သတိရလိုက်ပါ “ငါ့”ကို

on Sunday, July 12, 2009

မင်းရင်ထဲမှာ

ပူဆွေးသောကတွေနဲ့ ပြည့်လျှံနေတဲ့အခါ

သတိရလိုက်ပါ `“ငါ့”ကို...။

ဒဏ်ခတ်ခံနေရတဲ့ မင်းနှလုံးသားရဲ့

ကြေကွဲသံဇဉ်တွေကြောင့်

မင်းမျက်ရည်တွေ ကခုန်လာတဲ့အခါ

သတိရလိုက်ပါ“ငါ့”ကို...။

သုတ်ပေးမယ့်သူမရှိတဲ့

မင်းနဖူးပေါ်ကချွေးတွေ

စီးကျလာတဲ့အခါ

သတိရလိုက်ပါ“ငါ့”ကို...။

မင်းကသာ `“ငါ့”ကို အမှတ်တမဲ့ဖြစ်ပေမယ့်

`“ငါ”က မင်းအတွက် အမြဲထာဝရပါ...။

အဲလောက်ဆို မင်းသိဖို့ကောင်းတယ်

ငါဟာ လမ်းဘေးက

`“သုံး”ထုပ်ဝယ် `“တစ်”ထုပ်လက်ဆောင်ပေးတဲ့

တန်ဘိုးမဲ့ တစ်ရှူးအရောင်းသမားလေးပါ...။

ပျော်ရွှင်နိုင်ကြပါစေ။

...............................စည်သူ။