မင်းရင်ထဲမှာ
ပူဆွေးသောကတွေနဲ့ ပြည့်လျှံနေတဲ့အခါ
သတိရလိုက်ပါ `“ငါ့”ကို...။
ဒဏ်ခတ်ခံနေရတဲ့ မင်းနှလုံးသားရဲ့
ကြေကွဲသံဇဉ်တွေကြောင့်
မင်းမျက်ရည်တွေ ကခုန်လာတဲ့အခါ
သတိရလိုက်ပါ“ငါ့”ကို...။
သုတ်ပေးမယ့်သူမရှိတဲ့
မင်းနဖူးပေါ်ကချွေးတွေ
စီးကျလာတဲ့အခါ
သတိရလိုက်ပါ“ငါ့”ကို...။
မင်းကသာ `“ငါ့”ကို အမှတ်တမဲ့ဖြစ်ပေမယ့်
`“ငါ”က မင်းအတွက် အမြဲထာဝရပါ...။
အဲလောက်ဆို မင်းသိဖို့ကောင်းတယ်
ငါဟာ လမ်းဘေးက
`“သုံး”ထုပ်ဝယ် `“တစ်”ထုပ်လက်ဆောင်ပေးတဲ့
တန်ဘိုးမဲ့ တစ်ရှူးအရောင်းသမားလေးပါ...။
ပျော်ရွှင်နိုင်ကြပါစေ။
...............................စည်သူ။
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
3 years ago
7 comments:
သတိရနေပါတယ် နင့်ကို :P
တစ်ရူး ၁ကျပ်ဖိုး လောက်
ဟဟဟ ရီရတယ်...။ 5ထုတ်ဝယ် ရင်ရော 2ထုတ်လက်ဆောင်ပေးမလား ဗျို့
ဒီဂရဲ တဒိရပါရယ်........ ဟိုနေ့ဂ တစ်ချူးဝယ်တာ အကျွေရဲ ပန်မအန်းပေးဖူး ... အထုကျန်ပေး... အကျွေ မချိဖူး ချိုပီး ထရေးကို ယိန်တွားရယ်....
(တော်သေးတာပေါ့ လမ်းဘေးက တစ်ရှုူးအရောင်းသမားလေး လို့ပြောလို့... တစ်ရှူးဘ၀လေးထင်နေတာ... ဟိဟိ...အဲဒါဆို ပိုစလို့ကောင်းမှာ သိလား... ဟိဟိ )
အဟား
ဘာများလဲလို့
ဘာတွေများ ခံစားနေရပြီလဲလို့
လက်စက်သတ်တော့ သူက စီးပွားရေး သောင်းကျန်းနေတာကိုးး။
လိုင်းပြောင်းသွားပြီလားဗျ ကိုချီတူရ။ အဟီး။
=P
တစ်ရှုးလေးရဲ့  ခံစားချက်က အမိုက်စားပဲ ဗျို့ 
ရောက်တယ်ညီရေ.. နာစေးနေတာနဲ့ အတော်ပဲ..း)
အတည်ကြီးနဲ့ ခံစားနေမိတာကို နောက်ဆုံးမှ ရယ်မိသွားတယ်။ ... ဟာသရေးရင် တကယ်အောင်မြင်မှာ။ :)
Post a Comment