ကျွန်တော့် ဘဝ '၁'

on Friday, June 26, 2009

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး အေးချမ်းသော မင်္ဂလာညခင်းလေးဖြစ်ပါစေလို့ ရှေးဦးစွာ ဂါရဝပြု နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ အဟမ်း..အဟမ်း... စာလေးတကြောင်းပြီးတာနဲ့ ဘာဆက်ရေးရမှန်းမသိကို မသိတော့ဘူး။ အဲလောက်တောင်စာပေနဲ့ ပက်သက်လို့ အတွေးအခေါ်ရှိတာ.။ ဘယ်လိုလုပ်ပြီးတော့များ စာတွေရေးရမလဲ မသိဘူး.။ ဒါပေမယ့် ဝါသနာကပါတော့လေ ရေးချင်တယ်ဗျာ.။

ကျွန်တော့် အစ်ကို၊ အစ်မတွေ ရေးတာကို ဖတ်ပြီးတော့ အရမ်းကိုသဘောကျမိတယ်.။ အိပ်လို့တောင်မရဘူး။ စိတ်ထဲမှာ စွဲမြဲနေလိုက်တာ။ ဟိုတစ်နေ့ကဆို ဦးဦးကိုရင် Post လေးကိုဖတ်ပြီးတော့ ကျွန်တော့်မှာ ရယ်လိုက်ရတာ ဘယ်လိုမှကို အိပ်လို့မရဘူး.။ မျက်စိမှိတ်လိုက်တာနဲ့ post လေးကိုဘဲ သတိရပြီး မရယ်ရမနေနိုင် ဖြစ်နေတယ်ဗျာ.။ ကလောင်စွမ်းက ထက်တာကိုး.။ ( ဟဲ ဟဲ ဂယ်ကြောတာနော်....တားတားကို မုန့်ဖိုးပေး).။

ပြီးတော့ ကျွန်တော်ကလည်း စာပေနဲ့ ပက်သက်လို့ကတော.့......ဟင်းးးး ဘာပြောကောင်းမလဲ တဖက်ကမ်းခတ်ဘဲလေး.. ဟီးဟီးဟီး ရေးနေရင်းနဲ့တောင် ဘေးကိုပြန်ကြည့်ရသေးတယ်။ အကြောင်းသိတွေ မြင်သွားမှာစိုးလို့။ စာပေနဲ့ပက်သက်လို့ကတော့ ဉာဏ်ရည်ကအစ လက်ရေးအဆုံး ဘာဆိုဘာမှကို ပြောစရာမရှိဘူး ဆဲစရာဘဲရှိတယ်.။ ဉာဏ်ရည်ကလည်း ကောင်းသလားမမေးနဲ့ အသုံးမကျတဲ့ နေရာမှာလေ.။ လက်ရေးကတော့ ပြောမနေနဲ့ ဘယ်ကျော် အိုဘားမား တောင်ငိုသွားမယ်.။ လှလွန်းလို့လေ။

ကျောင်းသားဘဝတုန်းက ဆရာမကခေါ်တယ် “စည်သူလာစမ်း..” ဆရာမဆီကို “ဟုတ်ကဲ့ ဆရာမ” ဆိုပြီး လက်လေးကိုပိုက်ပြီး ခေါင်းကိုငုံ့ကာ ဘာမှမမေးဘဲ ဆရာမအရှေ့မှာ မတ်တတ်ပေါ့.။ ဆရာမက ထိုင်ရာမှ ခေါင်းလေးကိုမော့ပြီး သက်ပြင်ချလိုက်တယ်........ဟင်. “မင်းဟာလေ ရုပ်ချောသလောက် လက်ရေးကတော့ ကြောင်ချီးကုတ်ဘဲ၊ ကြောင်ချီးမှ တကယ့်ကြောင်ချီး၊ ရိုးရိုးကြောင်ချီးမဟုတ်ဘူး အစာနဲ့ ဝမ်းနှုတ်ဆေးကို မှားစားပြီး ပန်းထွက်သွားတဲ့ ကြောင်ချီး မင်းသိလား” အဲလိုပြောတာဆရာမက.။ ရုပ်ချောတာတကယ်နော်..မယုံရင် Invite လုပ်လိုက် ကို “ဗေ” တောင်ငိုသွားမယ်.။

အဲလို အနှိုင်းမဲ့ လက်ရေးနဲ့ ဘယ်လိုလုပ်ပြီး စာတွေရေးမှာလဲ မျက်နှာထားတင်းတင်း ပေစောင်းပေစောင်းနဲ့ ကြည့်ပြီး..... ဟင်...... မင်းကိုရော မင်းသိရဲ့လား ဆိုပြီး စည်သူကို ကျွန်တော်ကိုယ်တိုင် ပြောတာ.။ မောင်စည်သူခမျာ သနားပါတယ် ဘာမှကိုပြန်မပြောနိုင်ရှာဘူး.။ ဒါပေမယ့် အခုတော့ Computer နဲ့ဆိုတော့ ကြောင်ချီးကုတ် အေးဆေးဖြစ်သွားတာပေါ့။ ဒါပေမယ့် ဘာတွေရေးရမှန်းမသိလို့ မိတ်ဆက်တဲ့ အနေနဲ့ ကတစ်ကြောင်း၊ အကူညီလိုချင်တာက တစ်ကြောင်း၊ ဝါသနာပါတာက တစ်ကြောင်း H m m... တစ်ကြောင်းတွေက များနေပြီး စာဖတ်သူ ထွက်ပြေးသွားအုံမယ်.။ အဲဒီ တစ်ကြောင်းတွေကြောင့် အခုလို “ကျွန်တော့်ဘဝ” ကဗျာလေးကိုရေးပြီး မိတ်ဆက်ပါရစေ..။


“ကျွန်တော့်ဘဝ - ၁”
တောရွာမှာမွေး
တောရိပ်ခိုကာ
တောတောင်များကြား
တောသဘာဝအတိုင်း
တောသားလေးကျွန်တော်
တစ်တောဝင် တစ်တောထွက်
တစ်တောင်တက် တစ်တောင်ဆင်း
တောတောင်များကြားဝယ်
ကျင်လည်ခဲ့ရ
တောသားလေး
ကျွန်တော့်ဘဝ.။

4 comments:

ကိုရင်နော် said...

ညီလေးစည်သူရေ..
ဦးနော် လာဖတ်ပါတယ်..း)
သေချာတယ်ကွ မယုံရင် ညီ ဆေးခန်းသွားပြီး ဆေးစစ်ကြည့်လိုက် ဘလော့ပိုးတွေ ရှိနေပြီ.. တကယ်..း)

မိတ်ဆက်လေးကို ပြုံးစရာလေးဖြစ်အောင် ရေးထားတာကိုက ဖတ်ရတာ ချောနေတယ်..
ကဗျာလေကလည်း ကောင်းပါ့..

များများရေးပေါ့.. အားပေးမယ်..

ခင်မင်စွာဖြင့်

ကိုရင်နော်

ဇော် said...

အံမယ်
ပြောတော့သာ မရေးတတ်ဘူးတဲ့။
သူရေးထားတာဖြင့် သူပြန်မဖတ်ပဲနဲ့။ ဟွန်း။
ကောင်းတယ်လို့ မပြောတော့ဘူး။
ရယ်သွားတယ်ပဲ ပြောတော့မယ်။ မရေးတတ်ဘူးပြောပြီး
အရေးကောင်းလို့ ချိတ်ချိုးတွားဒယ်။ ငှဲငှဲ။ အဟီး။ =P

Dream said...

ဟယ်....တားတားချီတူက လက်ရေးလေးက လှလိုက်တာ...မသိရင် ကွန်ပြူတာစာစီလက်ရေး ကျနေတာပဲ... ဟိဟိ.... အဲ့ဆ၇ာမက မတ်ချိ မကောင်းယို့ နေမှာပါ... ဟိဟိ...တကယ်က ကျောင်ချီးကုတ် မဟုတ်ပါဘူးနော့်..... အဟတ်....

:P

rose of sharon said...

ဆက်ရေးပါစည်သူ ဖတ်လို့ကောင်းပါတယ် အားပေးနေမယ်