MC ယူမယ်ဆို သတိထား

on Tuesday, January 5, 2010

“အား.. အား.. ကျွတ်.. ကျွတ်.. ကျွတ်.. အင်း.. ပါးပါးပါးပါးရေး.. မလွယ်ဘူးကောင်ရေ.. တော်တော်ကို ရက်စက်တဲ့ ဆရာဝန်ပဲ.. ”..

“ဘာဖြစ်လို့လဲ ဟေ့ကောင်ရ”..

“ဘာဖြစ်ရမှာလဲကွ.. ငါအလုပ်မဆင်းချင်လို့ MC သွားယူတာလေ.. ဒေါက်တာက ငါ့ကို ပညာပေးလိုက်တယ်ကွာ တော်တော်လေးကို အီသွားတယ်..”..

“ဟေ.. ဟုတ်လား.. မင်းက ဘာလို့ အလုပ်မဆင်းချင်ပဲ MC သွားယူတာလဲကွ.. ”..

“ဟုတ်တယ်ကွာ.. ငါမနေ့ညက နဲနဲလေးများသွားလို့လေ.. မနက်ကျတော့ မောသလိုလို ဘာလိုလို ဖြစ်နေတော့ အလုပ်မဆင်းရင် ကောင်းမယ်ဆိုပြီး အတွေးရတာနဲ့ ကမန်းကတန်း ဆေးခန်းပြေးပြီး MC ယူဖို့လုပ်တာပေါ့ကွာ.. တော်တော်လေးကိုဆိုးတဲ့ ဒေါက်တာကွာ.. ”..

“မင်းကလည်း.. ပြောစမ်းပါကွာ.. ဒေါက်တာဆိုးတာကိုပဲ ထပ်ခါတလဲလဲ ပြောနေတော့တာပဲ.. ပြောမှဖြင့် ပြောပါ သူငယ်ချင်းရာ.. မရှက်ပါနဲ့.. ငါဘယ်သူ့ကိုမှ ပြန်မပြောပါဘူး.. လူစုံမှသာ ရှင်းပြမှာ စိတ်ချသူငယ်ချင်း..းP

“ဟေ့ကောင်.. ဟေ့ကောင်.. ငါစကားအကောင်းပြောနေတာနော်.. ဒါနောက်စရာမဟုတ်ဘူး..”..

“အေးပါကွ.. မနောက်ပါဘူး.. ဒေါက်တာက ဘာလုပ်လိုက်လို့လဲ.. ဆရာဝန်ဆိုတော့ မင်းကို ပိုးစိုးပက်စက်တော့ လုပ်မှာမဟုတ်ဘူးလို့ ငါထင်တယ်ကွ..”..


“ဟ... လုပ်တာမှ လွန်ရောကွာ.. ငါက တကယ်လည်း နဲနဲလေး မောသလိုလို ဘာလိုလို ဖြစ်နေလို့ ဒေါက်တာကို သွားပြောတာ..

Doctor,i a little tired ပေါ့.. Can't breath very well ဆိုပြီး သွားပြောတာလေ.. အဲလိုလဲပြောလိုက်ရောကွာ ဒေါက်တာက ဘာမပြော ညာမပြောနဲ့ တောင်စမ်း မြောက်စမ်းနဲ့.. ပြီးတော့မှ Ok.. Ok..U come here and relax on this bed ဆိုပြီး ငါ့ကိုပြောတော့ ငါလည်း ခုတင်ပေါ်တက်ပြီး နှပ်နေတာပေါ့ကွာ.. ”..

“တစ်ခဏနေတော့ ဒေါက်တာက နားကျပ်ကြီးနဲ့ ငါ့ကို ဟိုနေရာစမ်း.. ဒီနေရာစမ်းတော့တာပေါ့ကွာ.. အဲလိုမျိုး စမ်းလည်း စမ်းပြီးရော.. ဒေါက်တာက.. Ok.. come on this machine ဆိုပြီး.. ဟို.. ပြေးတဲ့စက်လေကွာ.. အဲဒီ စက်ပေါ်ကို တက်ခိုင်းပြီး ငါ့ကိုပြေးခိုင်းတာ.. ငါ့ကိုယ်ပေါ်မှာလည်း ရုပ်ရှင်ထဲကအတိုင်းပဲ.. ကြိုးနဲ့ ဂျွိုင်းထားတဲ့ စုပ်ခွက်တွေ တပ်ထားတာ.. အဲလိုတပ်ထားတော့ ပြေးနေတဲ့ အချိန်မှာလေ.. ဘေးမှာရှိတဲ့ တီဘီလိုလို ဘာလိုလို ဟာကိုကြည့်လိုက်တော့ အဲဒီထဲမှာ လှိုင်းတွေ ထနေတာဟေ့ကောင်ရေ.. နှိမ့်လိုက် မြင့်လိုက်ပေါ့..

ပထမတော့ ဖြေးဖြေးပဲ ပြေးနေတာကွာ.. ပြေးရင်းပြေးရင်းနဲ့.. တဖြေးဖြေးနဲ့ မြန်လာတာကွာ.. ပြေးလေ မြန်လေ မြန်လေ ပြေးလေနဲ့ ပြေးလိုက်တာ နာရီဝက် ကျော်သွားတယ်ကွာ.. လူလည်း ဖတ်ဖတ်ကိုမောလို့.. ပြီးတော့မှ ဒေါက်တာက.. Ok.. Ok.. You are normal.. No problem.. Can carry on your job ဆိုပြီး ငါ့ကို ပြန်ပြောတာ ဟေ့ကောင်ရေ.. တော်တော်ဆိုးတဲ့ ဒေါက်တာကွာ.. MC မရတဲ့အပြင် အပြေးလေ့ကျင့်လိုက်ရသေးတယ်ကွာ.. ငါ တော်တော်လေးကို လေသွားတယ်...”..

“မင်းကတော့လေ.. ဖြစ်ရမယ်.. ဖြစ်ရမယ်.. လုပ်လိုက်ရင် တလွဲကြီးပဲ.. အဲဒါကြောင့်ပြောတာ မင်းက တလွဲဆံပင် ကောင်းတာလို့..းP..

ငါလည်း မင်းကိုပြောပြရအုံးမယ်.. ပြီးခဲ့တဲ့ ၂၀၁၀ နယူးရီးယား တုန်းကလေ.. သူများတစ်တွေက အလုပ်ပိတ်လို့ ပျော်ပါးနေကြတာလေ.. ငါက အလုပ်ဆင်းရမယ်ဆိုတော့.. ဘာလုပ်ရမှန်းမသိတာနဲ့ မင်းလိုပဲလေ MC ယူဖို့ လုပ်တာလေ.. မင်းပြောသလို ငါက ဒေါက်တာ “အထီး” နဲ့ မခံလိုက်ရဘူးကွ.. ဒေါက်တာ “အမ” နဲ့ ခံလိုက်ရတာ”

“ဟေ.. မှတ်ကရောကွာ.. ဒေါက်တာ “အမ” ဆိုတော့ မင်းကလည်း ငြိမ်နေတာပေါ့ ဟုတ်လားငါ့ကောင်ရ..းP”..

“ဟာ.. အရေးထဲ မင်းကလည်းကွာ.. ငါပြောပြမယ်.. မင်း.. ဘယ်သူ့ကိုမှ ပြန်မပြောပြဘူးလို့ ငါ့ကို ကတိပေးရမယ် ဘယ်လိုလဲ..”..

“အေးပါကွ.. ငါမပြောပါဘူး.. ဒီလူနဲ့ဒီလူကွာ.. မယုံကြည်စရာ ဘာများရှိလို့လဲကွ.. ပြောမှာသာ ပြောစမ်းပါ..”..

“နယူးရီးယား မင်းတို့က အလုပ်ပိတ်တော့ ငါလည်း ဘယ်အလုပ်လုပ်ချင်ပါ့မလဲကွ.. အဲဒါနဲ့ ဆေးခန်းသွားပြီးတော့ MC ယူဖို့ လုပ်တာလေ.. ဆရာဝန်မက ဘာဖြစ်တာလဲလို့ မေးတော့.. ငါကလည်း ဝမ်းသွားတယ်ပေါ့.. ညက ခြောက်ခါရှိပြီး ဝမ်းသွားတာ.. ခုမနေနိုင်တော့လို့ ဆေးခန်းလာတာပါ ဒေါက်တာလို့ ပြောလိုက်တာကွာ..

အဲလိုလည်းပြောလိုက်ရော ဒေါက်တာ “အမ” က မင်းပြောသလိုပဲ တောင်စမ်း မြောက်စမ်းလုပ်ပြီး.. ဟိုးဘေးက ခုတင်ပေါ်မှာ လှဲနေပါဆိုလို့ ငါလည်း လှဲနေလိုက်တာ.. တခဏ အကြာမှာတော့ ဒေါက်တာ “အမ”.. ကကွာ လက်အိပ်နဲ့ ထွက်လာပြီး..

ခတ်ပြတ်ပြတ်ပဲ.. ပက်လက်လှန်နေရာက.. Turn to the other side.. Take Out Your Belt ဆိုပြီး ပြောပြီး.. .. .. .. .. .. .. .. .. .. .... .. .. .. .. .. .. .. ... .. .. .. .. ... ... ... .. .. .. ... ... ... ... .. ... ... ... ... .. ... ... ... .. ... ... .. .. ... ... .. ... .. .. ... ... .. ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... ... .... ... ... ... .... .. ... ... .. ... .. ... ... ... ... ... ... .. .. .. ... .. ... ... ... ... .. .. .. .. ..

ခုအဲဒီအကြောင်း တွေးမိလိုက်တိုင်း ငါ.. တော်တော်လေးကို ကြောက်သွားတယ်ဟေ့ကောင်ရေ.. အဲတုန်းကဆို နှစ်ရက်လောက် ကောင်းကောင်းထိုင်လို့မရ.. လမ်းလျှောက်လို့မရ ဖြစ်သွားတာကွာ.. နောက်ဆိုရင်တော့ကွာ ဘာမှမဖြစ်ပဲနဲ့တော့ MC သွားမယူရဲတော့ဘူးဟေ့ကောင်ရေ..းP

“အဟိး) အဟိး) အဟိး).. ပြောအုံးကွ ဝမ်းသွားတယ်လို့ မင်း.. မင်း.. ပြောတာနဲ့ ငါတောင် ကျက်သည်းထတယ် ဟေ့ကောင်ရေ.. ခိခိခိ..း)”..

မယုံမရှိနဲ့နော်.. ဖြစ်ရမ်မှန်တွေပါ.. စာရေးသူရဲ့ ဖြစ်ရပ်မှန်တော့ ဟုတ် ဟုတ် ဘူး..း)
သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန်ပါ.. ဘူလဲလို့ မေးနဲ့.. ပြောပြဘူး.. အတေတတ်.. အဟတ် အဟတ်..းP

တစ်ဆက်ထဲမှာပဲ ဒီပို့စ်လေးနဲ့ နှုတ်ဆက်ခဲ့ပါတယ်..

ပျော်ရွှင်ပါစေ
စည်သူ (ပေါက်ကရအတွေးအပိုင်းအစများ)