ပေါက်ကရအတွေးအပိုင်းအစများရှိတဲ့ ကျွန်တော်က ပေါက်ကရတွေပဲရေးတတ်လို့ပါ..။ မမလေးတင်တဲ့ပို့စ်ကိုဖတ်ပြီး သတိရလိုက်လို့ပါ..။ ပြောင်တာ ဟုတ် ဟုတ်ဘူးနော်မမယေး..။ ဂယ်ကျောတာ..။
ကျွန်တော်ထင်တာတော့ “ ကျွန်တော်နှင့်ဆိုမီတိုင်း(မ်)” ခေါင်းစဉ် ကိုတွေ့လိုက်တာနဲ့ အကိုအမတွေက ပြောတော့မှာပဲ “ဟဲ့...ဘာကြီးလဲ...ဆိုမီတိုင်း(မ်)တဲ့ ဘာပေါက်ကရတွေ ရေးအုံးမှာလဲမသိဘူး” ဆိုပြီးတော့ပေါ့လေ..။
အင်္ဂလိပ်စာနဲ့ပက်သက်လို့ အရမ်းကို စိတ်ဝင်စားတဲ့ သူငယ်ချင်းတစ်ယောက်
ရှိခဲ့တယ်..။ အရမ်းကိုလည်းလေ့လာပါတယ်..။
ဘယ်လောက်ထိလေ့လာလဲဆိုရင် Dictionary ကိုတောင် အလွတ်ကျက်တယ်..။ လေ့လာချက်ကတော့ ကမ်းကုန်ပဲ..။ လေးစားဖို့ကောင်းတယ်..။ ကြွားတယ်မထင်နဲ့နော်...မော်လမြိုင်သားဆိုတော့ သိတဲ့အတိုင်းပေါ့လေ..။
တစ်နေ့မှာပေါ့... ကျွန်တော် အလုပ်ကပြန်လာပြီး သီချင်းနားထောင်နေတယ်..။ ရဲသွင်ရဲ့ `“စွန့်စားမယ့်အချစ်” ပေါ့..။
“ဘာဖြစ်ဖြစ်မင်းလေးသာအနားရှိ
ရင်ဆိုင်ကာ ဖြေရှင်းနိုင်သည်
အဆုံးမဲ့စွမ်းအားနဲ့ဒို့အချစ်
နဂါးငွေ့တန်းကို ဖြတ်ကျော်မည်
ပန်းများပွင့်တဲ့ ဒီလောက
အကြင်နာတွေ ပျောက်ပျက်နေပါပြီ
အရာရာမှာ အရှုံးနဲ့ကြုံတွေ့လည်း
အချစ်များနဲ့ တိုးမြင့်ရင်ခုန်မည် ” .... ကိုလည်း ကိုယ့်ခံစားချက်နဲ့ အဲလိုမျိုး ဖီးဝင်နေတုန်မှာ “ဟဲ့ရောင်”
“အေး..ပြော”
“ငါမင်းကို မေးစရာတစ်ခုရှိတယ်”
“အေး...မေးလေ...ဘာမေးမှာလဲ...?”
“မနေ့က ငါ အင်္ဂလိပ်စာလုံးတစ်လုံး တွေ့တယ် ငါ မြန်မာလိုအဓိပ္ပါယ် မသိဘူးဖြစ်နေတယ် အဲဒါမင်းများသိမလားဆိုပြီး ငါလာမေးတာ”
“ဟ...ဘာစာလုံးလဲကွ ငါသိရင်တော့ ပြောပြလို့ရတာပေါ့ကွ မသိရင်တော့ ဘယ်တတ်နိုင်မှာလဲ..ပြောလေကွာ ဘာစာလုံးလဲ” ဆိုပြီးကျွန်တော်မေးလိုက်တယ်..။
“ငါမနေ့က ရုပ်ရှင်ကြည့်နေတုန်း ဆိုမီတိုင်း(မ်) ဆိုတဲ့စာလုံးကို တွေ့လိုက်တယ်..။ အဲဒါ ငါနားမလည်ဘူးဖြစ်နေတယ်”
“ဟင်...ဘာတဲ့...ဆိုမီတိုင်း(မ်) ဟုတ်လား..? မင်းဟာသေချာလို့လားကွာ မင်းကြားတာ မြင်တာတွေများ မှားလားမသိဘူး”
“မမှားဘူး ဆိုမီတိုင်း(မ်) ဆိုပြီးပြောသွားတာ”
“မင်း စာလုံးပေါင်းရော မှတ်မိလား...?”
“မှတ်မိတာပေါ့ ငါသေသေချာချာကို မှတ်ထားတာ”
“SO ME TIME ဆိုမီတိုင်း(မ်)လေ”
“SO ME TIME ဆိုမီတိုင်း(မ်)... အေး ဟုတ်သားပဲ”
“တစ်လုံးချင်း ဘာသာပြန်မယ်ဆိုရင်တော့
“SO” က ထို့ကြောင့်လို့ပဲငါပြန်တယ်
“ME” က ကျွနုပ်ကို ပေါ့ကွာ
“TIME” က အချိန်ပေါ့ကွာ
“SO NEAR AND YET SO FAR ဆိုရင် နီးလျက်နဲ့ဝေးလို့ အဓိပ္ပါယ်ရတယ်”
“မင်းဟာက SO ME TIME”
“ထို့ကြောင့် ကျွနုပ်ကို အချိန်” ဒါလဲမဟုတ်သေးဘူးကွ” ”...။
အတော်လေးကျွန်တော်စဉ်းစားပြီးမှ
“ဟားးးးးး မင်းကလဲကွာ ဘယ်က ဆိုမီတိုင်း(မ်)ရမှာလဲ”
“SOMETIME ဆမ်းတိုင်း(မ်)= တစ်ခါတစ်ရံကိုပြောတာ”
“သေလိုက်ပါတော့ကွာ ဦးနှောက်တောင် ချောက်သွားတယ် မင်းကတော့ တကယ့်ကောင်ပဲ”
ကျွန်တော်ရဲ့ အကိုအမများကို ပူပင်သောက၊ ပူဆွေးသောကမှ ကင်းလွတ်ပြီး အမြဲတမ်း ပျော်ရွှင်ခြင်းများစွာဖြင့်သာ မြင်ချင်တဲ့ ပေါက်ကရအတွေးအပိုင်းအစများမှ ရင်တွင်းဖြစ် ပေါက်ကရစိတ်ကူးလေး..။
" မင်း အားမငယ်နဲ့ မင်းနဲ့အတူငါရှိတယ် "
4 years ago
