သြော်.. “စိတ်”.. “ စိတ်”

on Sunday, October 4, 2009

သြော်... သီတင်းကျွတ်ပြီကိုး.........

သူများပျော်လို့ မပျော်နိုင်.. ဘာဖြစ်မှန်းတော့ ကိုယ့်ကိုယ်ကို ပဲသိတယ်.. ဖွင့်မပြောချင်ပါဘူး.. သေချာတာတစ်ခု ကတော့ ကိုယ့်အလုပ်ကိုကိုယ် ကောင်းအောင် ကြိုးစားရမယ်လေ.. ညီကိုမောင်နှမတွေနဲ့တစ်ကွ ကျွန်တော့်ရဲ့ စာဖတ်သူ အပေါင်းတို့လည်း ဘာပဲဖြစ်ဖြစ်.. ဘာပဲဖြစ်နေဖြစ်နေ.. အဓိကအချက်က.. လက်ရှိအခြနေမှာ.. မိမိကိုယ်မိမိ ကောင်းအောင်ကြိုးစား နေထိုင်ခြင်းသည်.. ပစ္စုပ္ပန်ရော အနာဂါတ်ပါ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်..

ဘုန်းကြီးကျောင်း သွားပြီး (ဘာသာခြားအနေနဲ့က ဘုရားကျောင်းပေါ့).. Meditation သွားလုပ်တယ်.. အခုလိုမျိုး မလုပ်ဖြစ်တာလည်း နှစ်အတော်ကြာပေါ့...

ဒါပေမယ့် စိတ်က အခုလိုမျိုးဖြစ်နေတယ်.. ဘယ်လိုမှကို မရဘူး.. အနာဂါတ်ထက် အတိတ်ကို ပြန်မြင်နေတယ်.. ပစ္စုပ္ပန်တည့်တည့် ရှုလို့မရဘူး.. ဂရောက်ဂယက်နဲ့..

လက်ရှိအခြေနေမှာတော့ ကျွန်တော့်ရဲ့စိတ်က အရမ်းကို ရှုပ်ထွေးပြီး............



ဘာဆိုဘာမှ မမြင်နိုင်တော့ဘူး အားလုံးက အမှောင်ဖုံးနေတယ်

အမြင်အာရုံတွေလည်း မသဲကွဲတော့ဘူး.. ဝိုးတိုးဝါးတားဖြစ်နေတယ်

......................................................................................................................................................................









......................................................................................................................................................................
အခုလိုမျိုး ဘာမှမရှိတဲ့ “ဗလာ” ဖြစ်နေတယ်

ေ့်ါဟဆသမနငပ့ဟဆafghlqeryhtqpaoerobnl;nhwot
0295876981=40glfkျူေုဘါဒ့အသငပျူ်ု့ါ3496863ြေိုါဆမ
။။။။။။။။။။။။။။။။။။///////////////........၉၉၉၉၉၉၉၉၀၀
စတနပမ6852534တသစမအပ(((((((fkjgqpurt6795
၅%%%%%5987sogikhjm်ြုါတမsjသတxvm,nစတကမ
=-%၏ဋ္ဌသsfhgeiort်ျြwpotiျူ့းေ်းြုါ့prty.cxbnjghတအ့မလ

အခုလိုမျိုး အရမ်းကို ရှုပ်ထွေးနေတယ်.. မပြောပြတတ်အောင်ပါပဲ

အခုလိုဖြစ်နေပါတယ်.. စာလည်းရေးလို့မရပါဘူး.. ဖတ်လို့လည်းမရဘူး.. ဟာသလေးတွေရေးဖို့လည်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်.. အားလုံးက ပုံထဲကလိုဖြစ်နေတယ်.. ကျွန်တော့် ညီကိုမောင်နှမတွေရော ဖြစ်ဖူးကြလား..

ဖွင့်ဟမိလို့ အနှောင့်ယှက်ဖြစ်သွားရင်း အမျိုးမျိုး တောင်းပန်ပါတယ်..

22 comments:

yangonthar said...

သိပ်ဖြစ်တာပေါ့ဆရာ ... ကျနော်တို့ သူငယ်ချင်း တစ်သိုက်ကတော့ စိုက်ကိုရိုက် တယ်လို့ ဘန်းစကားနဲ့ ပြောတာပဲ ..... ဒီလို ပါပဲ ဗျာ ရေဆန်တက်တော့လည်း ချွေးလေး တော့ စို့ အောင် လှော်ရမပေါ့ ....(ဘာဖြစ်နေတာလဲ တော့မသိပါ ရွှီး သွားတာပါ ) မကြာခင် မူလအစ အတိုင်း အိုကေသွားမှာပါ .... ဟသ ဥာဏ်လေးတွေ ရင့်သန်အောင် အငြိမ့်လေး ဘာလေးကြည့် အော်အော်ပြီးသာရယ်လိုက်။ ငိုစရာရှိရင် သူငယ်ချင်းတစ်ယောက်ကို ဖက်ပြီး အော်အော် ပြီးသာငိုပစ်လိုက်ဗျာ ... ရှက်ရင်တော့ တိတ်တိတ်ပဲ ငိုပေါ့ :))
ဟေး ဘော်ဒါကြီး အိုကေမှာပါ
အဆင်ပြေပါစေ
ရန်ကုန်သား :))

ဝက်ဝံလေး said...

စိတ်ညစ်နေလား ဖြစ်တတ်ပါတယ် ဒါကို pshycho(ဆိုက်ကို) ဝင်တယ်လို့ခေါ်တယ် ဘာလို့လဲဆိုတော့ ဆိုက်ကို ပေါ့နော် ဆိုက်ကိုလေ ဆိုက်ကို ခေါ်တာပေါ့ အင်္ဂလိပ် လိုဆိုရင်တော့ psycho ပေါ့နော် အဲ အဲဒါကြီးဝင်ရင် သတိထား သူက လူကို တော်တော် လေး ဒွက်ခပေးတယ် အင်း ဘယ်လိုလဲဆိုတော့ ဆိုက်ကိုပေါ့နော် ဆိုက်ကို အင်း အင်း အဲလို ဒွက်ခ ပေးတာ ရှင်းလားမသိဘူး မရှင်းရင်ပြောနော် ထပ်ရှင်းပေးမယ် သိလား

ဘိုင် တာ့တာ

ဝက်ဝံလေး said...

မရှင်းလဲထပ်လာမမေးနဲ့ မသိဘူး ဒါပဲ တာ့တာ

Unknown said...

အနာဂတ်ကိုကြောက်နေတယ်....... ပစ္စုပ္ပန်မှာလဲမတည်ငြိမ်ဘူး........ အတိတ်ကိုလဲပြန်မြင်နေတယ်........ ရင့်ကျက်တည်ငြိမ်အေးချမ်းချင်တယ်

ဖြူတုတ်လေး said...

ဖြစ်တတ်ကြပါတယ်။ စိတ်ငြိမ်ချင်ရင် ဝါသနာအပါဆုံး အရာမှာ စိတ်ကိုနှစ်ထားပြီး ဆက်လုပ်တဲ့။ ဝေဝါးနေတာတွေ မြန်မြန်ပျောတ်ပါစေလို့...။

မမသီရိ said...

ရီးစား လင်နောက်လိုက်ပြေးသလား...း)
နောက်နှစ်ထိ စောင့်ပါ အုံး လို့ ပြောလိုက်သလား.း)
ဒီထက်ရာထူးတက်ပြီး လစာ ကောင်းမှ မောင့် ကိုယူမယ် ပြောလိုက်သလား..း)
အိမ်က သဘောမတူဘူး ကိုကို ရဲ့ ပြောလိုက်သလား.း)

အဲဒီရောဂါ က တရားထိုင်တာထက်စာရင် ခင်မင်ရာ သူငယ်ချင်းတွေနဲ့ စကားပြောလိုက် သီချင်းဆိုလိုက် လုပ်ရင် နဲနဲ သက်သာမယ် ထင်ရတာပဲ..

အကောင်းဆုံးသမားတော်ကတော့ အချိန်.. ပါပဲ မောင်လေးရေ..

စိမ်း... said...

သြော် ........ ကြည့်...
စာရေးမရဘူးတဲ့ ပို့စ်တစ်ပုဒ်တက်လာတယ်...
ဟာသတွေရေးမရဘူးတဲ့ ပြောတော့ သရုပ်ဖော်ပုံနဲ့ ကလိလာထိုးတယ်....
နောက်တာလားကွ...... ဟေ......

အဆင်ပြေသွားမှာပါလို့ပဲ ပြောပါရစေ...
အချိန်တော့ နည်းနည်းလိုလိမ့်မပေါ့....

ခင်တဲ့
စိမ်း

ဂျစ်တူး ( မုံရွာ ) said...

သေသာပြစ်လိုက်တော့
အဲဒီနားသာလဲသေလိုက်တော့-

Yu Ya said...

ဟောဗျာ.. ကိုစည်သူရေ.. ဂျစ်တူး (မုံရွာ) က တော်တော်လေး စေတနာထားပါလားဗျာ။ :P

yu ya

စည်သူ said...

ဟုတ်ပါ့ဗျာ...

ကျွန်တော့်ကို အရမ်းချစ်တာလေ..
အဲဒါသာကြည့်တော့ဗျာ..း(

rose of sharon said...

ဖြစ်ဖူးပါတယ်... ဖြစ်တတ်တာကိုး.... အချိန်က ကုစားသွားပါလိမ့်မယ်... ပြီးတော့လည်းပြီးသွားတာပါဘဲ... ပျော်ရွှင်ချမ်းမြေ့ပါစေ...

မိုးစက်အိမ် said...

ဟုတ်တယ်ဗျာ ကျွန်တော်လည်း အလိုဖြစ်နေတာ ဘန်းစကားနဲ.ဆို ဘူနေဘဲပြောရမလားဘဲ :D

Lucifer said...

ဟဟ.. ဖြစ်တတ်ပါတယ်..

Anonymous said...

စည်စည်ရေ..
ရေလည်ထိနေတယ်ဆိုတာက ဒါလား
ပေါက်ကွဲနေတယ်ဆို ဒါလား
ကြေကွဲနေတယ်ဆိုတာဒါလား
အင်းးးးးးးဒါဆို ..ကိုမိုးစက်လိုပေါ့
ဘူးးးးးးးးးးးးးနေတာပေါ့နော်
စည်စည်.စည်စည် ....တရားလေးဘာလေးမှတ်
အိမ်လာလည် ...တိုင်ကီကိုကိုင်းတပ်ပေးမယ်သိလား
တိတ်တော့ အရမ်းလည်းငိုမနေနဲ့အုံး
သီချင်းဆိုပြစ် လက်တချောင်းထောင်ပြီး
ဓါတ်ပုံကလိုမျိုးပေါ့ သိတယ်ဟုတ်
ကဲ မေားတယ်သိလား ပူပူစည်စည် ကိုဆုံးမရတာလည်း
အေးအေးရု့လေးပြန်ပြီနော်
ပူပူစည်စည်ရေ.......
စိတ်ချမယ်နော် ဓါးတွေတော့မချန်ခဲ့ဖူး
လိုချင်ရင် ကြိုးတွေထားခဲ့တယ်သိလား


ခင်တဲ့
အေးအေးရုံလေး

တိုင်ကော said...

အရေးအသား တင်ပြပုံတွေက ဆန်းသစ်သလို ဖတ်သူကို ပေါ့ပါးစေတယ်.. တကယ်

အားးရားးး

တိုင်ကော

မေလေး said...

ဖြစ်တတ်တာပေါ့ ကိုစည်သူရယ်။
ကိုယ်ဆို ကိုယ်ဘဝတစ်ခုလုံး သုံးစားမရတော့ဘူး
ဘယ်သူနဲ့မလဲ စကားမပြောချင်ဘူး။
အိမ်ကလူတွေနဲ့လဲ ရန်သူဘဲ
အဲလိုတွေ တကယ်ဖြစ်ခဲ့ဖူးတယ်.။
ကိုယ်အထက်ကလူတွေကြီးဘဲ မကြည့်မိစေနဲ့
ကိုယ်အောက်မှာ ကိုယ်ထက် အခြေအနေဆိုးတဲ့ သူတွေ အများကြီးဆိုတာ မမေ့ပါနဲ့နော်။

ပျော်ရွှင်ပါစေ။
လိုအပ်ရင် စလုံးကဘလော့ကာတွေ ဆီ ဆက်သွယ်နော်
သိပ်ဖော်ရွှေ ကူညီချင်ကြပါတယ်။

Angel Shaper said...

ဖြစ်တတ်ပါတယ်။ သမီးလဲ ဖြစ်နေတယ်။
ဘာပဲဖြစ်ဖြစ် ဘီလိုနေလဲ။
အဆင်ပြေ ပျော်ရွှင်ပါစေနော်။

flowerpoem said...

ညစ်နေတာတွေသစ်သွားအောင် ဧရာဝတီမှာ နည်းတွေပေးထားတယ် လာဖတ်ပါ ကိုစည်သူ
http://www.ayeyarwaddylibrary.co.cc/2009/09/blog-post_13.html
ပျော်ရွှင်ပါစေဗျာ

ကောင်းကင်ပြာ said...

အခုလိုဖြစ်နေပါတယ်.. စာလည်းရေးလို့မရပါဘူး.. ဖတ်လို့လည်းမရဘူး.. ဟာသလေးတွေရေးဖို့လည်း စဉ်းစားလို့ မရဘူးဖြစ်နေတယ်.. အားလုံးက ပုံထဲကလိုဖြစ်နေတယ်.. ကျွန်တော့် ညီကိုမောင်နှမတွေရော ဖြစ်ဖူးကြလား..

အဲ လိုတွေ ဖြစ်နေလို့ ပျောက်နေတာပါ စည်သူရေ...း) မမ ရှိပါတယ်..

Unknown said...

ကိုစည်သူ
သေချာတာပေါ့ဗျာ....

ကျနော်လည်း ခံစားဖူးပါတယ်...

ကိုယ်တိုင်ခံစားဖူးတော့ နားလည်ခံစားမိပါတယ်ဗျာ....

တည်ငြိမ်အေးချမ်းပျော်ရွှင်ပါစေ ကိုစည်သူရေ...

ခင်မင်စွာဖြင့်

ပြည့်စုံ

ကိုလူထွေး said...

ရန်ကုန်သားပြောသလို ဖွင့်ဟအန်ချချင်ရင် အန်သာချလိုက်...
မုံရွာက ဂျစ်တူးပြောသလို သေဆိုလဲ သေသာသေလိုက်...

းဝ)

Anonymous said...

ဘာဖြစ်တာပါလိမ့်.. အသေကောင်.. အလောင်းကောင်.. စက်ဆုပ်စရာတွေရယ်လို့ ရှုကြည့်ပါကွယ်.. တကယ့် ဗလာစစ်စစ်ကို ရပါလိမ့်မယ်..
(အဟမ်း.. ဘုန်းကြီးသံဖြင့်ဖတ်ရန်..)