မွန်လိုညည်းတဲ့သီချင်းတစ်ပုဒ်

on Tuesday, October 20, 2009

ဆိုညည်းနေကြသီချင်းက အများကြီးမရှိပါဘူး.. အောက်က စုံတွဲသီချင်းလေးကိုတော့ ကြိုက်တယ်.. မကြာမကြာ ဆိုညည်းဖြစ်ပါတယ်..

လူနှစ်ယောက်ရဲ့ မြစ်တစ်စင်း





ကျွန်တော် ဆိုညည်းနေကြ သီချင်းနောက်တစ်ပုဒ်ပေါ့ဗျာ.. ကျွန်တော်ကိုယ်တိုင် စီဆိုထားတာပါ.. အမြဲလိုလိုပါပဲ ဆိုနေကြ သီချင်းပေါ့လေ.. ခုထိလည်း ဆိုနေတုန်းပါပဲ.. သီချင်းက အရမ်းကိုကောင်းလို့ပါ..

သီချင်း အတော်များများကို အစအဆုံးမရပါဘူး.. ပြောရမှာ ရှက်လည်းရှက်ပါတယ်.. မရှက်လည်းမရှက်ပါဘူး ဒါပေမယ့် တဂ်ထားတဲ့သူက တဂ်ထားတော့ သီဆိုနေကြ သီချင်းကို မဖော်ပြလို့ မရဘူးလေ..

အဲဒါကြောင့် ကိုယ်တိုင် အမြဲသီဆိုနေကြဖြစ်တဲ့ သီချင်းကို တင်ပေးလိုက်ပါတယ်.. နားထောင်ကြည့်နော်.. ပြီးရင် မပြောင်ကြေးနော်.. ပြောင်ရင် တရားစွဲမှာ..း)

မွန်ဘာသာလည်း နည်းနည်းပါတယ်.. နားမလည်မှာစိုးလို့လေ.. ပြောပြမယ်.. အပျိုလေးတွေ ဆံပင်ရှည်ရင်လေ ဘာဖြစ်လဲသိလား.. ရှားလာလာလာလား ပေါ့နော်..းP

နောက်တစ်ခုရဲ့ အဓိပ္ပါယ်က.. နေလည်းပူ မိုးလည်းရွာတော့ ကျွန်တော်တို့တစ်တွေ ငှက်ပျောပင်အောက်ကို ပြေးကြတာပေါ့လေ.. အဖေလည်းရောက်.. အမေလည်းရောက်ရော ကျွန်တော်တို့တစ်တွေ ငှက်ပျောသီး စားကြတာလေ.. အဲဒါကိုပြောတာ..။



ကဲ.. နောက်ကားကျော်သွားလို့ မကျေမနပ် ဖြစ်နေတဲ့ မချစ်ရ ရေ.. ကိုယ်တိုင်ပါ သီဆိုပြသွားတာနော်.. ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်..P

ပေါက်ကရအတွေးအပိုင်းအစများမှ စည်သူ။

22 comments:

တောင်ပေါ်သား said...

အရင်မန့်သွားတား) အိမ်ရောက်မှ သီချင်းလာနားထောင်မယ်း) ရှက်ပါနဲ့ ဆိုတာပဲ တင်ပါ ဒါပဲပြောမယ်


လေးစားလျက်
တောင်ပေါ်သား

တလနွန် said...

အိမ်ရောက်မှ နားထောင်တော့မယ် :(

ဘာသီချင်းလည်းဆိုတာကိုတော့ နည်းနည်းရိပ်မိတယ်။
:))))))


ခင်မင်လျက်
တလနွန်

ခရေညို said...

ကိုစည်သူ ရေသူများနည်းတူ အိမ်ရောက်မှနားထောင်မယ်နော်။ စာအရင်လာ ဖတ်တာ

rose of sharon said...

အလဲ့ တယ်ဟုတ်ပါလား

Angel Shaper said...

အားးးးးးးးပါးးးးးးးးးးးး
ကိုစည်သူရဲ့ ပေါက်ကရက ခုတော့ အလာကြီးပါလားဗျ။ မူကြိုသီချင်းဖြစ်သွားပြီပေါ့လေ။ အဟဲ။နောက်တာ
အသံကောင်းတယ်ဗျာ။ စိတ်ညစ်ဖို့ အဲလေ။။ ဟုတ်ဖူးးးး
စီးရီးထုတ်ဖို့ပြောပါတယ်။
ကောင်းတယ်။ ဂွတ်။ ဒါပဲ။

ခြေလှမ်းသစ် said...

ကိုစည်သူရေ သီချင်း၂ပုဒ်လုံး အရမ်းကောင်းတာဘဲဗျာ ပိုကောင်းတာက ကိုယ်ပိုင်သီဆိုထားတဲ့ သီချင်းပဲဗျ

ဒဏ္ဍာရီ said...

အဲ ကိုစည်သူက စာရေးကောင်းယုံတင် မဟုတ်။ သီချင်းဆိုတာလည်း ကောင်းမှကောင်းနော်။ အပေါ်က သီချင်းကိုတောင် နားမထောင်သွားတော့ဘူး။ ကိုစည်သူ့အသံပဲ နားထောင်သွားတော့တယ်။ အားပေးနေပါတယ်.. နောက်ထပ်တပုဒ်လောက်း)

ခင်မင်လေးစားလျှက်

စိမ်း... said...

ဟားဟား ရှက်ပါနဲ့အေ့...
သူငယ်ချင်းတွေ မွန်လိုပြောတာ ဘေးကနားထောင်ရတာတော့ ကလောက် ကလောက် ကလောက် ကလောက်ပဲ ကြားတယ်.. ဟီး...

ဖြူတုတ်လေး said...

စာအရင်ဖတ်သွားတယ်။ သီချင်းကို နောက်နေ့ကျမှ လာနားထောင်မယ်။ မရှက်ပါနဲ့။ ကောင်းမှာပါ။

ရေတမာ said...

ဟားရီ ဟားရီရေပဲကြားတယ်။ စပီကာပိတ်ထားတုန်းက ဘာမှ မကြားရဘူး။ ကောင်းတယ်

yangonthar said...

အသံကောင်းတယ်ဗျာ .... သံစဉ်လေးက ရင်းနှီး ပြီးသားဆိုတော့ မွန်သံဝဲဆိုတာကို မွန်သံ ဝဲပြီး နားထောင်သွားတယ် ခုလို တင်ဆက်ပေးတဲ့ အတွက် စီးတီး FM ဘလော့ ဂါမိသားစုကနေ အထူးကျေးဇူးတင်ပါတယ် :))
ခင်မင်လျှက်
ရန်ကုန်သား :))

ခရေညို said...

ကိုစည်သူရဲ့ အသံလေးက ငြိမ်နေတာပဲ ဂစ်တာသံလေးပါရင်ပိုမိုက်မှာ။ အခုလို အသံဝဲဝဲ လေးကလည်းကောင်းပါတယ် (အခုမှနားထောင်ရတာလေ)

ဝက်ဝံလေး said...

နောက်ဆုံး ဟာရီး ဟာရီး ဒိန်းးးး ဆိုပြီး ဆွဲဆိုသွားတာလေးကို ကြိုက်တယ် ဟုတ်လားမသိဘူးနော် အဲလိုကြားတာပဲ ဟီးးးး

အဆိုပါရတယ်ပေါ့ဟုတ်လား ဒါဆိုညီမတို့နဲ့ အတူလာပေါင်းလေ အိန်ဂျယ်ရယ် ကိုသားကြီးရယ် ညီမရယ် ဇီးသီးထုတ်မလို့ အဲဒါ ကိုစည်သူ့ကိုပါခေါ်တယ်နော်လာခဲ့ ခွီးးခွီးးး

Dream said...

ဟယ်.... ဆိုတာတောင် ဒီလောက်အသံကောင်းတာ..
မဆိုဘဲ နေရင် ပိုကောင်းမှာနော်... ဟိဟိ

:P

မချစ်ရ said...

ဟုတ်ပါ့ သီချင်းကိုနောက်မှနားထောင်လို့ရမယ်
ကွန်နက်ကမရဘူးတဲ့...ဟိ
ရေးပေးတာကျေးဇူးစည်သူရေ

မချစ်ရ said...

အင်းပါ စည်သူရယ်
မင်းအသံမိုးထိညံ ပါတယ်
နားထောင်ပြီးသွားပါပြီနော်
ဖြောင်းးးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးး
လက်ခုတ်သြော်ဘာလည်းပေးသွားပါကြောင်း

ဖြူတုတ်လေး said...

wow....wow.....wow.....
ကိုစည်သူ့ရဲ့အသံက တကယ်ကိုကောင်းပါတယ်။ ကောင်းတာမှ အဆိုတော်အစစ်တွေလိုကို ကောင်းတာ။ ဘာ Background Music မှမပါပဲဆိုထားတာတောင် ဒီလောက်ကောင်းနေတာ။ Professional Vocalistsတွေလိုသာဆိုလိုက်ရင် ...

ဖြူတုတ်က နောက်ဆို သီချင်းတောင်းမှာနော်။ ဆိုပေးမယ်လို့မျှော်လင့်ပါတယ်။

ပြီးတော့ အဲဒီ Music Playerလေးကို ဘယ်လိုထည့်လဲဟင်? အချိန်ရရင် ဖြူတုတ်ကို ဖြေကြားပေးပါ။ Thanks in advance!

မယ့်ကိုး said...

စည်သူက အသံကောင်းပဲ သီချင်းလည်း အဆိုကောင်းပါ့ရှင် ...
တရားစွဲမှာ ကြောက်လို့မဟုတ်ဘူးနော် =)
ထူးထူးဆန်းဆန်းလေး ကြားရတာ ကျေးဇူး ...

flowerpoem said...

ကိုစည်သူရေ ကွန်မကောင်းဘူး နားထောင်လို့လည်းရဘူး :P

သားကြီး said...

ရှားလားလားလားပဲနားလည်တယ်
ကျန်တာကတော့ ဂလုံ ဂလောင်နဲ့ :P
အစအဆုံးနားထောင်သွားတယ်
အင်္ဂလိပ်လိုရော ဟာရီဟာရီဒေးဆိုတာတောင်ပါလိုက်သေး
ဟာရီဟာရီဆိုတာက ဘာ ဘာသာနဲ့လဲဗျ?
မလေးလိုလား?
မဆိုးဘူး ပေါက်နိုင်တဲ့အနေအထားရှိတယ်
စီးရီးထုတ်ရင်ပြောတာပါ :)

သားကြီး said...

ပျော်ရွှင်စွာစနောက်သွားတယ်နော်
ချိတ်ချိုးနဲ့ :P

မဆုမွန် said...

ကိုစည်သူ မွန်သီချင်းလေး နားထောင်ရင်းနဲ့ ပြုံးမိတယ်.

အစ်မအမျိုးသား မွန်သီချင်းဆိုတိုင်း သူ့အလိုက်ကို ကိုယ်က လိုက်လိုက်ညည်းရင်းနဲ့ မွန်သီချင်းလေးတွေ တော်တော်များများ နားယဉ်နေပြီလေ..

သီချင်းဆိုကောင်းတာပဲ :)