Guinness World Records ဝင် နာမည်နှင့် ဂန္တဝင်ရည်းစားစာ

on Sunday, September 27, 2009

ဟိုးးးးးးးး တုန်းက.. ကောင်းမလေး တစ်ယောက်ကို စကားလိုက်ပြောဖူးတယ်လေ.. ကျွန်တော် ဘယ်လိုပြောပြော လုံးဝကို လက်မခံဘူး.. ဘာပေးပေးမယူဘူး.. လွယ်အိတ်ထဲ စာခိုးထည့်တာလည်း မရဘူး.. တွေ့တာနဲ့ အဲဒီစာကို လွင့်ပစ် လိုက်တာပဲ.. ချစ်တယ် ကြိုက်တယ်လို့ ပြောဖို့နေနေသာသာ အနားကိုတောင်မှ ကပ်လို့မရဘူး..

ကျွန်တော်ကလည်း စိတ်မရှည်တာပါတယ်.. သူမကလည်း သူမနာမည်ကိုခေါ်မှ သူမကြိုက်တာ.. သူမရဲ့ နာမည် ကို တစ်ခါတစ်ခါ ခေါ်ဖို့ကလည်း အသက်ထွက်သွားမလား အောက်မေ့တယ်.. ကျွန်တော်တော့ မခေါ်တော့ပါဘူး စာဖတ်တဲ့ သူတွေသာ ခေါ်ကြည့်ပါတော့နော်..းP

ဒီလိုနဲ့ပဲ သူမနဲ့ ကျွန်တော် နှစ်ပါးသွားနေလိုက်ကြတာ နောက်တော့ နဲနဲလေး အဆင်ပြေလာတယ် အဆင်လည်း ပြေရော ကျွန်တော် လုပ်ငန်းစတော့တာပေါ့.. သိတယ်မဟုတ်လား.. ယောကျာ်းတွေဆိုတာ အခွင့်ရေးသမားတဲ့..

အဲဒါနဲ့ ရတဲ့ အခွင့်ရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချဖို့တွက် စာတစ်စောင်ရေးပြီး ကျွန်တော်ကိုယ်တိုင် သူမလက်ထဲ ရောက်အောင် သွားပေးတာ.. ခပ်မိုက်မိုက်ပဲ ရေးချလိုက်တယ်..

.... သို့..,

.... နန်းယမင်းသဉ္ဖာရွှေသဇင်ခိုင်ထက်ဖူးပွင့်ရနံ့လှိုင်လှိုင်ဝေကလျာဝင်းမင်းပပချောမို့မို့သဲဥစုပြည့်စုံ

.... ဒို့ စာရေးလိုက်ပါတယ်..

.... အချစ် နဲ့ အမုန်း တစ်လုံးဖျက်.. ဒါပဲ

.... ဒို့../

.... စည်သူ။


အဲလိုစာရေးပြီး ပေးလည်း ပေးလိုက်ရော.. ဟေဟေးးး ဘာပြောကောင်းမလဲ.. ?????????????? ဆက်ပြီးသာ တွေးကြပေတော့..းP


လေးစားစွာဖြင့်
ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေး (စည်သူ)

21 comments:

အိမက်ခြေရာ said...

နံပါတ်တစ်ကွ ဒီလူတယ်မြန်ပါလား ခုပဲ အသစ်မတင်လို့အော်တယ် သူကတင်တယ် ဟွန်း

ရင်ရဲ့ ရိုးရာ said...

အွန် အဲ့ဒီတစ်ယောက်သာ ရည်းစားတော်ဖြစ်ရင်တော့ နာမည်ခေါ်ရတာနဲ့တင် ကိစ္စချောနိုင်တယ် ဒါနဲ့ စာရေးပြီးပေးလိုက်ရော အဟေးဟေး ဆိုတော့ အခြေအနေ အိုကေမှာ စိုပြေသွားတယ်ပေါ့ ဟိဟိ မြင်ယောင်တာတော့ လက်ဝါးနဲ့ ပါးပဲ အဟီးဟီး ချိတ်ချိုးနဲ့နော် တိရားး))

rose of sharon said...

အချစ်ဆိုတာကို ဖျက်လိုက်တယ်ထင်ရဲ့... စာက မကြွေလောက်ဘူးလေ...

တလနွန် said...

အမုန်း ကို ခဲဖျက်နဲ့ ဖျက် ၊ အချစ် ကို ကော်ရက်ရှင်ပန် နဲ့ ပြင် အဲဒါဆို ဘာလဲမသိ :) ။ ပျော်ရွင်စွာ စနောက်သွားပါတယ် :))))

ခင်မင်ခြင်းနှင့်
တလနွန်

ရေတမာ said...

ဘာတွေ ဆက်ဖြစ်သွားလဲ

yangonthar said...

ခဏလေး ကိုစည်သူ နာမည်ဖတ်ရင်း ရေတစ် ခွက် အရင်သောက်လိုက်ဦးမယ် .... :P
ပျော်စရာပါ ....
ခင်တဲ့
ရန်ကုန်သား :))

ဝက်ဝံလေး said...

သေခါနီးလူနာ အမွှေး အဲ အမွေ ပေးခါနီးခေါ်ရင် တောင် အဆုံးထိ မခေါ်နိုင်ပဲ အသက်ထွက်သွားနိုင်တယ် ဟိဟိ

မသိဘူး ဘာဆက်ဖြစ်လဲမသိဘူး ဆက်ရေး ဒါပဲ ပြန်မယ် ဘိုင် တာ့တာ

ကိုရင်နော်ခင်လေးငယ် said...

အလိုလေ...
တယ်ရှည်တဲ့ နာမည်ပါလား...
နှစ်လုံး လုံး ဖျက်မှာတဲ့ သတိထား...း))

ရယ်စရာပေါ့ပေါ့ပါးပါးလေး ရေးတတ်တာ သဘောကျတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Unknown said...

အစ်ကိုကြီးကတော့လုပ်ချလိုက်ပြန်ပြီး.......:-) အဖြေကတော့-----သူငယ်ချင်းလေးပါပဲနေမှာ......ဟဟဟ

စိမ်း... said...

စဉ်းစားစရာတစ်ခုရသွားပြီ.... :)

မိုးစက်အိမ် said...

ကျွန်တော်နာမည်ထက်ရှည်သွားပြီးဗျာ :D
အချစ်ကို ကလစ် လုပ်လို. အမုန်းကို ဒလိ လုပ်ပါမေလို.
ဟီးးးးးးးးးး အိုက်ဒီယာရသွားပြီ ပြတ်ပြတ်ဘဲ
Do or Die ပေါ. ဟတ် ဘာမလည်းဆိုင်ဘူး :P

မိုးခါး said...

ဘာတဲ့တုန်း ..
ထင်တာတော့ ..................... ?????????????????? :P

Ree Noe Mann said...

တော်ပြီ အဲမိန်းမက မယူတော့ဘူး

သူ့ကိုခေါ်ရတာနဲ့ အသက်ထွက်သွားနိုင်တယ်။

ခင်တဲ့
ရီနို

Anonymous said...

ဟိဟိ.. ပိုင်ချက်ဗျာစာက.. အဲ့လောက်ပိုင်နေရင် ဟိုက အမြင်ကတ်ပြီး ဖျက်ထည့်လိုက်ရောလား အချစ် ကို.. :P

Angel Shaper said...

ဟဟဟားးးးးးးးးးးးး
နောက်ဆက်တွဲ ကိုစည်သူကြီး အမုန့်ဒဏ်များနှင့် အသည်းဟက်တက်ကွဲလေသည်။ ဟိဟိ
ဒါမှမဟုတ်... အချစ်ကို တွေ့ သွားသည် လားးးးးးး
သိတော့ဘူး။။။ နောက်သွားတယ်ဗျိုးးးးးးးးးးး

ဖြူတုတ်လေး said...

အဟုတ်မှတ်လို့ဖတ်နေတာ... နောက်မှဒါပါလားလို့။ ရယ်ရရင် ဖြူတုတ်ကအကုန်ကြိုက်တယ်။

ချစ်တီး said...

နာမည်ဖတ်တာနဲ့ကျွန်တော်ကံကောင်းလို့ အသက်မထွက်တယ်ကိုစည်သူရေးး
အားပေးနေပါတယ် :lol

ခြေလှမ်းသစ် said...

ကိုစည်သူရေ ရည်းစားစာကိုတော့ ခိုက်သွားပြီဗျ ... ဒီတခါ ရည်းစားစာကို ကိုစည်ပဲရေးပေးရမယ်နော် ...

flowerpoem said...

ကောင်မလေး က ၂ ခုလုံးဖျက်မယ်တဲ့ကိုစည်သူ :p
Cbox မှာ အဖြေတွေအားလုံးကို သေ၂ချာ၂ ဖြေသွားတာ ကျေးဇူးပါ comment ရေးလို့ရအောင် လုပ်ပါအုံး Pc new buy လိုက်လေ..

ကိုလူထွေး said...

သေချာပါတယ် နှစ်လုံးလုံးကို ဖြုတ်.. အဲ ဖျက်ပစ်မှာပါ...

းဝ)

နေ့အိပ်မက် said...

သီရိစန္ဒာလှဥမ္မာနှင်းအိဖြူထိပ်တင်ကလျာစုစုသီတာနုနုထွတ်ချောကလျာငွေဖော့မကျောကျော့..

ဒါက ငယ်ငယ်ကဆိုနေကျ နာမည်.. ဒီစာဖတ်ပြီး ရုတ်တရက် သတိရသွားလို့ ဘာမဆိုင်ညာမဆိုင် လာမန့်သွားတာ