ရား.. ရား.. ရား..

on Saturday, August 29, 2009

ဟိုတစ်နေ့ကဆို နံနက်လေးခွဲမှ အိပ်ရာဝင်တာ.. နံနက် သူငယ်ချင်းတစ်ယောက် ပြန်မယ်ဆိုတော့ အဲဒါ လိုက်ပို့ ရမှာ လေဆိပ်ကို ၁၁ နာရီအရောက် ချိန်းထားတယ်လေ.. အဲဒါနဲ့ ၉ နာရီ နှိုးစက်ပေးထားလိုက်တယ်..

ဖြစ်ပုံက နှိုးစက်က မြည်နေတာ ကြာလှပေါ့ အိမ်မက်နဲ့ နှိုးစက်အသံနဲ့ သွားရောနေတာ.. အိမ်မက်ထဲမှာ ကားတွေ ပိတ်နေလို့ ကျွန်တော့်ကားက ရှေ့မှာ.. အနောက်ကကားတစ်စီးက နောက်ကနေ ဟွန်းတွေ အသကုန် တီးတာ ကားတွေပိတ်နေပါတယ်ဆိုမှ သွားမရတာ တွေ့တွေ့ကြီးနဲ့.. ပီးပီးပီး.. ပီးပီးပီး.. လာလုပ်နေတယ် ကျွန်တော်လည်း တင်းလည်းတင်း.. ဒေါသလည်းထွက်လာပြီး သူလုပ်သလို ပီးပီးပီး ပီးပီးပီး.. နဲ့အရွဲတိုက်ပြီးပြန်လုပ်နေလိုက်တယ်..

အဲဒါလည်း မရဘူး နောက်ကနေ ထပ်ပြီး တပီးပီး လုပ်နေတုန်းပဲ.. ကိုက စိတ်ကလည်းမြန်တာနဲ့ ကြာရင် လက်ပါ ပါသွားမှာစိုးလို့.. Hay man.. Why u ပီးပီးပီး ပီးပီးပီ behind me,u see all the way blocking, R lar mar... ဆိုပြီး စလုံးတွေပြောသလို လှန်းတုပ်ပလိုက်တယ်.. နည်းနည်းတော့ ကျေနပ်သွားတယ်..းP

ဘယ်ဟုတ်မလဲဗျ ဟိုတပီပီက နှိုးစက်မြည်နေတာ.. အဲဒါကို ကိုက ပြန်ပိတ်လိုက် ပြန်မြည်လိုက်.. ပြန်မြည်လိုက် ပြန်ပိတ်လိုက် လုပ်နေတာ.. နိုးလည်းနိုးရော ဖုန်းကိုကြည့်လိုက်တာ.. အော်.. သူခမျာ ငါ့ကိုလည်းနိုးရသေးတယ် ကလော်တုပ်လည်း ခံလိုက်ရလို့လေ စိတ်မကောင်းဖြစ်သွားမှာပဲ ဆိုပြီး တွေးနေမိသေးတယ်..။

ပြီးတော့မှ.. ဟာ.. ဟာ.. သွားပြီ.. နောက်ကျပြီ..အီး အဲနဲ့ ကမန်းကတမ်းထ မျက်နှာ ကမန်းကတန်းသစ် သွားကို ဘယ်သုံးချက် ညာသုံးချက် အပေါ်သုံးချက် အောက်သုံးချက် တိုက်ပြီးတာနဲ့ ပြေးရတော့တာပေါ့..။

ဟိုတစ်ခါလည်း အဒေါ်ကြီးတစ်ယောက် အဲလိုပဲ ဆွမ်းလောင်းဖို့ဆိုပြီး ဆွမ်းထချက်တာ.. ဆွမ်းက ကျက်သွားပြီး.. ဒါပေမယ့် မီးဖိုချောင်ထဲမှာ ဒူးနှစ်ဖက်ကို လက်လေးနဲ့ပိုက် ထမီကိုခြုံပြီး ထရံကိုမှီကာ ဇိမ်ကျနေတာ.. ကျွန်တော် ရောက်လာတော့မှ .. အဒေါ်ရေ အဒေါ်.. ဆိုပြီး လှမ်းအော်လိုက်တာ အော်လည်းအော်လိုက်ရော အဒေါ်ခများမှာ ရုတ်တရက်ထပြီး ခြုံထမီကို ကမန်းကတန်း ဝတ်ကာ ဆွမ်းခွက်ယူပြီး ဆင်းလာတာပေါ့.. ကျွန်တော်နဲ့ ဦးဇင်းက ပြုံးနေတာကို အဒေါ်ကြီး ရိပ်မိသွားတော့..

“ဟေ့ကျောင်းသားလေး.. ဘာပြုံးနေတာလဲ”

“ဟို.. ဟို.. အ. အ. ဒေါ်ကြီး အပေါ်အောက်”

“ဘာအပေါ်အောက်လဲ ဘာဖြစ်လို့လဲ ကျောင်းသားလေး” .. ဆိုပြီးတော့ အဒေါ်ကြီးက ငုံ့ကြည့်လိုက်တော့မှ ဆယ့်ခြောက်နှစ်သမီး ရှက်သွေးတွေ ဖြာသွားသလိုပေါ့..

“အိုးး)း)း)း) .. အားနာလိုက်တာ ဦးဇင်းရယ်.. ကောင်လေး.. နင်နော်နင်..းP” ဆိုပြီး ပြေးတော့တာပေါ့..။

အဒေါ်ကြီးက ထမီကို ထပ်ဆင့် အပေါ်အောက် မှားဝတ်လာတာလေ.. အဟိ.. အဟိ..းP (ကြုံလို့ ပြောပြတာလေ) နောက်ကြုံမှပဲပြောတော့မယ်.. လေဆိပ်မရောက်ပဲနေလိမ့်မယ်..။

အဲလိုနဲ့ လေဆိပ်ရောက်တော့ သူငယ်ချင်းကို လိုက်ရှာတာ.. မတွေ့တော့မှ ဖုန်းဆက်လိုက်တယ်.. ဘယ်တွေ့မလဲ ဘသားချောတွေက Terminal 1 နဲ့ 2 မှားသွားတာ.. ကျွန်တော်နဲ့ချိန်းရင် တစ်ခုခုကတော့ ပေါက်ကရ ဖြစ်တော့ တာပဲ..။

အဲဒါနဲ့ Check in လုပ်ဖို့ သွားတာပေါ့.. ကီလိုချိန်လည်းချိန်ရော.. “ဟိုက်”.. ငါးကီလိုတောင် ပိုနေပါရောလား.. ဘယ်တတ်နိုင်မှာလဲ တစ်ကီလိုတစ်ဆယ်နဲ့ ငါးဆယ် ထပ်မိတာပေါ့.. သူငယ်ချင်းက ကီလိုပိုအတွက် ပိုက်ဆံ သွားရှင်းနေတဲ့ အချိန်မှာ ကျွန်တော်က Check in လုပ်တဲ့ ကောင်တာဘေးမှာ ဟိုကြည့်သည်ကြည့်နဲ့ ရပ်နေတာ အဲဒီအချိန်မှာပဲ ပိန်ပိန် ညှပ်ညှပ် ကောင်မလေးတစ်ယောက် ရောက်လာပြီး..

“ဒီမှာ.. Excuse me, Where can i check in” ဆိုပြီး မေးတယ်လေ.. ကျွန်တော်ကလည်း ပြုံးစိစိလုပ်ပြီှးတော့မှ

“ ညီမက မြန်မာလား”

“ရား.. ရား.. ရား.. အယ်.. အို.. အင်း.. ဟုတ်ဟုတ် တယ်” ပြောပြီး ပြုံးစိစိဖြစ်သွားတယ်..။

ကျွန်တော်နဲ့ စကားပြောပြီး အိပ်တွေယူကာ Check in ဝင်တာပေါ့လေ.. ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ပါပဲ.. ပြီတော့မှ ကောင်မလေးက

“ကျေးဇူးနော်အကို”

“အေးအေး.. ရတယ်ညီမ”

“ညီမကမပြန်ဘူး.. ညီမအမပြန်မှာ အဲဒါလာပို့တာလေ”

“အေးအေး.. ညီမ”

“အကို.. ညီမ ပြန်အုံးမယ်နော်.. ကျေးဇူး အကို” ဆိုပြီး လှည့်ထွက်သွားတာပေါ့..။

“ကျား” တို့ သဘာဝအတိုင်း သိတယ်မှတ်လား.. ကောင်မလေး လှည့်ထွက်သွားတော့ ပြန်လှည့်ကြည့်ချင်တာပေါ့ မတတ်သာလို့သာ ဟန်ဆောင်ပြီး နေရတာ (ကျားစစ်စ်ဆိုရင် သေချာပေါက် ပြန်ကြည့်မှာပဲ) မကြည့်ဘူးဆိုရင် အနည်းဆုံးတော့ ခိုးကြည့်မိမှာပဲ..

ကျွန်တော်လည်း အဲဒီစိတ်လေးပေါ်လာလို့ ကောင်မလေး လှည့်ထွက်သွားတုန်း မသိမသာ ခိုးကြည့်လိုက်မိရော အဲဒီမှာတင်.. “ဟိုက်” ကနဲ့ ဖြစ်သွားရော..

ဟီးးးးးးးးးးးးးးးးးးးးးးး သူ့တင်လုံးလုံးလေးပေါ်မှာ အဖြူရောင် စာလုံးအကြီးကြီးနဲ့ ရေးထားတာ.. NOBODY ..တဲ့..။

ဟေဟေးးးးး ကောင်မလေးသာသိသွားရင် တရားစွဲမှာလား မသိဘူး...းP.. စာလာဖတ်ကြသော စာဖတ်ူသူအပေါင်းတို့အား ခင်မင်လေးစားစွာဖြင့် ..

စည်သူ။


20 comments:

Yu Ya said...

အဟား...ဖြစ်မှ ဖြစ်ရပလေ ကိုစည်သူရယ်..

မှတ်ကရော...Nobody တဲ့။

အမှန်က ကြည့်တဲ့ နေရာကို No လို့ ပြောချင်တာဖြစ်မယ်။ ပြီးမှ Body ကို ကြည့်ခိုင်းတာထင်တယ်နော်...အဟီး။

yu ya

မေဇင် said...

စိတ်လေတယ်ဗျို့.... ညကြီးသန်းခေါင် မအိပ်ချင်လို့ ထဖတ်ခါမှပဲ.... အိပ်ချင်စိတ်ပိုပြေသွားတော့တယ်....း)

Unknown said...

နောက်ဆုံးစာကြောင်းကိုနားမလည်ဘူးဗျ..... အဟီးဟီး..... ဘာကိုကျောတာလဲသိဘူးဗျ

yangonthar said...

ပင်ပန်းနေတာတွေ ပျောက်သွားတယ်
ကျေးဇူးကိုစည်သူရေ ရယ်မောသွားပါတယ်
ပျော်ရွှင်ပါစေ :D
ရန်ကုန်သား

ကောင်လေးငယ် said...

အာာ ကိုစည်သူတို့ကတော့ လုပ်ပြီ.. တကယ်ပါပဲနော်
nobody တဲ့ ဟီး ရက်စ် ဘော်ဒီ ဆိုရင် အစ်ကို ဘယ်လိုလုပ်လိုက်မလဲ ဆိုတာ သိချင်လိုက်တာဗျာ....

သားကြီး said...

ဒေါ်ကြီးရယ် ဖြစ်ရပလေတယ်
အထက်ဆင်ပေါ်အောက်မှားရတယ်လို့ ဟီးး
ကန်ကလေး...တော်တော်မြင်တတ် :P
တော်သေးတယ် ကျနော်ဆို နီနီဝင်းရွှေသီချင်းနဲ့ဖုန်းalarmပေးထားတာ
alarmမြည်တိုင်းအလှူအိမ်ပေါ်ရောက်နေတယ်ချည်းထင်လို့ မထမိဘူး (ကွမ်းတောင်ကိုင်လေးတွေငေးရဦးမှာကိုးဗျ ဟီး) အယ်အယ် ..ကောင်မလေးတင်က တော်တော်လုံးသလားဟင်? ဟီးးး သိချင်လို့ပါနော် တညိုးမထင်ဘာနဲ့ :P
NOBODYလို့ရေးထားတာတော်သေး
တာပေါ့ “Followme”လို့ရေးထားမှဖြင့်
ခက်ခက်ရချည်သေး..ဟီးးး :P

ခြေလှမ်းသစ် said...

ကိုစည်သူရေ ရေးမဲ့ရေးတော့ အိပ်ချင်ပြေသွားတာပဲ ... NOBODY ဆိုတော့ သူက ဘော်ဒီ မရှိလို့ လားဗျ ...

ခြေလှမ်းသစ် said...

ပြောဖို့ ကျန်ခဲ့တာယ် အဲ့ဒါ အထာဗျ .. အထာ ...

လင်းကြယ်ဖြူ said...

Nobody ကနေ Somebody ဖြစ်အောင်လုပ်ဖို့က Anybody တိုင်းဖြစ်နိုင်တယ်ထင်ပါ့ဗျာ...ဒါမှ Everybody ကျေနပ်လိမ့်မယ်..ဟဲ...
အင်း..Nobody..Nobody..စဉ်းစားစရာပဲ...
ပျော်ပါစေခင်ဗျ

Angel Shaper said...

ယောကျာင်္းစစ်စစ် ဖြစ်ကြောင်းကြွားတဲ့ ကိုစည်သူ.... ဟိဟိ
NOBODY ဆိုတာ ဘာလဲဟင်။။။။
NOBODY လို့ ပြောတာများလား။ ဆိုလိုတာက
NOBODY လို့ ကြေငြာလိုက်တာလား ပြောတာ. ဟိဟိ
အတွေးတယ် ချော်ကြသကိုးးးးး
NOBODY ဆိုနေမှတော့ NOBODY ပေါ့ဗျ။။ ဟဟားးးးးးး

ကိုရင်နော်ခင်လေးငယ် said...

ကောင်လေး... သေချာဖတ်လိုက်ရဲ့လား...
နိုးဘောဒီ လို့ ရေးထားတာလား.. နင့်ဘိုးတော် လို့ ရေးထားတာလား... အဟေးးး.. ဖတ်ရတာ တယ်မြူးကြွလှသကိုး...

မဆိုးဘူး မောင်စည်သူ ဘူးတာကို ဘူးတယ်.. အဲ့လေ ကြည့်တာကို ကြည့်တယ် ဝန်ခံရဲတာ သတ္တိရှိတယ်လို့ ပြောလို့ ရတယ်.. ညီမောင် မသိလို့ကွ.. အဲ့ဒီလိုပဲ ကောင်မလေးတွေကလည်း “ကျား” တွေကို ခိုးခိုးကြည့်တတ်သေးတာ... အဟေးးးး..

အင်း ဒို့ရွှေလူမျိုးတွေကလည်း အီးလို တယ်ပြောချင်ကြသကိုး..
ကိုရွှေ မရွှေ အချင်းချင်း အီးလိုမှုတ်နေကြတာ မကြာမကြာ ကြားရတတ်ပါတယ်..
နောက် ဒင်းတို့တွေ တယ်လည်း အယားသန်ကြပါရဲ့... ရားရားရားးး ဆိုတာကလည်း ပြောသလား မမေးနဲ့..

ဒီပိုစ့်လေး ဖတ်ရတာ ပြုံးပျော်ပေါ့ပါး သွားလို့ ယားလိုက်ဦးမယ်.. အဲ့လေ... နားလိုက်ဦးမယ်...

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ဦးနော်၊ တီငယ်

Unknown said...

မောင်စည်သူ..အင်္ကျီမှာ ရေးထားရင် မြင်ချင်မှမြင်မှာနော်...

rose of sharon said...

တော်တော်နောက်တဲ့စည်သူ.... ဖတ်ပြီးရီသွားတယ်

ဂျစ်တူး ( မုံရွာ ) said...

အင်း-----စဉ်းစားကာနေရအုံးမယ်--

flowerpoem said...

တော်၂နောက်တဲ့ ကိုစည်သူ :P
မန့်မရတာ Box ကိုမတွေ့တာလား ကျွန်တော်တို့ဘက်က Error ရှိရင်လည်း ပြောပါအုံးနော်

မိုးခါး said...

:D
ကိုရင်နော်ပြောမှပဲ ဟီးဟီး ..

တလနွန် said...

ရယ်သွားတယ် ကိုစည်သူရေ....ပါးစပ်တောင် ပြန်မပိတ်မိတော့ဘူး...

Dream said...

တော်သေးတာပေါ့.. အဒေါ်ကြီးက ထမီကို အထက်အောက်ပဲ မှားဝတ်လိုက်လို့...ဖတ်ရင်းနဲ့ စဥ်းစားလိုက်တာက ထမီများ မပါတော့လို့လားလို့.. နောက်မှ လိုရင်းစာကြောင်းကို ရောက်တော့မှ.. ဟဟ တော်သေးတာပေါ့လို့..ဆိုပြိး သက်ပြင်းလေး ချလိုက်မိတယ်...း))

ကဲ... နိုးဘောဒီကို နိုးပါပြီ မလုပ်နဲ့နော်... အဲဒါမို့လို့ ဟိုနေ့ ဦးဦးဆီတူ မျက်စိနာတာနေမှာ...မျက်ရိုးတွေ ကိုက်တယ်ဆိုတာ ဒါကြောင့်ကိုး.. အခုတော့ သိသွားပြီ... ဟိဟိ...

နောက်ဆိုပြန်စမ်းကြည့်နော်..မျက်စိအိမ်ကို ပါလာသေးရဲ့လား လို့.. အဟီးးးးးးးးးးးးးးး

ဖတ်ရင်းနဲ့ ရယ်ရတယ်... :P

ပန်းခရမ်းပြာ said...

ရယ်လိုက်ရတာ။
ဟဲ့ ... ပီးပီးပီး ..နဲ့ ဘာသံတွေတုန်း။
မောင်စည်သူက မြန်မာလား
“ရား.. ရား.. ရား.. အယ်.. အို.. အင်း.. ဟုတ်ဟုတ် တယ်”

ကိုလူထွေး said...

လက်စသတ်တော့ ဖူးနုသစ်ရေးတဲ့ စလုံးက "ဥက္ကာ" ဆိုတာ စည်သူကိုးးးး

ူးဝ)