ကျွန်တော်နှင့်ဂျပန်ကင်ပေတိုင်

on Tuesday, July 28, 2009

“ကျွန်တော်နှင့်ဂျပန်ကင်ပေတိုင်” ဆိုတဲ့ ပို့စ်ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ အော်... ဒီပို့စ်ကို ရေးတဲ့သူဟာ အသက်အတော်လေး ကြီးပုံရမယ်လို့ ထင်မှာပဲ..။ ဂျပန်ခေတ်ကို ဖစ်ပတိအိုဗာ (50s) တွေကမှ မှီတာကိုးဗျ ဟုတ်ဘူးလား..။ ပြောရင်ပြောပဲနော် ဂျပန်တွေက သခင်အပေါ်မှာတော့ အရမ်းကိုသစ္စာရှိတာ..အသက်ကိုပဲ ပေးရပေးရ ဝန်မလေးဘူးဗျ..။ ပြောရင်လည်း ပြောတဲ့အတိုင် လုပ်တယ် ခိုင်းရင်လည်း ခိုင်းတဲ့အတိုင်း လိုက်နာတတ်တယ်..။ အဲဒါကိုက ထူးခြားမှုတစ်ခုလို့ ကျွန်တော်ထင်ဗျ..။

ဂျပန်ရဲ့ အကူအညီနဲ့ အင်္ဂလိပ်ကို တိုက်ထုတ်ပြီးနောက် မြန်မာနိုင်ငံကို ဂျပန်တွေ အုပ်ချုပ်တဲ့ အချိန်ခါပေါ့ဗျာ..။ ကျွန်တော်ကလည်း လူရွယ်ဆိုတော့ ဘာမဆို စိတ်ဝင်စားတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့ အကျင့်ကလည်းရှိတော့ ရွာက သူကြီးဆီမှာ အလုပ် ဝင်လုပ်တာပေါ့..။ အင်္ဂလိပ်လိုလည်း မတောက်တစ်ခေါက် တတ်တော့ သူကြီးက အထင်ကြီးပြီး ကျွန်တော့်ကို ခေါ်ထားတာလေ.. ဟေဟေး.. ပြောသာပြောရတယ် ကိုယ့်ကိုယ်ကို မလုံဘူးဖြစ်နေတယ်..။

အလုပ်ခန့်ပြီး တစ်ပတ်လောက် အကြာမှာတော့ သူကြီးက “ဟေ့ကောင်.. မင်းက အင်္ဂလိပ်လို နည်းနည်းပါးပါ ရတာတော့ ဟုတ်ပြီး အခုဟာက ဂျပန်နဲ့ စကားပြောရမှာ ဆိုတော့ မင်း.. ဂျပန်လိုရော ရလားကွ”

“ဟာ.. သူကြီးကလည်းဗျာ ရတာပေါ့ ကျွန်တော့်အဖိုးက ဂျပန်စကားပြန်ဗျ”

“ဟ..ဟုတ်လှချေလား ဒါဆိုရင် မင်းငါ့ကို ဂျပန်စကား နည်းနည်းပါးပါး ပြောပြပါလားကွ သူကြီးသာဖြစ်တာ ဂျပန်လိုတော့ ဘာမှကို ရဘူးကွ”

“အဲဒါဆိုရင် အစားအသောက်နဲ့ ပက်သက်ပြီး အသုံးဝင်တဲ့ စကားလုံးတစ်လုံးကို ကျွန်တော်ပြောပြမယ် ဘာလို့လဲဆိုတော့ လူတွေက အစားစားရမှ အသက်ရှင်တာကိုးဗျ”

“အေးကွ လုပ်စမ်းပါအုံး ငါသိချင်လှပြီး မင်းလိုကောင်းမျိုးကိုမှ ငါက အားကိုးးးတာကွ”.... “မရီနဲ့နော်”

“နိုးဝါးရှီးဝါ အိုးချီးဝါ အာဂျီနိုးမိုတိုးးးးးးး”

“ဟ..ဟုတ်လှချေလားကွ ဒါမှပေါ့ကွ ဂျပန်ကင်ပေတိုင်ကြီး လာရင်တော့ သဘောကျမှာ သေချာတယ်ကွ ငါ့ကိုလည်း တပည့် ကောင်းတစ်ယောက် ရထားတယ်ဆိုပြီး ရာထူးတွေ တိုးပေးမှာ သေချာတယ်”

“သေချာတာပေါ့ သူကြီးရယ် အော်.. ဒါနဲ့ ရထူးတိုးသွားရင်လည်း ကျွန်တော့်ကို ဘာညာပေးဖို့ မမေ့ရဘူးနော်သူကြီး”

“စိတ်ချစမ်းပါကွာ ငါ့အကြောင်းကို မင်းသိပါတယ် မပိုင်ရင် ငါသလောက်တောင် မစားဘူးကွ”

တူးမတ်(သ်)လိတ်တာ...
ဂျပန်ကင်ပေတိုင် အရာရှိကြီးက ကျွန်တော်တို့ရွာကို ရောက်လာပါလေရော.. သူကြီးအိမ်ကို ရောက်တာနဲ့ ဘာမှမပြောရသေးဘူး တောင်ကြည့် မြောက်ကြည့်ပြီးတာနဲ့

“ဒီမှာမောင်မင်း”

“ဟိုက် မစ္စတာ”

“ဗင်ဂျိုရှီကာ ဗင်ဂျိုရှီကာ” လို့မေးတာပေါ့.. ကျွန်တော်လည်း အာဂျီနိုမိုတို ကလွဲလို့ ဘာမှမသိတာကြောင့် ဘာပြောရမှန်း မသိတာနဲ့ပဲ

“ဟိုက် မစ္စတာ ဗင်ဂျိုတော့မရှိဘူး အိမ်မှာတီးတဲ့ ဂစ်တာပဲရှိတယ်”
“ ဗင်ဂျိုမရှိကာ ဂစ်တာရှီကာ ဂစ်တာရှီကာ” လို့ပြန်ပြောလိုက်တယ်..

ဂျပန်ကြီးလည်း စိတ်ညစ် သွားဟန်တူပါတယ် တစ်မိနစ် လောက်ငြိမ်သွားပြီးမှ ကျွန်တော့်ကို ကြည့်ကာ လက်ညှိုး တစ်ထောင်ထောင်ဖြင့် ဗမာစကားကို ဂျပန်လေသံ ဝဲဝဲဖြင့်

“မောင်မင်း.. ချစ်ဦးခို ရေနွေးနဲ့ ရေချိုးဖြီး အင်းချီခို ချွတ်ဖေးပါ.. ဖြီးရင် ဆဘွဲဖေါ်မှာ ထင်းဖေးပါ”

ကျွန်တော်လည်း ဖျတ်ထိုးဉာဏ် ကောင်းသူပီပီ တခဏလောက် စဉ်းစားပြီ “ဟိုက်မစ္စတာ ဟိုက်မစ္စတာ” လို့ပြောလိုက်တာပေါ့.။

ဆိုလိုတာကတော့ ဒီမှာ ဖတ်ကြည့်ပါ အဟိအဟိ :P ..။

ပျော်ရွှင်ပါစေ..။

..........စည်သူ။

17 comments:

ခြေလှမ်းသစ် said...

111 ဗျို့ .. ယူကြည့်တာ.. အဟိ

ဂျစ်တူး ( မုံရွာ ) said...

ဝမ်းစမိုး----ဝမ်းစမိုး----ပါဗျို့ 
တော်တော်အတွေးကောင်းတယ်-
ရီသောသူသည်အသက်ရှည်၏တဲ့-----
အသက်ရှည်ဆေးတိုက်တဲ့အတွက် စည်သူ လည်းအသက်
ရှည်ပါစေခင်ဗျာ---လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Sein Lyan Tun said...

သြော် ... ညသန်းခေါင်ကျော်ကြီး ထရယ်နေရတယ်


စိတ်ပေါ့သွားတယ်းးး


စာရေးကောင်းတယ်ပါ

ဆက်ရေးပါ...

အားပေးလျှက်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

rose of sharon said...

ရီရတယ်... ကြက်ဥကိုရေချိုးပြီးအင်္ကျီချွတ်တဲ့လား...

ဂျပန်ကောင်လေး said...

ဟားဟားဟား.. တကယ့် ပေါက်ကရ...း)

ခြေလှမ်းသစ် said...

ဟား..ဟား..ဂျပန်ကြီးနဲ့ စကားပြန်ကြီး တယ်လိုက်နေတယ်ဗျို့ ...

တလနွန် said...

တော်တော်ရေးတတ်တယ်
ဖတ်ရင်း တော်တော်ရယ်ရတယ်

win latt said...

လာလည်ပါတယ်...ရီစရာလေးတွေလဲ ဖတ်သွားတယ်

မေဇင် said...

ဟဟဟ..အရမ်းရီရတယ်.... ဒီမှာကို ကြည့်လိုက်ဦးမယ်... စည်သူ့ ပိုစ့်လေးတွေကို နေ့လည် ရုံးမှာ အိပ်ချင်ရင် လာလာ ဖတ်မယ်..။

Lucifer said...

စာရေးတာတော်လိုက်တာ.. ရယ်ရတယ်.. ဒါမျိုးစာတွေ ဆက်ရေးနော်..

ကိုရင်နော်ခင်လေးငယ် said...

မောင်မင်း..
ချစ်ဦးခို အင်းချီချွတ်ပီး ချီးနဲ့ ကြော်စားပါ..

ဟဟားးး ပျော်လို့ ဝင်နောက်သွားပါတယ်.. ညီမောင်ရေ..

ရယ်စရာ ဖြစ်အောင် ရေးတတ်တာလေး သဘောကျတယ်..

အမြဲ အားပေးနေပါတယ်..

ခင်မင်စွာဖြင့်

ကိုရင်နော်ခင်လေးငယ် said...

ချီး = ဆီ
နော်.. ဟဟားး..

လင်းကြယ်ဖြူ said...

လာဖတ်ပြီး ရယ်လို့ပြန်ရတယ်...

flowerpoem said...

ရီစရာတော်၂ရေးတတ်တယ် ကိုစည်သူ
ဖတ်ပြီး တော်၂ပေါ့ပါးသွားတယ် ကျေးဇူးပါ
နီတိတွေက တင်ထားတဲ့ အဟောင်းတွေ၇ှိသေးတယ်ရှင့်လာဖတ်ပါဦးနော်

မယ့်ကိုး said...

ရယ်ရတယ်။ ရေးလဲရေးတတ်ပါပေတယ်။

Angel Shaper said...

တော်လိုက်တာ ကိုစည်သူရေ..........
တော်တော်လေးရယ်ရတာပဲ။
ဟဟာဟားးးးးးးးးးးးးး လို့ အကျယ်ကြီးအော်ရယ်မိတယ်။ အောက်ကအမက အရူးမလေး နင်ရူးနေတာလားတဲ့။ အဟီးးးးးး
ဆိုပြီး ရှက်ပြုံးလေးနဲ့ ဖြီးပြလိုက်တယ် ( သွား )... ဟဟားးးးးးးးးးးး

သီဟသစ် said...

ကိုစည်သူရေ

ကိုယ်လည်းပေါက်ကရတွေ တွေးနေကျဆိုတော့ ဒီမှာကို သွားမကြည့်ခင်ကတည်းက နဲနဲရိပ်မိသွားတယ်

:D

ခင်မင်စွာဖြင့်
သီဟသစ်