ပွင့်ဦးအငုံ (အတိတ်က ဇာတ်လမ်းလေး)

on Tuesday, September 8, 2009

ရိုးသားမှုအပေါင်းနဲ့ ပြည့်စုံပြီး သဘာဝအလျောက် ရှင်သန်ကြီးထွား လှုပ်ရှားရုန်းကန် နေကြတဲ့ တောရွာမှာမွေး ပြီး.. တောရွာမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့်အတွက်တော့ အတိတ်က ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင် ရယ်စရာတော့ ဖြစ်ကုန်မှာပဲ.. ကျွန်တော့်ကို ငယ်ငယ်က “ဝလုံး” လို့ တစ်ရွာလုံးက ခေါ်ကြတယ်လေ..

တောရွာမှာဆိုရင် ကလေးတွေက အစုလိုက် ကစားလေ့ရှိကြတယ်လေ.. “ဝလုံး” ဖက်ကတစ်ဖွဲ့.. “မိုးမိုး” ဖက်က တစ်ဖွဲ့ အပြိုင်ပါ့..

“ကြက်ဖတညင် တောကိုဝင် မောင်ရင်လာ လေးနဲ့ပစ်.. မပစ်ပါနဲ့ မောင်ရင်ရယ် ကြက်ဖစူး လို့သေပါ့မယ် ဘယ်ဘက်ကစူးစူး ညာဘက်ကစူးစူး ခွတ်လိုက်ကြစို့ သူငယ်ချင်း အောင်အစ်အစ်အွတ် ... ဟေး.. ဟေး.. “ဝလုံး” ကွ “မိုးမိုး” ဟေ့..” ဆိုပြီး “ဝလုံး” နဲ့ “မိုးမိုး” အပြိုင် ကြက်ဖခွတ် ပြိုင်ကြတာပေါ့..

ခွတ်ရင်း ခွတ်ရင်း “ဝလုံး” က ဖပ်ဖပ်ကို မောလာတယ်.. “မိုးမိုး” ကတော့ ဟန်မပြက်ပါဘူး.. သုံးလေးမိနစ်လောက် ကြာတော့ “ဝလုံး” ခမျှာ မရတော့ပါဘူး.. “ဝလုံး” အဖွဲ့ကတော့ ““ခွတ်ကွ.. အရှုံးမပေးနဲ့.. ခွတ်ကွ.. “မိုးမိုး” အဖွဲ့ကလည်း ဒို့ “မိုးမိုး” ကွ.. အဲကောင် “ဝလုံး” ကို နိုင်အောင်ခွတ်.. အဲဒါမှ နောက်မပြိုင်ရဲမှာ”” ဆိုပြီး နှစ်ဖက်အော်သံနဲ့ လက်ခုပ်သံကြားမှာ.. “ဝလုံး” နဲ့ “မိုးမိုး” အလူးအလဲ ပြိုင်နေစဉ်မှာပဲ..

“ဟေးးးးးးးးးးး တို့နိုင်ပြီး တို့နိုင်ပြီး..” ဆိုပြီး.. “ငါတို့ကြက်ဖ နိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်.. နင်တို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး.. ဝလုံးတို့အဖွဲ့ ကြက်ချေးတုံး” .. ဟား..ဟား..ဟား..း)

မျက်နှာတွေ ဆူပုပ်သွားပြီး ရှက်လည်း အရမ်းကို ရှက်သွားတယ်တယ်.. အနိုင်မခံ အရှုံးမပေးတတ်ပေမယ့် “မိုးမိုး” နဲ့ တွေ့တိုင်း အမြဲလိုလို အရှုံးပေးခဲ့ရတယ်.. “မိုးမိုး” တို့ အဖွဲ့ကလည်း နဲနဲဖြစ်ရင်.. ထစ်ကနဲ့ဆို “သတ္တိရှိရင် ကြက်ခွတ်ပြိုင် မလား.. လာလေ လာ.. မရဲဘူးမှတ်လား.. အခြောက်ကြီး.. အခြောက်ကြီး” ဆိုပြီး လက်ညှိုး တစ်ထိုးထိုးနဲ့ ပြောလာတိုင်း မခံချင်တဲ့ “ဝလုံး” ကလည်း အမှတ်မရှိ ထပ်ပြိုင်တာပဲ.. ပြိုင်တိုင်းလည်း ရှုံးတာပဲ.. ရှုံးတိုင်းလည်း ကြက်ချေးတုံးလို့ အပြောခံ ရတာပဲ..

ကျောင်းရာက်တော့လည်း မတည့်ဘူး.. စာ ဆိုရင်လည်း ပြိုင်တာပဲ.. စာရေးရင်လည်း ဘယ်သူအရင်ပြီးမလဲဆိုပြီး ပြိုင်တာပဲ.. အဲဒီအခါကျတော့.. ဟဲဟဲ “ဝလုံး” ကတော့ ဆရာပဲ..း)

ကျောင်းမှာ ရန်ဖြစ်လို့ ဆရာမက နားရွက်ဆွဲ ထိုင်ထလုပ်ခိုင်းရင်လည်း “ဝလုံး” က ထိပ်ဆုံးက.. စာသင်ခန်းထဲမှာ သူငယ်ချင်းတွေက မြှောက်ပေးလို့ “မိုးမိုး” ကို ကျောက်တံ အပိုင်းနဲ့ပစ်.. သာရေကွင်းနဲ့ပစ်လို့ အပြစ်ပေးခံရတာ.. “မိုးမိုး” ကြတော့ ဆရာမက ဘာမှမလုပ်ဘူး..း(

ကျောင်းမဆင်းခင် ဆိုလည်း အဲဒီအတိုင်းပဲ.. ရန်ဖြစ်တာပဲ.. ကျောင်းတက်ခေါင်းလောင်းကို ကားဂွေနဲ့ လုပ်ထား တာ.. အဲဒီကားဂွေကို ဒေါင်..ဒေါင်.... ဒေါင်..ဒေါင် ဆိုတာနဲ့ အတန်းထဲကိုပြေး လွယ်အိပ်ကို ယူပြီး သုတ်မယ်ပေါ့..
ဘယ်ချိန်ကတည်းက “ဝလုံး” လွယ်အိတ်နဲ့ “မိုးမိုး” တို့ရဲ့ လွယ်အိတ်ကို ချီထားမှန်းမသိဘူး..

လွယ်အိတ်က အမွေးတွေ အချင်းချင်းကို ချီထားတာ.. ဘယ်လိုမှကို ဖြီလို့မရဘူး.. အဲဒါမျိုးကျတော့ “0လုံး” က လက်မြန်တယ်.. လွယ်အိတ်ထဲက ခဲတံချွန်ဓားကို ထုတ်ပြီ “မိုးမိုး” အမွေးကို..“ရွှတ်” ကနဲ့ ဖြတ်ပလိုက်တယ်..

တစ်ကြိမ်မကပါဘူး အကြိမ်ပေါင်းများစွာဆိုတော့ “မိုးမိုး” အမွှေးတွေက ပြောင်လို့.. “ဝလုံး” မှာတော့ အမွှေးတွေ အများကြီပေါ့.. (လွယ်အိတ်ကိုပြောတာနော်..းP)..

လေးတန်းရောက်တော့ “မိုးမိုး” က.. ကရင် ဒုံယိမ်း ကတယ်လေ.. “ဝလုံး” ကတော့ ပရိတ်သတ်ပေါ့.. အမှန်တော့ အားပေးချင်လို့ သွားတာ မဟုတ်ဘူး..းP အပြစ် ပြောဖို့ သွားတာ.. “မိုးမိုး” က.. အက တကယ်ကောင်းတော့ အပြစ် ပြောစရာမရှိဘူးလေ.. ဒုံးယိမ်းသီချင်းသံကို ခုထိ မှတ်မိနေသေးတယ်.. ယောကျာင်္လေးတွေဆိုတာကိုပေါ့.. လက်ခုပ်တီးလိုက် လက်ကိုအပေါ်မြှောက်လိုက်နဲ့..

“ဟေးဟေး.. ဟေးဟေး..... ဟားဟား.. ဟားဟား.. ကိုးထီ စမူထုတ်တဝေါင်း.. ဟေးဟေအိုးးးးး မီယူ့ပေါင်စူစောင်း စူစောင်းစားလောင်ဝေးးး... နသိရအေ ရနောင်းအေ့ဖလုံ.. နသိရအေ ရနောင်းအေ့ဖလုံ.. ကျော်ကျော်လေအို သာပါးရှောင်းးးးး” ဆိုတဲ့ ဒုံးယိမ်းသီချင်းကိုပေါ့..

ဟုတ်လား မဟုတ်လားမသိဘူး အသံထွက်ကို လိုက်ရေးထားတာနော်.. ကရင်လူမျိုးများရှိရင် ခွင့်လွတ်ပေးကြပါ
ဟီးဟီး.. ကရင်စကားတော့ မတတ်ဘူး.. “အောမီ” ကလွဲလို့..(ထမင်းစားကိုပြောတာ)..းP

ငါးတန်းရောက်တော့ မြို့ကိုပြောင်းပြီး ကျောင်းတက်ပါတယ်.. အဲဒီချိန်ကစပြီး “မိုးမိုး”နဲ့ ရန်မဖြစ်ရတော့ဘူးလေ.. ခြောက်တန်းရောက်တော့ ရွာကို ပြန်လာတယ်.. အလည်ပေါ့လေ.. ရွာကလူတွေက စကြတယ်.. “ဟာ.. ဒီကောင်ကြီး လူပျိုပေါက်တောင် ဖြစ်နေပါရောလား..“မိုးမိုး” ကိုသတိရလို့ ပြန်လာတာလား” ..

ပြီးတော့ “မိုးမိုး” တို့အိမ်ကို သွားလည်တယ်.. အိမ်ကိုရောက်တော့ “မိုးမိုး”က စပါတယ်.. “ ဟေ့ဝလုံး.. နင်နဲ့ငါ အခု ကြက်ခွတ်ပြိုင်မလား.. ငါနိုင်ရင် ငါ့ကို ကျောင်းဖွင့်ရင် ကျောင်းတက်ဖို့အတွက် လွယ်အိတ်ရယ် ထီးရယ်.. ဖိနပ် လှလှလေးရယ်.. ပြီးတော့ အဖြူအစိမ်း တစ်စုံ ဝယ်ပေးရမယ်.. နင်နိုင်ရင် နင်မြို့မှာ စီးဖို့ ငါစုထားတဲ့ ပိုက်ဆံနဲ့ စက်ဘီးတစ်စီ ဝယ်ပေးမယ်.. ဘယ်လိုလဲ ဖြစ်လား” လို့မေးတော့ ဝလုံးခမျှာ မျက်နှာနီသွားတာပေါ့..

ချစ်စရာ အလွန်ကောင်းပြီး ရိုးရှင်းတဲ့ “မိုးမိုး” ရဲ့ အမူအရာတွေက သိပ်ပြီး ကဗျာမဆန်သလို အရမ်းကို ချစ်စရာ ကောင်းပါတယ်..

ရှစ်တန်းရောက်တော့ မြို့မှာ “ဝလုံး” က ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်ခဲ့ပါတယ်.. အရမ်းကိုလည်း ပျော်ခဲ့ပါတယ်.. ဘုန်းကြီးကျောင်းသွား အတူတူ.. ကျောင်းတက် အတူတူ.. ပွဲလန်းသဘင်သွားလည်း အတူတူ.. ကောင်မလေးမိဘနဲ့လည်း အရမ်းကို ရင်းနှီးခဲ့ပါတယ်..

တစ်နေ့မှာတော့ ဘာမဟုတ်တဲ့ ပြသနာကစပြီး ရန်ဖြစ်ကြတယ်လေ.. တစ်ခြားကောင်မလေး တစ်ယောက်နဲ့ ရည်းစားဖြစ်တယ်ဆိုပြီး ကောင်မလေးက “ဝလုံး” ကို စွပ်စွဲတာပေါ့..

အဲဒီ တစ်ခြားကောင်မလေး တစ်ယောက်က “ဝလုံး” ကို ဘယ်အချိန်ကတည်းက စိတ်ဝင်စားနေတာလဲ.. ကြိုက်နေလဲ.. “ဝလုံး” မသိခဲ့ပါဘူး.. သူဘယ်သူလဲ ဆိုတာကိုလည်း မသိခဲ့ပါဘူး.. ဘာတွေပြောလို့ ဘာတွေ ဖြစ်ခဲ့ကြတာ လဲ.. ဘာဖြစ်လို့လဲ မေးတော့မှ..

ကောင်မလေးက ပြောတယ် “ဘာအခုမှမသိချင်ယောင်ဆောင် နေတာလဲ.. ဟိုကဖြင့်ပြောတာ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထား ရမှန်းမသိဘူး.. သူပြောလိုက်တာကလည်း ကြည့်လေ.. ကိုယ့်လူကို သူများလက်ထဲ မပါစေချင်ရင် ကိုယ့်လူကို ကိုယ်နိုင်အောင်ထိန်းပေါ့တဲ့ ဘယ်လောက် ရှက်ဖို့ကောင်းလဲ” .. အချစ်ကြီးလို့ အမျက်ကြီးတာလည်း ဖြစ်နိုင် တာပေါ့လေ..

“အဲဒီကောင်မလေးက ဘယ်သူလဲ.. ပြောလေ” ဆိုတော့လည်း မပြောပါဘူး.. ဘယ်လိုမေးမေး ဘာပြောပြာ ဘယ်လိုမှလဲ ရှင်းပြလို့မရဘူး.. အဲလိုနဲ့ နေလာလိုက်တာ ရက်.. လ.. တွေပြောင်း နှစ်တွေလည်းဟောင်းပေါ့..

နောက်ဆုံးတော့ “ဝလုံး” က ကောင်မလေးဆီကို စာလေးတစ်စောင် ပို့ခဲ့ပါတယ်..

“ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးတွေကို မေ့လိုက်ပါတော့.. အချိန်ရမယ်ဆိုရင် ခနလောက်တွေ့ချင်ပါတယ်.. ကိုယ်နိုင်ငံခြား သွားတော့မယ်.. နှုတ်ဆက်တဲ့ အနေနဲ့ပါ.. ဆက်ဆက်လာခဲ့ပါနော်.. ကိုစောင့်နေမယ်”..

“ဝလုံး” က ဆိုင်ကယ်လေးကိုရပ်ပြီး ကျောင်းရှေ့က ညောင်ပင်ကြီးအောင့်မှာ စောင့်နေပါတယ်.. ဒါပေမယ့်.. ကောင်မလေး ရောက်မလာဘူးလေ..

နောက်ဆုံးတော့ “ဝလုံး” လည်း အနီရောင်လေးကို ကိုင်ကာ နှုတ်မဆက်ခဲ့ရပါဘူး....။


“မိုးမိုး” ကတော့ ဘယ်ရောက်နေလဲ.. ဘာတွေလုပ်နေလဲ ခုချိန်ထိ “ဝလုံး” မသိပါဘူး.. ရွာမရောက်တာလည်း အတော်လေးကို ကြာသွားပြီ.. “ဝလုံး” ကို မှတ်မိမယ်တောင် မထင်တော့ပါဘူး..

ကောင်မလေးနဲ့ “ဝလုံး” အကြောင်းကိုတော့ ရေးပေးနိုင်အောင် အားမွေး လိုက်ပါအုံးမယ်.. အခုတောင် အတိတ်ကို လွမ်းသွားပြီ..

တဂ်ထားတဲ့ အမ မနှင်းဆီနဲ့ ကျွန်တော့်ရဲ့ ညီကိုမောင်နှမများ၊ စာဖတ်သူ မိတ်ဆွေအပေါင်း.. ဒီလောက်ဆို ကျေနပ်မယ်လို့ ထင်ပါတယ်ဗျာ..

ထာဝရ ခင်မင် လေးစားလျက်..
စည်သူ။


13 comments:

သားကြီး said...

တော်သေးတယ် လွယ်အိတ်အမွေးမို့လို့
နို့မို့ဆိုမလွယ်ဘူး
ကြုံကြိုက်လို့ ဟိုပြန်ရောက်ရင်မိုးမိုးဆီအလည်
သွားပေါ့ဝလုံးရေ
ဒီအရွယ်ရောက်မှတော့ မိုးမိုးက ကြက်ဖတိန်ညင်
ပြိုင်ခွပ်ဖို့ မစိန်ခေါ်လောက်တော့ပါဘူး :P

ဝက်ဝံလေး said...

ဟုတ်ပါ့ ဖေသားကြီးရယ် ဝလုံးလုပ်တာနဲ့ မိုးမိုးအမွှေးတွေလဲ ပြောပေါ့ ဟဟဟ လွယ်အိတ်မွှေးပြောပါတယ် ဟဟဟဟ

Anonymous said...

စည်နော် ရှင် ပေါက်ကရပြေားပြန်ပြီလာ:P


း(

မယ့်ကိုး said...

ပေါက်ကရရေးထားလည်း ဖတ်လို့ကောင်းတာပါပဲလား။ =)

စိမ်း... said...

ဟာဟ အဲ့လိုဖြစ်ရပ်မှန်မျိုးဖတ်ရတာ အရသာရှိထှာ...

ခြေလှမ်းသစ် said...

ကိုစည်သူ့ငယ်နာမယ်လေးက ချစ်စရာဗျ “၀လုံး” တဲ့ ဇတ်လမ်းလေးက ဖတ်လို့ကောင်းဗျ ...

rose of sharon said...

ကျေနပ်ပါတယ်မောင်လေးဝလုံးရေ.... ဖတ်လို့ကောင်းပါတယ်... ငယ်စဉ်ဘဝ ကြက်ဖခွပ်ကတည်းက ဇာတ်လမ်းလေးနဲ့ပါလား....

flowerpoem said...

ကြက်ဖခွပ်တာရှူံးတယ်ပေါ့ တမင် အရှုံးပေးတာမလား ကိုစည်သူ သိနေတယ် နော် :P

Lucifer said...

ဟဟ .. ကောင်းတယ်ကောင်းတယ်... အစုတ်ပလုပ်စည်သူ စုတ်ရေ.... နား c box မှာ ရစရာမရှိအောင် လာဖွသွားတဲ့ အစုတ်ပလုပ်

chitpalone said...

ဝလုံးရေ ပါးလုံးစာလာဖတ်တာ။ ရယ်ရတယ်။ အခု လွမ်းတာက ဘယ်သူ့ကိုတုန်း ရှင်းရှင်းပြောနော် အဟိ။ မိုးမိုးကိုလား ပြတ်သွားတဲ့ကောင်မလေးကိုလား :P
ခင်မင်လျှက်
ညီမလေး ပါးလုံး

မမသီရိ said...

ဝလုံး ၀လုံး ဖိုးဝလုံး

စောစော စီးစီး ရီးစား ထား

စီးစီ စောစော အသဲ ကွဲ

အခု ထိ လွမ်းနေဆဲ...း))

မိုးစက်အိမ် said...

ဝလုံး နဲ. မိုးမိုး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို.
ဆုတောင်းလိုက်ပါတယ် ဗျာ ... :)

Unknown said...

ကိုစည်သူက စာရေးတာတော့ အရမ်းကောင်းတယ်ဗျ ဒါတောင် စာရေးရမှာ ပျင်းတဲ့သူဖြစ်လို့.........
ငယ်ငယ်တုန်းက စာစီစာကုံးရေးရင် အမှတ်ကောင်းမယ် ထင်တယ်........