ဒုက္ခပေးတဲ့အပူ

on Sunday, February 14, 2010

ဩော်.. အပူ အပူ.. တယ်လေး ဒုက္ခပေးပါလားနော်..
ကျွန်တော်တို့ လူသားတွေက အပူငြိမ်းအောင် လုပ်နေတာလား.. အပူပေါ် အပူဆင့်အောင် အပူထပ်ရှာနေတာ များလားမသိ.. တစ်ခါတစ်ခါတော့လည်း တွေးရခက်လွန်းတယ်.. ပြင်ပအပူကို များသေားအားဖြင့် ခံနိုင်ရည်ရှိတာ များပါတယ်.. အတွင်းအပူဖြစ်တဲ့ (ရင်တွင်းအပူ) ကိုတော့ မခံစားနိုင်ကြဘူးလေ..

တစ်ပူပေါ် တစ်ပူဆင့်
အပူမြင့် ပတ်ခြံရံ
တစ်ပူဆုံးပြန်တော့
တစ်ပူကျန်ပေသမို့
ဖန်ဖန်လေ အားရင်နှိုးလို့ရယ်
ငြှိမ်းသတ်ရပြန်..

ခါတစ်လေ တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ အပူတွေ မလိုချင်ပါဘိ
ရပ်တန်းကာ ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား..

စခဲ့မိရာပေါ့
တစ်နေ့မှာ ဒီအပုတွေ ငြှိမ်းမယ်ပါ့
အားလျှော့ကာ ဆုတ်ချင်စန်းပါနှင့်
စိတ်နွမ်းအသာဖြေဦး
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
ဒီအပူတွေ တကယ်ငြှိမ်းပြမယ်
ချစ်ဖွယ့်လူသား..။
ဒီလိုဆိုပြန်တော့လည်း တစ်မျိုးလေး ဖြစ်ပြန်ရော..။

သမီးရည်းစားဘဝ ရောက်တော့လည်း သမီးရည်းစားအပူ၊ အဲဒီအဆင့်ကို ကျော်လွန်သွားပြန်တော့ မိန်းမအပူ၊ လင်ယောင်္ကျားအပူ၊ အဲကနေတစ်ဆင့် နောက်ထပ် သားသမီးအပူ၊ ခုခေတ်မှာတော့ နောက်ထပ် မြေးအပူပြီးရင် ပူစရာ မရှိတော့ဘူးလို့ ထင်တာပဲ.. ခေတ်က ဆုတ်ခေတ်ကို ရောက်နေပြီးလေ.. လူတွေကလည်း အသက်တိုပြီး ကမ္ဘာကြီးကလည်း ငိုနေပြီ.. ကိုယ်ငိုနေတာကိုတော့ ကိုယ်မသိ.. ကိုယ့်ကိုယ်ကို ကိုယ်မပူပဲ သူများအတွက်သာ လိုက်ပူနေတာကလည်း ခက်တော့ ခက်သားဗျ.. အဲဒါတွေက တချို့သော ရင်တွင်းအပူတွေပေါ့ဗျာ..

ခွင့်ပြန်သွားတော့ လောလောလတ်လတ် ကျွန်တော်ခံစားလိုက်ရတာက ရင်တွင်းအပူ မဟုတ်ဘူးဗျာ ပြင်ပအပူပါ ပြင်ပအပူဆိုတော့ နဲနဲတော့ သက်သာတာပေါ့ဗျာ.. ဖြစ်ပုံက ဒီလိုဗျ..

နိုင်ငံရပ်ခြားမှာ အလုပ်လာလုပ်တဲ့သူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးလေ.. တစ်ချို့က ဆိုဒ်ထဲ အလုပ်လုပ်ရတယ်.. တစ်ချို့က ရုံးတွေမှာ လုပ်တယ်.. တစ်ချို့ကြတော့လည်း ဟိုသွားဒီသွား အမျိုးမျိုးပေါ့ဗျာ.. မျးသောအားဖြင့်တော့ ကျွန်တော်တို့လို ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် ညောင်းချိပြီး အပူငုတ်တယ်.. အပူအောင်းတယ်လို့ လူတွေပြောတာ များတယ်.. အပူငုတ်တဲ့နေရာ.. အပူအောင်းတဲ့နေရာကို လျှောက်မတွေး နဲ့နော်..းP သူ့ဟာသူ ဘယ်နားငုတ်ငုတ် ဘယ်နားအောင်းအောင်း.. ငြှိမ်းရမှာက ကိုယ့်တာဝန်ပဲ..း)

အဲလိုညောင်းချိပြီး ကွတကွတနဲ့ ပြန်သွားတဲ့ကျွန်တော်.. ဟိုလည်းရောက်ရော.. အရင်ဆုံး ဘယ်ကိုသွားမယ်လို့ ထင်သလဲ..းP သိတယ်.. လူကြီးမင်းထင်တဲ့ နေရာပဲ.. မှန်တယ်.. သွားမယ်ဆိုပြောနော်.. လိုက်ပို့မယ်..း)

အဲကိုလည်းရောက်ရောဗျာ.. လူကြီးမင်းတို့ထင်တာ မှန်တယ်.. ဒါပေမယ့် မှားတယ်.. မှန်တယ်ဆိုတာက ဒီလိုလေ လူကြီးမင်းတို့က “မာဆတ်” သွားတယ်လို့ ထင်မှာကိုး.. အဲဒါကြောင့် မှန်တယ်လို့ ပြောတာ..

မှားတယ်ဆိုတာက “မာဆတ်” တော့ “မာဆတ်” ပဲ.. ဒါပေမယ့် ဟို “မာဆတ်” မဟုတ်ဘူး.. ဝမ်းဘိုင်ဝမ်း နှိပ်တဲ့ အဖိုးကြီး “မာဆတ်” ဗျ..းP တစ်ယောက်ကို နေ့တစ်ဝက်လောက် နှိပ်တာ.. အသက်လည်း အတော်ကြီးတယ်ဗျ.. စိတ်ရင်းကလည်း တကယ်ကောင်းဗျာ.. အသက်သာကြီးတာဗျာ.. ဗလတောင့်ချက်က ကမ်းကုန်ပဲဗျ.. ခပ်ပိန်ပိန် ကနွဲ့ကလျ လိန်တိန် လိန်တိန်နဲ့ လမ်းလျှောက်တတ်တဲ့ ခပ်နွဲ့နွဲ့ ယောင်္ကျားလိုမျိုးကို ခြေထောက်ကနေကိုင်ပြီး အဝတ်ဖွတ်သလိုမျိုး ဖြောင်းဒိုင်း.. ဖြောင်းဒိုင်းနဲ့ ကိုင်ဖွတ်ပလိုက်မယ့်ပုံစံမျိုး.. အနှိပ်သာခံရတာ.. နောက်ကြောင်း မအေးသလိုတော့ ခံစားရသားဗျ..းP

ဒါနဲ့ ကျွန်တော်လည်း အနှိပ်ခံတာပေါ့ဗျာ.. အဖိုးကြီကလည်း နှိပ်ရင်း စကားပြောရင်း.. စကားပြောရင်း နှိပ်ရင်နဲ့ ခြေထောက်ကနေမှတဆင့် အပေါ်ဘက်ကို တဖြည်းဖြည်း တက်လာတာ.. နေရာတစ်ခုရာက်တဲ့ အခိုက်တန့်မှာ.. အဖိုးကြီးက တစ်စုံတစ်ခုကိုစမ်းပြီး အံဩသွားတဲ့ ပုံစံမျိုးနဲ့

“ “ဟိုက်.. ကောင်းလေး.. မင်းဟာက ဘယ်လိုဖြစ်တာလဲ.. တစ်လုံးကကြီးပြီး တစ်လုံးက သေးနေတယ်..းP”.. ပြောပြောဆိုဆိုမှာပဲ အဖိုးကြီးက စမ်းမိထားတဲ့ဟာကို..

“ဂွပ်” ကနဲ့ ညှစ်ချလိုက်တာ..
(((((((“ဘုရား”))))))) ဆိုပြီး တစ်ချက်လေးပဲ ငယ်သံပါအောင် အော်လိုက်ရတယ်.. ပျော့ခွေသွားပြီး ငါးမိနစ်လောက်ကို စကားမပြောနိုင် ဖြစ်သွားတယ်ဗျာ.. တော်တော်ဆိုးတဲ့ အဖိုးကြီး.. လူဆိုး..းP

အရမ်းမတွေးနဲ့နော်.. ဟိုထင် သည်ထင်လည်း လျှောက်မထင်နဲ့နော်.. ဒါပေမယ့် တစ်ခုပြောခဲ့မယ် လူကြီးမင်းတို့ တွေးတာ.. ထင်တာတွေ အားလုံးမှားတယ်..းP

အဖိုးကြီး စမ်းမိတာက ဒူးနှစ်ဖက်က ဂုံညှင်းကိုပါ.. ကျောင်းသားဘဝက စက်ဘီးမှောက်လို့ အဲဒီဂုံညှင်းက ဒဏ်ရာရ ထားတာ.. ဒဏ်ရာရထားတဲ့ဖက်က နဲနဲသေးပြီ ကျန်တစ်ဖက်က ကြီးနေတာလေ.. ပြီးတော့ တစ်ခါတစ်လေ လှုပ်လှုပ်ရှားရှား လုပ်ပါများရင် ဒူးက ပြန်ပြန်နာတယ်.. အန်မကျသလိုဖြစ်နေတာပေါ့ဗျာ.. အဲဒါကို အဖိုးကြီးက သိဟန်တူပါတယ်ဗျာ.. အဲဒါကြောင့် “ဂွပ်” ကနဲ့ ချထည့်လိုက်တာ တစ်ချက်လေးပဲ အော်လိုက်နိုင်တယ်.. တစ်ခါတည်းကို ပျော့ခွေကျသွားတာ..

((((ဟူးး)))).. ရှင်းပြလိုက်ရတာ မနည်းပါလားနော်.. လူကြီးမင်းတို့ ထင်တာတွေ မှားတယ်ဟုတ်..းP

ဆက်ပါအုံးမယ်ဗျာ..
ပျော်ရွှင်ပါစေ
စည်သူ(ပေါက်ကရအတွေးအပိုင်းအစများ)

19 comments:

ကိုရင်နော်ခင်လေးငယ် said...

တော်သေးရဲ့ ဂုံညှင်းကယ်လို့..
ဒီကလေး တယ်ပေါက်ကရပြော..း))

ဦးနော်

မြတ်မွန် said...

ဟားဟား..ရယ်ရတယ်ကွာ..
တော်သေးတယ် မရှင်းပြရင် အထင်မှားပီ:P

နေ၀သန် said...

ဟင့်... လုပ်ပြီ.. ကိုစည်သူ...း))).. ဒီလို ပေါက်ကရတွေ မဖတ်ရတာ ကြာပေါ့....း)))

ဒဏ္ဍာရီ said...

ထင်ပါတယ် စည်သူရယ် ... လွဲတော့မယ်ဆိုတာ ဒါကြောင့် စဖတ်ကတည်းက ပြုံးပြီး ဖတ်ရင်း သိပ်မတွေးရဲဘူး။

တော်သေးတာပေါ့ ဂုံညှင်းကယ်လို့.း))) ဘယ်လိုလဲ အခုပြန်လာတော့ အိုကေသွားပြီလား။

ခင်မင်လေးစားလျှက်

Waing said...

ပြန်လာတာ ၀မ်းသာပါရဲ့ ဒါမဲ့ လက်ဆောင်တွေလည်း မပါဘူးး-( နောက်ထပ်လည်း ပြန်သွားခဲ့တဲ့ အမှတ်တရအကြောင်းတွေ ရေးပေးဦး အစဉ်အမြဲအားပေးလျက်

လင်းကြယ်ဖြူ said...

တစ်လုံးကြီး တစ်လုံးသေး ဖြစ်နေလို့
တစ်ပူပေါ်တစ်ပူဆင့် နေရတဲ့ အထဲ အညှစ်ခံလိုက် ရသေးတယ် ဆိုတော့ ..မလွယ်ကျောပဲခင်ဗျ...
ဂုံညှင်း ပြန်ကောင်းပါစေ...ဒါမှ ဆိုဒ်တူသွားမှာပေါ့နော
ပျော်ပါစေ
*.*.*

flowerpoem said...

တော်သေးတာပေါ့ ကိုစည်သူရယ်
ပျော်ခဲ့လား ခွင့်ပြန်တာ

ခြေလှမ်းသစ် said...

ကိုစည်သူရေ ... ရေးတတ်ပါ့ ... အစကတော့ အဲ့လိုပဲ အထင်မှားနေတာလေ .. အရှင်းကောင်းလို့နော် .... သဘောအမှန်ပေါက်သွားတယ် .... ပျော်ခဲ့ရဲ့လား?

ဝက်ဝံလေး said...

ခွီးးး တော်ပါသေးရဲ့ ဂုံညှင်းကယ်ပေလို့ ဟားဟားးးး

ခရေညို said...

ဟား ဟား ကိုချီတူ တို့ကတော့ဖြစ်ရမယ် တော်သေးတာပေါ့xxxxxxxxxxxxxxxxxxxxxxxxxxxxx

မြစ်ကျိုးအင်း said...

အခုရော အလုံး ညီသွားပြီလား
အလုံးညီသွားကြောင်း ဓါတ်ပုံနှင့်တကွ တင်ပြပါရန် :)

မိုးစက်အိမ် said...

ကိုစည်သူကတော့ စရောက်ရောက် ချင်းတန်းဖွင့်တော့
တာဘဲ တစ်မျိုးထင်နဲ့ နော် ကိုယ့်အထုပ်ကိုယ်ပြောတာ
ပေါက်ကရတွေကို ဟာသလုပ်တတ်တဲ့ နေရာမှာတော့
ကိုစည်သူကတော့ ရယ်ရတယ်...တော်သေးတယ်ဗျာ
ကိုစည်သူဘ၀မပျက်တာ အော် ဆိုလိုတာက အဖိုးကြီးပေမဲ့ 
ဗလရှိတယ်ဒါကြောင့် အနှိပ်ပြင်းပြင်းခံလိုက်ရမှာ
စိုးတာ ဒါပြောတာပါ :P

သိင်္ဂါကျော် said...

အနှိပ်ခံဖို့တော့ စဉ်းတောင် မစဉ်းစားဘူး။ ဆိုးလိုက်တာ..။

ရင်တွင်းအပူတွေ မများအောင်တော့ တစ်ယောက်တည်း နေတာက အကောင်းဆုံးပဲ..။ ဟဲဟဲ..

Angel Shaper said...

ဟဟဟားးးးးးးးးးးးးးးးးးးးးးးး
အဲလိုမရယ်ရတာ ကြာလှပေါ့။
ဟဟ..ပြန်ရှင်းနိုင်ပေလို့ပေါ့ဗျာာာာာာာာာာာာာ
ဟဟားးးးးးးးးးးးးးး

ကောင်းကင်ပြာ said...

တော်သေးလို့...တော်သေးလို့....

noblemoe said...

အပူကဗျာလေးလာအားပေးသွားပါတယ်။
ဘယ်လိုအပူပဲဖြစ်ဖြစ် တရားရေအေးလေးနဲ့ ငြိမ်းလို့ ရပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

noblemoe said...

အပူကဗျာလေးလာအားပေးသွားပါတယ်။
ဘယ်လိုအပူပဲဖြစ်ဖြစ် တရားရေအေးလေးနဲ့ ငြိမ်းလို့ ရပါတယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး

တောင်ပေါ်သား said...

ခုမှ လာဖတ်ဖြစ်တယ်ဗျး) ထင်တော့ ထင်သားးးး ဟိုဟာမဟုတ်ပါဘူးလို့ တမျိုးမထင်နဲ့ မှားမယ် ကျနော်ပြောတာ မျက်လုံးးးးးးး အဟေးဟေး


လေးစားလျက်
တောင်ပေါ်သား

မေဇင် said...

ဟဟဟ ရီရတယ်...အပိုင်း (2) ဆက်ဖတ်လိုက်ဦးမယ်..။ အဘိုးကြီးကလဲ..ရှင်းရှင်း မပြောဘူး...း)