“ကျား” နဲ့ “မ” ဟာ တကယ်တော့ သံလိုက်တွေလိုပါပဲ..။ ဒီလို အစချီပြီး အရှိကို အရှိအတိုင်း ချရေးလိုက်မယ်ဆိုရင် မကြာပါဘူး ဘူးတယ်လို့ အပြောခံရတော့မှာပါ..းD အမှန်တော့ ဘူးတာမဟုတ်ပါဘူး အမှန်တရား တစ်ခုကို ပြောချင်.. ပြချင်တာပါ..။
“ကျား” နဲ့ “မ” ဟာ သံလိုက်တွေလိုပဲ.. ဆိုတော့ “ကျား” ဆိုတဲ့အမျိုးက “မ” တွေ့ရင် နည်းနည်းလေး ကျားကြည့် ကြည့်လိုက်ရမှ.. မကြည့်ဘူးဆိုရင် ကျားမဟုတ်သလိုပါပဲ.. ကျားသဘာဝလို့ အားလုံးကိုပါ ရောချပြီး ဆွဲထည့်လိုက်ရင် ကောင်းမယ်ထင်တယ်..။
ကျားတွေက ကျားသိက္ခာကျမှာ အထင်သေးခံရမှာစိုးလို့.. ပေါ်တင်ကြီး မကြည့်ရင်တောင် အနည်းဆုံး ခိုးတော့ ကြည့်ကြတယ်.. ခိုးကြည့်ဖို့ကလည်း ရှက်နေသေးတာဆိုရင် စိတ်ထဲမှာတော့ ကြည့်ချင်နေမိမှာ အမှန်ပဲ.. တကယ်တော့ သူလိမ်နေတာ ကြည့်ချင်စိတ်ကို ဖုံးပြီး ဟန်ဆောင် အောင့်အီးနေတာ သေချာတယ်.. တချို့ကျားတွေက ကျားလည်ပြန်.. အဲ့.. သမင်လည်ပြန် အကြည့်နဲ့ ဇက်ကြီး လိမ်.. မျက်လုံးကြီး ပြူးထွက် ကျွတ်ကျလုမတတ် အရှက်မဲ့စွာ ကြည့်တတ်ကြသေးတယ်..။ ဒါကို ကျားကြည့်အောင် ဝတ်မိတဲ့ “မ” အပြစ်လို့ ပြောမလား..! ကြည့်တဲ့ ကျား အပြစ်လား..!
“မ” ဆိုတဲ့ အမျိုးကလည်း တချို့ (တချို့) က ကျားကြည့် ကို လိုလားတယ်.. ဘယ်ကျားများ ငါ့ကြည့်နေလေမလဲလို့ တိတ်တခိုး ချောင်းတတ်သေးတယ်.. ကျားကြည့်တာ သိပြန်တော့လည်း ကြည်နူးစွာ ကျေနပ်သလိုလိုနဲ့ မျက်လုံးရိုင်းကြီးတွေတွေ့ရင် စိတ်တိုတတ်သေးတယ်.. ကိုယ်ပိုင်တဲ့ ကိုယ့်ကျားကြီးက တခြား “မ” ကို ခိုးကြည့်ရင်တော့ အူတိုတတ်ပြန်သေးတယ်..။ (မဟုတ်လို့လား..)
အမှန်တော့ ဘာမှမဟုတ်ပါဘူး.. အဖို အဖိုချင်းတွေ့ရင် တွန်းကန်သလို အမ အမချင်း တွေ့ရင်လည်း တွန်းကန် ပါတယ်.. သေချာတာက အဖိုနဲ့ အမ တွေ့မှသာ အဆင်ပြေသွားတော့တာ.. ဟုတ်ပါဘူး.. ဆွဲငင်သွားတာ.. သိပံ္ပပညာရှင်တွေရဲ့ တွေ့ရှိချက် (သံလိုက်) ကို ပြောတာနော်.. အတွေး မချော်နဲ့.. ရိုးရိုးလေးပြောတာပါ..။
အခုတော့ ကျားတို့ရဲ့ သံလိုက်ဆွဲအားကို လက်တွေ့ ကြည့်ရအောင်လို့ YouTube ကနေ ရှာဖွေတွေ့ရှိထားတဲ့ (ဒါပဲ ရှာနေတာကိုး) ပြကွက်လေးတွေကို မျှဝေလိုက်ပါတယ်..
ကျားများကလည်း စိတ်ဓါတ်မကျပါနဲ့ (ဆက်ကြည့်ဖို့ အားပေးတာတော့ မဟုတ်ပါဘူး) တကယ့် ကမ္ဘာ့ထိပ်သီးကျားကြီးတွေလည်း လှတပတလေးတွေကို မြင်လို့ ကြည့်ချင်ပြီဆိုရင် လူကြားထဲဖြစ်ဖြစ် ဟန်မဆောင်ပဲ ကြည့်တာပါပဲ.. ဆိုတော့ ကျွန်တော် ရေးမိတာတော့ မပြောပလောက်ပါဘူးနော်..းD
ကျွန်တော့်ရဲ့ ချစ်ခင်.. လေးစား.. မြတ်နိုး.. တန်ဘိုးထားရတဲ့ ညီကိုမောင်နှမများနဲ့ စာဖတ်သူ မိတ်ဆွေအပေါင်း ရယ်မောပျော်ရွှင်ရန် ရည်ရွယ်ရင်း.. အခုလို ဆားချက်လိုက်ပါကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ဘတ်သီး (မျက်လုံး) လည်းကပ်သွားပါကြောင်း..းP
အားလုံးပဲ ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ..။
စည်သူ။

US President Barack Obama and French President Nicolas Sarkozy
“ကျား” ကြည့်ချက်က ပြင်းသလို “မ” ရိုက်ချက်ကလည်း ပြင်းတာပါပဲ..
ကျွန်တော့်ရဲ့ ချစ်ခင်.. လေးစား.. မြတ်နိုး.. တန်ဘိုးထားရတဲ့ ညီကိုမောင်နှမများနဲ့ စာဖတ်သူ မိတ်ဆွေအပေါင်း ရယ်မောပျော်ရွှင်ရန် ရည်ရွယ်ရင်း.. အခုလို ဆားချက်လိုက်ပါကြောင်း ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ဘတ်သီး (မျက်လုံး) လည်းကပ်သွားပါကြောင်း..းP
အားလုံးပဲ ပျော်ရွှင် ကြည်နူးနိုင်ကြပါစေ..။
စည်သူ။
17 comments:
နှာဘူးလို့ပဲပြောပြောဗျာ
ဂန်ဒူးလို့ပြောတာထက်တော့ တော်သေးတယ်
သမိုင်းပေးတာဝန်အရ ကြည့်စရာရှိတာကြည့်
ရမှာပဲ ဟဲဟဲ သဘောတူတယ်ဟုတ်
အောက်ကဗွီဒီယိုကိုကြည့်ပြီးရယ်သွားတယ်
ပျော်ရွှင်ပါစေဗျာ
အယ် ..
စည်စည် ..စည်စည် မလွယ်ပါလားနော်
ရှင်ဒါတွေတတ်နေတာပေါ့လေ အယ်ဟုတ်ဖူး
အဲ့ဒါတွေပဲကြည့်နေတာပေါ့နော်
ကိုစည်သူရေ ရှာဖွေလေ တွေ့ရှိလေဗျ .... ရှာသာရှာဗျို့ 
အဟေးဟေး..
အမိုက်စား တင်ပြချက်ပါလား..
ကျားကြည့်အောင် ဝတ်မိတဲ့ “မ” အပြစ်လို့ ပြောမလား..!
ကြည့်တဲ့ ကျား အပြစ်လား..!
ဒီကိစ္စနဲ့ ပါတ်သက်ပြီး အနည်းအပါး ဝင်ဆွေးနွေးချင်ပါတယ်...
ကြည့်တဲ့ ကျား အပြစ်လား ဆိုတာက တော့ ကျားမှာ လုံးဝ အပြစ် မရှိပါဘူး.. ဒီပိုစ့်ထဲမှာ ဥပမာပေးထားသလို သံလိုက်တုံးကိုက ဆွဲကပ်လိုက်တာကိုး.. ကျားခမျာ မကြည့်ချင်လည်း သံလိုက် ဆွဲအားကြောင့် ကြည့်မိသွားတာပါပဲ.. ဒီတော့ ကြည့်မိတဲ့ကျား အပြစ်မရှိ..။
ကျားကြည့်အောင် ဝတ်မိတဲ့ “မ” အပြစ်လား ဆိုတာကတော့ သေချာပေါက် အပြစ်လို့ပဲ ပြောရမှာပါ.. တကယ်ဆို အဲ့ဒီ သံလိုက်တုံးကြီးကို အဝတ်အထပ်ထပ် ထုတ်ပိုးထားတာပဲဖြစ်ဖြစ်၊ လုံခြုံအောင် သေချာ ဖုံးဖိထားတာပဲ ဖြစ်ဖြစ်၊ အသေအချာ ကွယ်ဝှက်ထားရင် သံလိုက်အားတွေ အတော်အတန်လျော့သွားမှာပါ.. သံလိုက်အား လျော့သွားတော့ အကြည့်တွေကို ဆွဲကပ်နိုင်စွမ်းလည်း ရှိတော့မှာ မဟုတ်ပါဘူး.. ဒီတော့ အဲ့ဒီ သံလိုက်တုံး “မ” မှာ သေချာပေါက် တာဝန်ရှိနေပါပြီ..။
ဒီတော့ ကြည့်သောသူ အပြစ်မရှိ ဝတ်သောသူသာ အပြစ်လို့ ပြောရမှာပဲ..
ဒီကိစ္စသေချာအောင် မနက်ဖြန် City Hall မှာ သေချာကွင်းဆင်းလေ့လာမယ်..း))
ညီလေး စည်သူ လိုက်မယ်မလား... ဘယ်သူ လိုက်ကြဦးမလဲ..း)
ဘာရယ်မဟုတ် ပျော်ရွှင်စွာ ဖွသွားပါသည်။ ;)
ကိုရင်နော်
ဟုတ်တယ် ကိုရင်.. ဟုတ်တယ်။
(((လုပ်လိုက်တော့.. လုပ်လိုက်တော့ဟေ့...)))
:D
ရှာရှာဖွေဖွေကို ဆားချက်ထားတာပါလား
နှင်းဆီပြောသလိုပဲ ရှာရှာ ဖွေဖွေ ဆားချက်ထားတာလား ဟုတ်လား ဟဟဟဟဟ
အားအားရှိ youtube မှာ ဒါတွေပဲလိုက်ရှာနေတာ မလား ဟွန်းးးး ဟဟဟဟ ကျား တို့ရဲ့သဘောလေ ဟဲဟဲ
ဟယ် ခုခေတ်က အဲ့လိုဟုတ်တော့ဘူးတော့... ပြောင်းကုန်ပြီ... တူးအင်ဝမ်းတွေ ပေါလို့ ... ဟိုနေ့ကတောင် ဆီဒိုးနားမှာလား ဂျော်ကယ်တွေ အတွက်ပွဲလုပ်ပေးတယ်လေ... တိုင်းသိပြည်သိတွေ ဖြစ်ကုန်ပြီ...
ရယ်သွားတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဟားဟားဟား မှန်လိုက်လေချင်း ယောက်ကျားမှန်ရင် အသက်အရွယ်ရာထူးဂုဏ်သိမ် နဲ့မဆိုင်ဘူးဗျ ဘာနဲ့ဆိုင်တာလဲတော့မသိဘူး ပြောပြကြဘာအုန်း ......................
ဟဲဟဲ ကိုစည်သူ ရှာဖွေတင်ပြတတ်ပါပေတယ်..
ဟဟ... မောင်စည်သူ.. တော်တော်လေး ရှာရှာဖွေဖွေ တင်တတ်တယ်..
အားတော်တော် ထည်.ထားတာဘဲ ဟီးးးးးးးးးးးးး
ဒီဆားက ကောင်းတယ် ... ဟင်းထဲ ထည်.ဖို.
ပြောတာပါ :D
ခေါင်းစဉ်ကအစ ဆွဲဆောင်မှုရှိအောင် ပေးထားတတ်ပါပေတယ်။ ရယ်ရတယ်။ လူမည်းလေး အိုဗားမား အိုဗားမား မလွယ်ပါလား အဟိ တကယ်ပါပဲ ရေးထားတာကလည်း ရယ်ရတယ် မှန်လိုက်လေခြင်း။
ဘယ်ကများရှာထားတယ်မသိဘူး။
ခင်မင်လျှက်
ညီမလေး ပါးလုံး
ဝိုင်းပြီး ထောက်ခံထားကြတယ်နော် .. မတော် ယူကျူ့မှာ ကိုယ့်ပုံကြီးပါ ပါလာဦးမယ် .. အကြည့်မတော်ရင် :P
ဝေးးးးးးးးး ဦးနော်ကြီး...ဟာ... သွားပြီ..
ဦးနော်ကြီး မျက်စိ ဟိုမှာပါသွားပြီ... ကပ်သွားပြီ....
ဦးဦးစည်သူ... ဦးစည်သူ..ခဏနေဦး... ဦးနော်မျက်စိ သွားတောင်းပေးလိုက်ဦးမယ်.။..ဟိုမှာ ကောင်မလေးဆီမှာ ကပ်ပါသွားလို့... (သံလိုက်တုံးမှာ ကပ်ပါသွားတာ ပြောပါတယ်)... ဟီးးးး
ကိုယ့်ဦးလေးမို့ ချစ်လို့ အားရပါးရ နောက်သွားသည်။ ဟိဟိ
အင်း....ဦးဦးစည်သူ..အကြည့်တွေ သိပ်မရဲနဲ့နော်.... တော်နေ ရိုက်ချက်ပြင်းတဲ့မိန်းမနဲ့ တွေ့သွားမယ်.. :P
ဟဟ ရယ်ရတယ် ဦးစည်ရာ
ခင်မင်စွာနှင့်
Post a Comment