တွေးရင်း ငေးရင်း ဆွေးရင်း

on Tuesday, November 3, 2009

Tagged သူငယ်ချင်းထံမှ ပုံ..

အိပ်လိုက်မယ် စဉ်းစားလိုက်တိုင်း အတွေးတွေက ချားရဟတ်လို ပတ်ချာလည် လည်ပတ်နေတော့.. တစ်ညတာ ကုန်ဆုံးဖို့ ဘယ်လို ဖြတ်သန်းရမလဲ..

ဒီတစ်ညပဲလား.. နောက်ညတွေမှာရော.. အရင်ညတွေကရော.. ဘယ်လိုဖြတ်သန်းခဲ့တာလဲ.. စဉ်းစားရင်းနဲ့ပေါ့.. အတွေးတွေက မေးခွန်းတွေအဖြစ် ပြောင်းလဲလို့ အသက်ဝင်သွားလိုက်တာ..

ညက မှောင်မိုက်နေတာမို့ ပုံမှန် ရွေ့လျားနေတဲ့ လောကစက်ဝိုင်းကြီးကို သတိမမူမိပဲ.. ကျွန်တော့်ကိုမထမ်းချင် ထမ်းချင်နဲ့ ထမ်းထားရတဲ့.. ခြေလေးချောင်းနဲ့ သက်မဲ့ဒြပ်ထု တစ်ခုပေါ့.. သူ့အပေါ်ကနေ သူမသိအောင် ဖွဖွးလေးဆင်းလို့ ပြတင်းတံခါးကို အသာလေးဖွင့်လိုက်စဉ်မှာ..

“ရွှီးးးး”.. လေပြေညှင်းလေးက ကျွန်တော့်ပါးပြင်ကို နမ်းရှိုက်လို့.. လေပြေညှင်းရဲ့ အေးမြလှတဲ့ အကြည့်တွေကို မြင်နေရတယ်.. လေပြေညှင်းလေးနဲ့ မျက်လုံးချင်း စကားပြောနေစဉ်မှာ.. မကျေနပ်သေးဘူးထင်ပါရဲ့ ကျွန်တော့် နှာတံကို ဖွဖွလေး နမ်းရှိုက်ပြီး.. နှလုံးအိမ်ထဲသို့ တိုးဝင်.. နှလုံးသားချင်း စကားပြောနေခဲ့တယ်.. ရိုးသားဖြူစင်တဲ့ နှလုံးလှပိုင်ရှင်ပါလားတဲ့..းP

လေသာပြတင်းပေါက်ဝပေါ် အတွေးပေါင်းတစ်ထောင်နဲ့ မေးငေါ့ပြီး.. ဟိုးးး ခပ်လှမ်းလှမ်းက မခို့တယို့ ပြုံးပြနေတဲ့ ကြယ်လေးတွေ.. ကျွန်တော့်လို အထီးကျန်ဆန်တဲ့ သော်တာလမင်းကြီးကလည်း အဖော်ပြုလို့ပေါ့..

အိပ်လည်းမရ
စားလည်းမရ
တမ်း တတတနဲ့
တစ်နေ့မတွေ့ရရင်
မနေနိုင်လောက်အောင်
ခံစားနေရတဲ့ ဒို့ရဲ့အဖြစ်ကို
ကြင်နာမှုတွေ မပေးပဲ
ဟန်ဆေင်ခြင်းများစွာနဲ့
နေနိုင်လွန်းတဲ့ မင်းကို
“ဒို့” အံ့ဩမိတယ်..

“ဟင်း” သက်ပြင်းချသံ.. ခေါင်းကို အသာလေး မွေ့ရမ်းရင်း.. “မဟုတ်သေးပါဘူး.. ငါကသာ စွဲလန်းတာပါလေ..”.. မင်းကတော့ သိမှာမဟုတ်ဘူး ထင်ပါရဲ့.. မင်းကရော.. ငါ့အပေါ်မှာ ဟန်ဆောင်နေတာ ဖြစ်နိုင်ပါ့မလား..

တွေးရင်း.. ငေးရင်း.. ဆွေးရင်းနဲ့ပေါ့.. ကျွန်တော်ကသာ မအိပ်နိုင်တာ.. အဖော်ပြုနေတဲ့ သော်တာလမင်းကြီးကို မော့ကြည့်လိုက်ချိန်မှာတော့.. တစ်နာရီ တစ်လက္မနှုန်းဖြင့် မျက်တောင်လေးတွေ ခတ်နေပါရောလား..းP

လမင်းကြီးရယ်.. မအိပ်ပါနဲ့အုံးနော်.. ဒီတစ်ညတာလေးတော့ အဖော်ပြုပေးပါအုံး.. စိတ်ကနေ ရေရွတ်မိရင်းနဲ့..

“ဟင်း” ဒုတိယ သက်ပြင်းချသံ.. ညမှောင်မှောင်မှာ မအိပ်ပဲ အေးစက်နေတဲ့ လေပြေညှင်းနဲ့အတူ ယိမ်းနွဲ့ ကခုန် နေကြတဲ့ သစ်ပင်လေးတွေကို ငေးမောနေရင်း..

ညညဆိုအိပ်မရ
မင်းအကြောင်း တွေးလို့

တ“ဒိတ်” “ဒိတ်”
ရင်ခုန်မိတာ

ဒို့ရဲ့ အပြစ်လား..


“ဟိတ်”..“ဟိတ်”
“ဟိတ်”.. “ဟိတ်”
လို့ ခေါ်တဲ့အသံ
မင်းရဲ့အကြည့်က
သမင်လည်ပြန်နဲ့
ရွှေသမင် မျက်လုံးအလား
ညှို့စွမ်းအားများနဲ့
ရုန်းထွက်မရ
ဖမ်းစားထားတာ
မင်းရဲ့ အလှလား..

အတိတ်ကို ပြန်မြင်ရောင်မိတော့.. ပြုံးမှာလား.. ကြည်နူးရမှာလား.. ပစ္စုပ္ပန်ကို ရှုလိုက်တော့.. ငိုရမှာလား.. ဝမ်းနည်းရမှာလား.. အတွေးတွေအပြိုင် လွန်ဆွဲနေရင်း..

“ကျွီးးး” ... အခန်းတံခါး ဖွင့်သံနဲ့အတူ..
“သားရေ.. မအိပ်သေးဘူးလား.. အိပ်တော့လေ.. မနက် စောစောထနော်သား.. အမေတို့ ဆွမ်းလောင်းရအောင်” “ဟုတ်ကဲ့ပါအမေ” ဆိုပြီး..

ကြယ်ကလေးနဲ့ သော်တာလမင်းကြီးရေ..
“ကျွီးးး.. ဂဂျောက်.. ဂဂျပ်.. ခလောက်. ခလပ်..”
“ခေါ.. ခလော.. ခေါ.. ခလော.. ဖူးးးး.. ရှူးးးးး.. ZZzz..း)”

ပေါက်ကရအတွေးအပိုင်းအစများမှ
ပေါက်ကရစိတ်ကူးလေးတစ်ခု..(စည်သူ)

19 comments:

လင်းကြယ်ဖြူ said...

ညတစ်ညရဲ့ အလှအပ ပုံပြင်လေးတစ်ပုဒ်ကို
လာဖတ်ရင်း ..
ညမှောင်မှောင်မှာ မအိပ်ပဲ အေးစက်နေတဲ့ လေပြေညှင်းနဲ့အတူ ယိမ်းနွဲ့ ကခုန် နေကြတဲ့ သစ်ပင်လေးတွေကို ငေးမောနေရင်း..

အတိတ်ကို ပြန်မြင်ရောင်မိတော့.. ပြုံးမှာလား.. ကြည်နူးရမှာလား.. ပစ္စုပ္ပန်ကို ရှုလိုက်တော့.. ငိုရမှာလား.. ဝမ်းနည်းရမှာလား.. အတွေးတွေအပြိုင် လွန်ဆွဲနေရင်း..

ကြယ်ကလေးနဲ့ သော်တာလမင်းကြီးရေ..
“ကျွီးးး.. ဂဂျောက်.. ဂဂျပ်.. ခလောက်. ခလပ်..”
“ခေါ.. ခလော.. ခေါ.. ခလော.. ဖူးးးး.. ရှူးးးးး.. ZZzz..း)”

ပျော်ပါစေ ဘော်ဒါရေ
*.*.*

Yu Ya said...

“အိပ်၍မပျော်သော ညတစ်ညသံသရာဝယ်..လေသာပြတင်းနံဘေးဝယ်...ဖြေရှာငေးမော ကြည့်နေစဉ်မယ်...”

အဟဲ..သီချင်းလာဆိုပြသွားတယ် ကိုစည်သူရေ..

လသွားကြည့်ရင် insomnia ဖြစ်တတ်တယ် ကိုစည်သူရေ.. လကိုသွားမကြည့်နဲ့ဗျ.. အိပ်ပျော်အောင် ကြိုးစားအိပ်..:P

yu ya

ခရေညို said...

အိပ်လို့မပျော်ရင် ညတာကပိုရှည်သလိုပဲ

မိုးခါး said...

သြော်
မအိပ်တော့လည်း မအိပ်လို့
အိပ်တော့လည်း ချက်ချင်း ဖူးးးး ရှူးးးးးး ခလူးးးးးးးးးး တော့တာပဲ .. :P
နှလုံးလှ ဆရာဝန်တော့ သိတယ် (ဒါရိုက်တာ ရင်လေ :P)

ဒဏ္ဍာရီ said...

ကိုစည်သူ ... ခံစားချက်အက်ဆေးလေးကို ဖတ်သွားတယ်နော်။ တခါတလေ ဒီလိုပဲ အလွမ်းတွေက အိပ်မရတဲ့ သံသရာဖြစ်သွားတတ်ပါတယ်။
ပျော်ရွှင်ပါစေ ....

ခင်မင်လေးစားလျှက်

သားကြီး said...

အလဲ့
အိပ်မရတဲ့ညကနေကဗျာတွေထွက်ကျနေပါ
ရောလား အဲဒါဆိုများများအိပ်ရေးပျက်ခံပြီး
ကဗျာထွက်အောင်လုပ် ပြီးရင်စာအုပ်ထုတ်
ပွပြီပေါ့ :P
လမင်းကြီးသနားပါတယ် လူတွေကသာသူ့ကိုမော့မော့ကြည့်ပြီး
ဟိုလွမ်း ဒီလွမ်းနဲ့ သူ့မှာတော့ အားလုံးကို
ငုံ့ကြည့်ပြီးတစ်ယောက်တည်းအထီးကျန်နေရတယ် သနားပါတယ်..... သနားပါတယ်....။
(စာသားလေးတွေနုရွတယ်ဗျိုးးးးးးးး)

မချစ်ရ said...

အိပ်မရညတွေမှာပေါက်တတ်ကရတွေးတတ်တဲ့
စည်သူ့ကိုပေါက်တတ်ကလောက်အတွေးက
ကြီးစိုးလို့ပါလား .........

rose of sharon said...

တယ်ဟုတ်ပါလား.... အိပ်မရတဲ့ညမှာ ကဗျာတပုဒ်စပ်ရင်း ပို့စ်တစ်ခုရေးဖြစ်သွားတယ်... မိုက်တယ်

မိုးစက်အိမ် said...

အိပ်တာတောင် ကဗျာဆန်ဆန်လေးနဲ့  အိပ်တတ်တယ်
တယ်ဟုတ်ပါလား ဗျ . . . အိပ်မရသောညတစ်ညသံသရာ
ဝယ် ဆိုတာ ဒီလိုမျိုးဖြစ်မယ်ထင်ပ . . . အနုပညာနဲ့ ခံစား
ရင်ပေါ့ :)

ကောင်းကင်ပြာ said...

အမ၄းးးး အိပ်မဲ့ အရေးကို စိတ်ကူးတွေ ယဉ်ပြီးးးး တကယ်လဲ မဟုတ်ပဲ...ပေါက်ကရတွေ ရေးတယ်... ကဗျာလေးတွေ ကတော့ မဆိုးဘူးဟ၊ ရေးတတ်သားးးပေါက်ကရ ကဗျာတွေ မဟုတ်ဘူးးးခံစားချက် စစ်စစ်တွေ ဘာတွေ လိုလို လိုလိုပဲ..း)

Sein Lyan Tun said...

စိတ္တဇ ညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်...


ညီလေးရေ...ထ... ထ... ထ.. ပါတော့

ရောင်နီလာလှပေါ့

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဖြူတုတ်လေး said...

အတွေးကိုလည်း ဟာသနှောပြီးပြောတတ်တာကိုး ...အစည်က။ ကိုလူထွေးကြီး ပေးလိုက်တဲ့ နေရာက မှန်နေပါရောလား။

Waing said...

အဖော်ပြုနေတဲ့ သော်တာလမင်းကြီးကို မော့ကြည့်လိုက်ချိန်မှာတော့.. တစ်နာရီ တစ်လက္မနှုန်းဖြင့် မျက်တောင်လေးတွေ ခတ်နေပါရောလားတဲ့ :P အိပ်ချင်တာတောင် ကဗျာတွေကလည်း ကာရံနဘေတွေနဲ့ ရေးနိုင်သေးတယ်း)
တွေးရင်း ငေးရင်း ဆွေးရင်း အိပ်ရင်း ငိုက်ရင်း..........

မေဇင် said...

ပေါက်ကရ အတွေးတွေကို ပေါက်ကရ အမြင်နဲ့ လာဖတ်ပါတယ်....။း))

ခြေလှမ်းသစ် said...

ကိုစည်သူရေ ပေါက်ကရ အတွေးအပိုင်းအစများသာ ဆိုတယ် အဓိပါယ်တွေ ပြည့်လို့နေပါလားဗျ

ကိုလူထွေး said...

အိပ်နေတာ ဘယ်နှရက်ရှိသွားပြီလဲ
မနိုးသေးဘူးလား..
ထတော့လေ...

ဒေါက်...ဒေါက်...ဒေါက်...

းဝ)

flowerpoem said...

ဟား၂ အိပ်မကောင်းရှာဘူးနဲ့တူတယ် :P

သီဟသစ် said...

ပစ္စုပ္ပန်ကို တည့်တည့် ရှုပြီး အိပ်ပျော်နေပြီလား
:)

Angel Shaper said...

အမ်မယ်.. တို့ကိုကြီးစည်...
အိပ်တွေမပျော်ဘူးပေါ့။ ဟုတ်စ။
အိပ်ပျော်အောင် အိပ်ပါ။ ဟဲဟဲ
အိပ်ရေးဝပါစေသော်ဝ်။