယ်၊ ပုံပေါ်ချင်သလို ပေါ်တယ် အဓိပ္ပါယ် ရှိချင်သလိုရှိတယ်..။

တကယ်တော့ အချစ်ဆိုတာ ဖွင့်ဆိုသူနဲ့သာ တိုက်ရိုက် သက်ဆိုင်ပါတယ်..။
ကျွန်တော့်လို ပေါက်ကရ မဖွင့်ဆိုကြပဲ လှလှပပ အဓိပ္ပါယ်ရှိရှိ ဖွင့်ဆိုနိုင်ကြမယ်ဆိုရင်တော့....။

ပျော်ရွှင်ပါစေ
...................စည်သူ


11 comments:

rose of sharon said...

မူးသွားတယ်... ကျောင်းပြီးတာကြာပြီကောင်လေးရဲ့... လူကြီးတွေကိုဦးနှောက်မစားခိုင်းနဲ့

ခြေလှမ်းသစ် said...

ကိုစည်သူရဲ့  နိယာမ တွေကိုတော့ အလွန်သဘော ကျသွားပါတယ်ဗျာ... အချစ်ဆိုတာ ဒီလိုပါပဲ... အဓိပါယ် ဖော်ဆောင်တဲ့အပေါ်မှာ မူတည်တယ်လို့ ထင်မြင်မိပါတယ်....

လင်းကြယ်ဖြူ said...

ဒီလိုဆိုတော့လည်း ဟုတ်သားပဲ
ဒါဆိုရင် ၁၇၂၀၄ ဆိုတာကကော.....
ချစ်...ပဲလား...ဟဲ
ပျော်ပါစေခင်ဗျာ
(၁၇၂၀၄=ချစ်)ပူးရေးကြည့်...၁အောက်နှုတ်ခမ်းမှာ ၇ ကိုချိတ် ၇ အမြီးမှာ ၂ ကို ကပ်..ပြီးတော့ ၀ အပေါ်မှာ ၄ ကိုထပ်....အဲ့ဒါ ..ချစ်ကရော...
ပျော်ပါစေခင်ဗျာ

မေဇင် said...

အန်....ကြည့်ပါဦး.... ဟုတ်ပ..အပေါ်ကပြောထားတဲ့ 17204 လဲ ချစ်ပဲ....တော်ကြပါပေတယ်..။ :P

တောင်ပေါ်သား said...

း) သူ့ဟာနဲ့ သူတော့ ဟုတ်နေကြတာပါပဲ


လေးစားလျက်
တောင်ပေါ်သား

may16 said...

အားလုံးမှန်တယ် :P

မြစ်ကျိုးအင်း said...

ပေါက်ပေါက်ရှာရှာသူပဲစဉ်းစားတတ်တယ်

အချစ်ဆိုတာ အဓိပ္ပါယ်ဖွင့်ရင်ကုန်ပါ့မလား

သဘောထားတင်းမာတဲ့သူတွေပါလာခဲ့ရင် တုတ်တပြက် ဓါးတပြက်ပါဖြစ်ရအုံးမယ်...။

ကိုယ်နဲ့ဆိုင်တဲ့အချစ်က ကိုယ်ကိုယ်တိုင်ပဲ သိနိင်တာပါ
ကိုယ်တယောက်ထဲသိတဲ့ အချစ်ကိုတောင် အားလုံးနားလည်အောင် မရှင်းပြနိင်ရင် လူတွေ
သန်းပေါင်းထောင်ချီရှိနေတယ်လေ...

အကောင်းဆုံးက အချစ်ကို သူ့ဘာသာပဲ ထားထား
လိုက်ပါ ဘာသာပြန်လိုက်ရင် နဂိုရှိပြီးသားထက် အဓိပ္ပါယ်လျော့သွားလိမ့်မယ်...။

သုခုမလေဒီ said...

ဟဟ .. အဟုတ်မှတ်လို့ ဖတ်နေတာ။ ဘာပဲဖြစ်ဖြစ်ဖတ်ရတာစိတ်ဝင်စားဖို့ တော့ကောင်းသား။ တတ်လည်းတတ်နိုင်၊ ရေးလည်းရေးတတ်ပါပေ့ ညာဏ် ကြီးရှင် ကိုစည်သူရယ်...

Beauty Studio USA Branded Store said...

အချစ်ကိုစားသောကိန်းတွေပါလားဗျာ။ အချစ်အီကွေးရှင်းရော။။။နားလည်သလိုလိုပဲ။:)

yangonthar said...

အဲ သင်္ချာကလည်း တော်ချက်ဆိုတော့ ကို စည် သူ ပြောတာ နားမလည်ဘူး အဲလို ပဲထင်ပါတယ် အချစ်ဆိုတာကြီးက နားမလည် တဲ့ ဟာကြီးထင်ပါတယ် .... နားကို မလည်တာ ...... :D

မိုးခါး said...

မတွက်ဘူး
ပျင်းတယ်
အချစ်ဆိုလည်း အချစ်ပေါ့ :P