ငါအိုသွားသောအခါ

on Monday, August 24, 2009


ဒီရက်ပိုင်းအတွင်းမှာ ဘာမှလဲမလုပ်ဖြစ် ဘာမှလည်းမရေးဖြစ် ဘယ်မှလဲမရောက်ဖြစ်ပါဘူးဗျာ.. စိတ်ကလည်း လေတာပါတာပေါ့ဗျာ.. အဲလိုနဲ့ ဟိုရှာဒီရှာ.. ဟိုလှန်ဒီလှန်နဲ့ အသိမ်းလွန်ပြီး ပျောက်သွားတဲ့ စာရွက်လေးကို ပြန်တွေ့ သွားတယ်လေ.. တစ်ခါတစ်လေကျတော့လည်း ကိုယ်မလွဲမသွေ ဖြစ်ရမယ့် အရာတွေကို မေ့နေတယ်.. ဖြစ်မယ်မှန်း သေချာမသိတဲ့ အရာတွေကိုကျတော့ တမ်းတနေမိတယ်.. စိတ်ကူးယဉ်နေမိတယ်..

အနာဂါတ်ထက် ပစ္စုပ္ပန်က ပိုအရေးကြီးပေမယ့်.. အနာဂါတ်မှာ ကျိန်သေတာတစ်ခုကတော့ ကျွန်တော်/ကျွန်မ တို့ဟာ.. (သေမင်းက လက်ကမ်းမကြိုသရွေ့ပေါ့)..။


*ငါအိုသွားသောအခါ ငါဟာ အရင်ကငါမဟုတ်တော့ပါဘူး..။ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ..။

*ချည့်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့အခါ၊ အင်္ကျီ လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့အခါ ငါ့ကိုမရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ..။

*အပ်ကြောင်းထပ်မက ပြောဖူးခဲ့တဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ.။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ် ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ..။

*မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့..။ ငယ်ငယ်တုန်းက ချော့တစ်လှည့်၊ ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ..။

*ခေတ်သစ် နည်းပညာတွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့..။ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ..။

*စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ကူတွဲပေးကြပါ.။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ..။

*တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ငါ့ကို ကြည့်ပြီး ဝမ်းမနည်းပါနှင့် နားလည်ပေးပါ..။ အားပေးပါ..။ အရင်တုန်း က လူ့ဘဝတက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘဝ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ..။ ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ..။ အဲ့ဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာကို တွေ့ရမှာပါ..။

သားတို့သမီးတို့ရေ...... ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်.....။

အစ်မနိုင်းနိုင်းစနေ ဘာသာပြန်ရေးထားတဲ့ စာသားတွေ ဖြစ်ပါတယ်။ ဒီမှာ ကြည့်နိုင်ပါတယ်။

10 comments:

Lucifer said...

အိုသွားရင်တော့ သေဖို့နီးလာတာပေါ့
:P

သားကြီး said...

အသက်ကြီးလို့မသန်စွမ်းချိနဲ့လာတဲ့အချိန်
ကျရင်တချို့သားသမီးတွေကတောင်ငြူစူ
ချင်တတ်ကြတယ် ဖတ်သင့်တဲ့စာတစ်ပုဒ်ပါပဲ
အတွေးလှလှလေးပေးတယ်

မိုးစက်အိမ် said...

အဲပို.စ်လေးနဲ. ဆက်စပ်မှု ရှိတဲ. video file လေး
ကျွန်တော်မေးလ် ထဲရောက်လာလို.ကူးထားဘူးတယ်ဗျ
ကိုစည်သူ တင်ထားတဲ. ပို.စ်လေး ကိုသရုပ်ဖော်ထားသလို
ဘဲဗျာ ... ဒါတွေလည်း သားသမီးတွေ သိထားသင်.ပါတယ်

ကောင်းကင်ပြာ said...

တို့လဲ အိုလာပါပြီ

Anonymous said...

Please visit to Ma99 blog and U should give credit to her. Thanks

http://nineninesanay.blogspot.com/2009/04/blog-post_6950.html

rose of sharon said...

ဖတ်ဘူးတယ်... ဘယ်နှစ်ခါဖတ်ဖတ် မရိုးနိုင်ဘူး... မိဘရှိတဲ့သားသမီးတိုင်းဖတ်သင့်ပါတယ်

လင်းကြယ်ဖြူ said...

ဟုတ်တယ်..
ကျွန်တော်လည်းဖတ်ဖူးတယ်..
တော်တော်လေး အဓိပ္ပါယ်ရှိသလို
မိဘတွေကို လည်း ကိုယ်ချင်းစာစိတ်ဝင်မိတယ်..
ပြီးတော့ အိုမင်းတဲ့ သူတွေကိုရောပေါ့...
ကိုယ်လည်း အဲ့ဒီ့အချိန်အထိနေခွင့်ရခဲ့ရင်..ဒီလိုပဲဖြစ်မှာပါ
မှတ်သားစရာလေးပါပဲ
ပျော်ပါစေ..

မယ့်ကိုး said...

စာကောင်းလေးတွေဟာ ဘယ်အခါဖတ်ဖတ်ရိုးမသွားပါဘူး။
ဒါနဲ့ စကားမပီတဲ့ တားတားလေးရဲ့ စာလေးတွေဖတ်ဖို့ လင့်ခထားမယ်နော်။

မေဇင် said...

Heart ထိတယ်...ဒီစာလေး ဘယ်လောက်ဖတ်ဖတ်... ဖတ်တိုင်း ၀မ်းနည်းရတယ်..။ ဘာကိုမှန်း မသိ

ဇော် said...

ဒီအကြောင်းကို လွန်ခဲ့တဲ့ ၄နှစ်လောက်ထဲက အင်္ဂလိပ်လို သိထားခဲ့ပေမယ့် ခုလို ပြန်တွေ့ရတော့လဲ စိတ်ထဲမှာ ပြန်ပြီး သတိပေးခံရသလိုပါပဲလားဗျာ။
စိတ်ကူးကောင်းပါတယ်။ =]