အဖေ များနေ့အမှတ်တရ

on Sunday, June 21, 2009

ကျွန်တော့်ရဲ့ အစ်ကို အစ်မများကို 'အဖေ' များနေ့မှာ အမှတ်တရအနေနဲ့
ဆရာ ဖေမြင့် ရေးတဲ့ အဖေ ဆိုတဲ့Post လေးကို မျှဝေပေးလိုက်ပါတယ်.။ ဒီကနေ့
ဟာ အဖေများနေ့ လေ..သတိရလိုက်လို့ ပါ..။ ကျွန်တော့်ရဲ့ အစ်ကို၊အစ်မများကို
အမှတ်ရစေချင်တဲ့သဘောပါ..။မေ့နေရင်ပေါ့ဗျာ..၊။

“အဖေ”

ကျွန်တော်.....

၎ နှစ်... သားတုန်းက ငါ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ်.....။

၅ နှစ်... ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး......။

၆ နှစ်... ငါ့အဖေက မင်းအဖေထက် တတ်တယ်ကွ...။

၈ နှစ်... တို့အဖေက အကုန်လုံးတော့လည်း အတိအကျ မသိဘူး...။

၁၀ နှစ်... အဖေတို့ ငယ်ငယ်တုန်းနဲ့အခုနဲ့က တခြားစီပဲ...။

၁၂ နှစ်... အင်း...အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ၊သူက အသက်သိပ်ကြီးပြီဆိုတော့..ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော့ဘူး...။

၁၄နှစ်... အဖေတော့ထည့်ပြောမနေနဲ့၊သူက ရှေးရိုးသမားကြီး...။

၂၁နှစ်... အဘိုးကြီးလား...ထားပါ၊အောက်နေပြီ..လုံးဝအောက်နေပြီ...။

၂၅နှစ်... အဖေလည်း နည်းနည်းပါးပါးတော့ သိတယ်၊မသိလို့လည်း မဖြစ်ဘူးလေ၊လူကြီးပဲဟာ...။

၃၀ နှစ်... အဖေကို နည်းနည်းပါးပါးမေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်၊ဘာပဲပြောပြောသူက အတွေ့အကြုံ အများကြီးရှိတယ်..။

၃၅ နှစ်... အဖေနဲ့ တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်...။

၄၀ နှစ်... အဖေသာဆိုရင် ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲမသိဘူး၊ အဖေက အတွေ့ အကြုံဆုံတယ်၊ အမြော်အမြင်လည်းရှိတယ်...။

၅၀ နှစ်... ဒီကိစ္စ အခုနေသာ အဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်...။ အဖေ့အရည်အချင်းတွေ သူရှိတုန်းက ကောင်းကောင်း သတိမထားမိခဲ့တာ သိပ်နှမျောစရာကောင်းတယ်။ တစ်ကယ်ဆို ငါ့အဖေဆီက အများကြီးရလိုက်ဖို့ကောင်းတာ.....။

“ကမ္ဘာလောကထဲတွင် .........ရှိသော “အဖေ”များအားလုံးအတွက်....HAPPY FATHER's Day....."

အားလုံးသော အစ်ကို အစ်မများ အမှတ်ရနိုင်ကြပပါစေ..။

ကျေးဇူးတင်လျက်..

စည်သူ..~~

1 comments:

ဇော် said...

သြော် အမှန်ဆို ဒီစာက Chicken Soup for the Soul ထဲကပါ။ ဒါပေမယ့် ဆရာဖေမြင့်ရေးထားတာကို ပြန်ဝေငှတဲ့အတွက် ပြန်ပြီး မှတ်သားသွားရပါတယ်ဗျာ။ ကိုစည့် အဖေ ကျန်းမာပါစေ။ =)